24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ခက်ခဲအောင် ထားခြင်းဖြင့် ...

ပြီးခဲ့တဲ့ သင်္ကြန်တွင်းတုန်းက မိတ်ဆွေတချို့ ကလော၊ အောင် ပန်းဘက်သို့ ခရီးထွက်ရင်း နာမည် ကျော်ပင်းတယဂူတို့၊ အင်းလေး ကန်တို့ဆီ ရောက်ခဲ့ကြောင်းသိရပါ တယ်။
ပင်းတယဂူဆိုတာ ကျောက် စက်မိုးမျှော်နဲ့ ကျောက်စက်ပန်းဆွဲနဲ့ အလွန်လှပခဲ့တဲ့ ဂူတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ခရီးသွား တွေဟာ ထူးဆန်းတာရော သဘာဝ အလှအပကို ခံစားချင် တာရောနဲ့ သွားကြလာကြလေ့လာ ကြ ကြည့်ရှုကြရင်း တန်ဖိုးထားကြတဲ့ ဂူတစ်ခုအဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်ပါတယ်။ ခုတော့ ဂူတစ်ခုလုံး နီးပါး နောက်တိုးချဲ့ထားတဲ့ အဆင် တန်ဆာဆာတွေနဲ့ ပြည့်နေတယ် လို့ ဆိုပါတယ်။
အင်းလေးကန်မှာလည်း ဟို တယ်တွေနဲ့၊ ဟိုတယ်မှာလည်း ရေပူကန်နဲ့ရေအေးကန် တွေ့ကြရ ပြန်သတဲ့။
ကျွန်တော်တို့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးရှုထောင့်က ကြည့်ရင်တော့ဒီလိုအနေအထား တွေကို သဘောမကျပါဘူး။ ဒီလို နည်းတွေနဲ့ ခရီးသွားတွေ ဧည့်သည် တွေကို မဆွဲဆောင်နိုင်ဘူးလို့ ယုံကြည်ပါတယ်။ တကယ်တော့  ခရီးသွားတွေဟာ သဘာဝကို သ ဘာဝအတိုင်း လတ်လတ်ဆတ် ဆတ် ခံစားချင်ကြလို့ ခရီးလှည့် ပတ်ကြတာ ဖြစ်ပါတယ်။
တစ်ခါကလည်း ချင်းပြည် နယ် ရိဒ်ရေကန်နဲ့ ပတ်သက်ပြီး သတင်းတစ်ပုဒ် သတိထားမိခဲ့ တယ်။ လာရောက်အပန်းဖြေတဲ့ သူ တွေအတွက် ရေကန်ထဲလှည့်ပတ်ဖို့ ဘုတ်တွေ စီစဉ်ပေးမယ်ဆိုတဲ့ သတင်းပါ။ ကျွန်တော့်အနေနဲ့ တော့ ဒါကို မကြိုဆိုချင်ပါဘူး။ ဒီ လို လုပ်ပေးတာဟာ ရေညစ်ညမ်း မှုကို ဖိတ်ခေါ်သလို ဖြစ်စေပါ တယ်။
သဘာဝပတ်ဝန်းကျင်ကိုချစ် လို့ လေ့လာချင်လို့ လာရောက် လည်ပတ်သူတွေကြောင့် ငွေရ သလို သူတို့ကြောင့်လည်း ပတ်ဝန်း ကျင်ပျက်စီးစေနိုင်တယ်ဆိုတာ သတိပြုကြရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ မှာရှိတဲ့ Koh Tachaiအမည်ရှိတဲ့ ကျွန်းတစ်ကျွန်းကို ခရီးသွားတွေ လာရောက်လည်ပတ်ခွင့် ပိတ် လိုက်ပါတယ်။ ပိတ်ရခြင်းအ ကြောင်းကလည်း ပတ်ဝန်းကျင် ပျက်စီးမှုတွေ ရင်ဆိုင်လာရလို့ပဲဖြစ် ပါတယ်။ Koh Tachai ကျွန်းဟာ ထိုင်းနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်မှာ တည်ရှိပြီး Similan အမျိုးသားဥယျာဉ်ထဲမှာ ပါဝင်တဲ့ ကျွန်း ဖြစ်ပါ တယ်။ ရေငုပ်သူများအတွက် ထင် ရှားတဲ့ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။
Koh Tachai  ကျွန်းရဲ့ ကမ်းခြေဟာ လူ ၇ဝ ခန့်သာ လက်ခံနိုင်တဲ့ အခြေအနေပေးပေ မယ့် တစ်ခါတစ်ရံမှာ ခရီးသွား ၁ဝဝဝ ခန့်ထိ ရှိနေတတ်တယ်လို့ ဆိုပါတယ်။
