29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ပညာရှာမှီးလိုသူများအတွက် အခမဲ့ အွန်လိုင်း စာသင်ကျောင်းများ - ၂

ပညာမှန်သမျှ အဖိုးတန်စွ ဆိုသလိုပဲ ပညာတွေကို အခမဲ့သင် ယူနိုင်၊ လေ့လာနိုင်၊ ဖတ်ရှု ကြည့်ရှု နိုင်မယ့် Online learning website  တွေထဲမှာ နာမည်ကြီးပြီး လူဝင် များတဲ့ website  အချို့ကိုလည်း မိတ်ဆက်တင်ပြပေးလိုပါတယ်။
    မိမိရဲ့လက်ရှိ ဗဟုသုတ၊ အတတ်ပညာတို့ကို နယ်ပယ်ချဲ့ထွင် ဖို့ နဲ့ အဝန်းအဝိုင်းအသစ်ရှာဖွေဖို့ အတွက် အွန်လိုင်းက Learning Websites တွေ၊ Learning Society တွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိ နေတာကို သိနားလည်ရပါမယ်။ ပြင်ပမှာလည်း ရှိတဲ့ကောလိပ်တွေ၊ တက္ကသိုလ်တွေလို ပညာရေးအဖွဲ့ အစည်း တွေကလည်း Online free course တွေကို ပေးသကဲ့သို့ Virtual college တွေလိုခေါ်ရမယ့် အွန်လိုင်းမှာသာ ဖွင့်လှစ်ထားတဲ့  Educational Institution တွေ လည်း အများအပြားရှိနေပါတယ်။ အဲဒီအဖွဲ့အစည်းတွေက Free online သင်ခန်းစာတွေ၊ Certificates လို လက်မှတ်တွေ၊ ဘွဲ့ဒီဂရီ တွေကိုပေးတဲ့အပြင် ဆရာ၊ ဆရာမတွေနဲ့ ပါမောက္ခဆရာကြီး၊ ဆရာမကြီးတွေအတွက်လည်း ပညာရေးသင်ထောက်ကူ ပစ္စည်း တွေကိုပါ တင်ပေးထားတတ်ပါ တယ်။
    အခု Howtogeek.com က တင်ပြထားတဲ့ အကောင်းဆုံး Free Online Courses, Certificates, Degree and Educational Resources စာရင်းအရ ဖော်ပြ ထားတဲ့ ဝက်ဘ်ဆိုက်တွေအ ကြောင်းကို အကျဉ်းဖော်ပြပေးလို ပါတယ်။

MITOpenCourseWare
    Massachusatts Institute of Technology ရဲ့ ဝက်ဘ်ဆိုက် တစ်စိတ်တစ်ဒေသ ဖြစ်ပါတယ်။ MIT OpenCourseWare မှာ အခမဲ့အနေနဲ့ Lecture Notes တွေရှိပြီး အဲဒီလက်ချာတွေကို လိုက်နားထောင်ပြီး ကိုယ့်အရည် အချင်း စစ်ဆေးချင်သူတွေအ တွက် အွန်လိုင်းစာမေးပွဲတွေ၊ MIT သင်ကြားနေတဲ့ စာသင်ခန်းထဲ က ဗီဒီယိုတွေကို လေ့လာသင် ယူနိုင်ပါတယ်။
    MIT OpenCourseWare (OCW)  ကို ၂ဝဝဝ ခုနှစ်မှာ စတင် လွှင့်တင်ပေးခဲ့တာဖြစ်ပြီး စတင် ခါစမှာ အခမဲ့ သင်ခန်းစာပေါင်း ၅ဝ နဲ့ စတင်ခဲ့ကာ ၂ဝဝ၇ ခုနှစ်မှာ MIT ရဲ့ ဘာသာရပ် အားလုံးလိုလို ကို အင်တာနက်ပေါ် တင်ပေးနိုင်ခဲ့ ပါတယ်။ လေ့လာ ဆည်းပူးနိုင်တဲ့ ပညာရပ်ပေါင်း ၃၃ ခုအတွက် သင်ရိုးပေါင်း ၁၈ဝဝ ကျော်ကို သင် ယူနိုင်မှာပါ။

OpenCourseWare (OCW) Consortium
    OpenCourseWare Consortium ကလည်း အခမဲ့ လွတ်လပ် စွာ သင်ယူနိုင်မယ့် ဝက်ဘ်ဆိုက် တစ်ခု ဖြစ်ပါတယ်။ သူ့ဆီမှာ ကောလိပ်၊ တက္ကသိုလ်အဆင့်ရှိတဲ့ ပညာရေးအထောက်အကူပစ္စည်း တွေကို လိုင်စင်ရှိပြီးသား Digital
Publication တွေအနေနဲ့ ရရှိနိုင် မှာဖြစ်ပြီး မည်သူမဆို အချိန်မရွေး သင်ယူလေ့လာနိုင်အောင် ဝက်ဘ် ဆိုက်ပေါ် တင်ပေးထားတာ ဖြစ်ပါ တယ်။ ဝက်ဘ်ဆိုက်က သင်ခန်း စာတွေထဲမှာ အချို့သင်ခန်းစာ တွေက Course Planning
Materials တွေအပြင် Evaluation Tools တွေကိုပါ ထည့်ပေးထား တတ်တာကိုလည်း တွေ့ရပါတယ်။

edX
    edX ကတော့ စာသင်သား တွေကြားမှာ တော်တော်များများ ရေပန်းစားတဲ့ အခမဲ့သင်ကြား ရေးဝက်ဘ်ဆိုက်တွေထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ edX ကို MIT  လို့ အတိုကောက်ခေါ်တဲ့ Massachusatts Institute of
Technology နဲ့  Harvard University တို့က အကျိုးအမြတ်မယူဘဲ ပူးပေါင်းဖွင့်လှစ်ပေးထားတာ ဖြစ် ပြီး MIT နဲ့ ဟားဗတ်က သင်ခန်း စာတွေကို အွန်လိုင်းကနေ ကမ္ဘာ တစ်ဝန်းက လူပေါင်းသန်းချီသင် ယူနိုင်ဖို့အတွက် တင်ပေးထားတာ ဖြစ်ပါတယ်။