ကမ်းခြေတစ်လျှောက် စား သောက်ဆိုင်များ များပြားလာခြင်း၊ အခြားဝန်ဆောင်မှုများ၊ အမှိုက်စွန့် ပစ်မှုများစတဲ့ အခြေအနေများဟာ ကျွန်းရဲ့ ခံနိုင်ရည်ထက် အဆများစွာ ပိုနေခြင်းကြောင့် နဂိုအတိုင်း ပြန်မကောင်းနိုင်လောက်အောင် ပျက်စီးမှုများ ဖြစ်ပေါ်လာ နိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒီနေရာမှာ သတိထားဖို့တစ် ခုကတော့ ပတ်ဝန်းကျင်ထိန်းသိမ်း တဲ့နေရာမှာ ခက်ခဲအောင်ထားခြင်း ဟာလည်း လိုအပ်တဲ့သဘောထား တစ်ခုဖြစ်တယ်ဆိုတာပါပဲ။ လွယ် ကူအောင်စီမံပေးခြင်းဟာ ပတ်ဝန်း ကျင်ကို တဖြည်းဖြည်းပျက်အောင် ဖျက်နေတာနဲ့ အတူတူပါပဲ။
ပုပ္ပါးတောင်မကြီး ထိပ်နားထိ ကားလမ်းတွေ ဖောက်ထားခဲ့ပေ မယ့် နိုင်ငံခြားသားခရီးသွားတွေ အပါအဝင် လူအများစုဟာ တော လမ်းကတစ်ဆင့် တောင်မကြီးဆီ ပျော်ပျော်ပါးပါး သွားနေကြတယ်။ တောရဲ့အရိပ်၊ တောင်ရဲ့မာယာ၊ ငှက်ရဲ့တေးသံ၊ ပန်းရဲ့အလှတွေကို ခံစားရင်း ပျော်လိုက်မောလိုက် ကြောက်လိုက်၊ အံ့သြလိုက်နဲ့ သွားရတဲ့ခရီးကို ပိုပြီး တန်ဖိုးထားတတ် ကြပါတယ်။
လွယ်ကူအောင်လုပ်ပေးခြင်း ဟာ အခြားကဏ္ဍတွေမှာ လိုအပ် ပေမယ့် ပတ်ဝန်းကျင်ထိန်းသိမ်း ရေးအတွက် သဘာဝအခြေခံ ခရီး သွားလုပ်ငန်းအတွက်တော့ မလို အပ်လှပါဘူး။ သဘာဝကို သဘာ ဝအတိုင်း ထားဖို့ဖြစ်ပါတယ်။ သဘာဝအနေအထားများကို ကွန့် တာတွေ၊ ညွှန့်တာတွေ၊ တိုးတာ တွေ၊ ဖြုတ်တာတွေ မလုပ်သင့်ပါ  ဘူး။
တောလမ်းကလေးကို တော လမ်းလေးအတိုင်းပဲ ထားသင့်ပါ တယ်။ တောင်ပေါ်လမ်းကလေးကို တောင်ပေါ်လမ်းကလေးအတိုင်းပဲ ထားသင့်ပါတယ်။ ဒါတွေဟာ သ ဘာဝရဲ့ ခံစားမှုတန်ဖိုးများသာဖြစ် ပါတယ်။
သဘာဝရဲ့ အလှအပနဲ့ ထူး ဆန်းမှုများဟာ လူတွေနဲ့ ဝေးတဲ့ နေရာမှာ ရှိကြပါတယ်။ ဝေးနေလို့ ပဲ အဲဒီအလှအပနဲ့ ထူးဆန်းမှုတွေ ဟာ တည်မြဲနေခြင်းဖြစ်ပါတယ်။ နီးအောင်လုပ်လိုက်မယ်ဆိုရင် ပျက်စီးမှုများကို လက်ယပ်ခေါ်သ လိုဖြစ်သွားမှာ အသေအချာပါ။
ခက်အောင်ထားခြင်းဆိုတဲ့ နေရာမှာ စည်းကမ်းတွေ၊ ဥပဒေ တွေ နည်းဥပဒေတွေ ပြဋ္ဌာန်းပေး ခြင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ စီမံ ဆောင်ရွက်ခြင်း၊ လိုက်နာခြင်းတွေ လည်း ပါဝင်ပါတယ်။ ဒီလိုခက် အောင် လုပ်ထားတာကိုပဲ လောဘ ဇောတိုက်ပြီး မသိကျိုးကျွန်ပြုကာ စီမံဆောင်ရွက်ကြတဲ့အခါ သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်းတွေ ဖြစ် ကြရတာပါပဲ။ အဲဒီက တစ်ဆင့် ဘဝတွေ အသက်အိုးအိမ် စည်းစိမ် တွေ ပျက်စီးကြရတော့တာပါ။
    ဒါကြောင့် ကျွန်တော်တို့ ဟာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ် သက်လာရင် သဘာဝကို သဘာဝ အတိုင်းသာ ထားခြင်းဟာ အသင့် တော်ဆုံး။ ခက်ခဲအောင်ထားခြင်း ဟာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ အရောက်ဆုံး။ လွယ်ကူအောင် စီမံ ပေးခြင်းဟာ ပတ်ဝန်းကျင်ကို ပျက် စီးမှုအဖြစ်ဆုံးဆိုတဲ့ သဘောတရား ကို လက်ကိုင်ထားဖို့ လိုအပ်လာ ပြီဖြစ်တယ်လို့ အသိပေးလိုက်ပါ တယ်။ 

ဒေါက်တာ ဇော်မြင့်နီ
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.