Open Yale Courses
    Yale University က ဖွင့် ပေးထားတဲ့ The Open Yale Courses ဆိုတဲ့ ဝက်ဘ်ဆိုက်က လည်း ယေးလ်တက္ကသိုလ်မှာ ဆရာ၊ ဆရာမတွေ၊ ပါမောက္ခတွေ ပို့ချပေးနေတဲ့ သင်ခန်းစာတွေကို Beginner အဆင့်ကနေ သင်ယူ နိုင်ဖို့ အခမဲ့ လွတ်လပ်စွာ ဝင် ရောက်လေ့လာနိုင်အောင် တင် ပေးထားပါတယ်။ ယေးလ် တက္ကသိုလ်က စာသင်ခန်းတွေထဲ မှာ သင်ပေးနေတဲ့လက်ချာတွေ၊ သင်ခန်းစာတွေ၊ လေ့ကျင့်ခန်း တွေကို ဗီဒီယိုဖိုင်၊ အသံဖိုင်၊ စာဖိုင် တွေအနေနဲ့ ရယူလေ့လာနိုင်ပါ တယ်။ အွန်လိုင်းအတန်းတွေကို တက်ရောက်မယ်ဆို Register ပြုလုပ်ဖို့ မလိုအပ်တဲ့ဝက်ဘ်ဆိုက် ဖြစ်ပေမယ့် ဃသကမျန တက်ရောက်ခဲ့ ကြောင်း ထောက်ခံချက်၊ ဒီဂရီ လက်မှတ်၊ Certificate တွေတော့ မရနိုင်ပါဘူး။

The Open University
    The Open University ဆိုတာကတော့ Internet based တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ Virtual Learning Space တစ်ခု လည်း ဖြစ်ပါတယ်။ OU လို့ အတို ကောက်လည်း ခေါ်တဲ့ Open University  မှာလည်း အခမဲ့ သင် ယူနိုင်မယ့် ပညာရပ်တွေကို များစွာ ရရှိနိုင်ပါတယ်။ OU ကတစ်ဆင့် ပြင်ပမှာလို Undergraduate degree တွေကို တက်ရောက်နိုင်ပြီး ပြင်ပမှာလို သင်တန်းတက်ဖို့ လို အပ်ချက်တွေ မရှိတာကိုလည်း တွေ့ရပါတယ်။ OU ဟာ Supported Open Learning လို့ အမည် ပေးထားတဲ့ သူတို့ရဲ့ကိုယ်ပိုင် စတိုင် Distance Learning  ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးထား ပါတယ်။ အဝေးသင်ပညာရေးရဲ့ ထုံးစံအတိုင်း စာသင်သားအနေနဲ့ ပြင်ပမှာ အလုပ်တစ်ခုခုလုပ်ကိုင် နိုင်ပြီး မိမိရဲ့ဝီရိယစိုက်ထုတ်မှုနဲ့ ပညာရေးကို ဆောင်ရွက်ဖို့သာ လို အပ်တဲ့နေရာ ဖြစ်ပါတယ်။ ပညာ သင်ယူသူတွေကို ကျူတာတစ်ဦး က ကူညီပေးခြင်း၊ အွန်လိုင်းဖိုရမ် တွေကနေ သင်ပြပေးခြင်းတို့အပြင် ကိုယ့်ဒေသတွင်းက ကိုယ်လို အ လားတူ စာသင်သားတွေနဲ့လည်း အဝန်းအဝိုင်းတစ်ခုကို ဖန်တီးပေး ထားပါတယ်။

Advance Learning Interactive Systems Online (ALISON)
    ALISON သင်ခန်းစာတွေ ဟာလည်း လူငယ်လူရွယ်တွေ ကြားမှာ သိပ်ကိုလူသိများတဲ့ Free Learning သင်ခန်းစာများ ဖြစ်ပါ တယ်။ နာမည်နဲ့လိုက်အောင် အပြန်အလှန် သဘောဆောင်တဲ့ Multimedia Courseware တွေကို တွေ့နိုင်ပြီး Certificate လက်မှတ် တွေကိုလည်း ရရှိနိုင်ပါတယ်။ Certificate လက်မှတ်တွေကတော့ များသောအားဖြင့် ငွေပေးဝယ်ယူရ နိုင်ပါတယ်။ ALISON သင်ခန်းစာ ပေါင်း မြောက်မြားစွာကို မိနစ်ပိုင်း သင်ကြားမှုတွေကစပြီး နှစ်နဲ့ချီ သင်ကြားမှုတွေထိ တွေ့နိုင်ပါ တယ်။ အချို့သင်ခန်းစာတွေက နာရီဝက်၊ အချို့က လေးဆယ့်ငါး မိနစ်ကနေ တစ်နာရီ၊ ၁ဝ နာရီ၊ နာရီ ၂ဝ စသည်ဖြင့် ကြာချိန် မတူ ညီတတ်ဘဲ Certificate လက်မှတ်အတွက် ပေးချေရငွေလည်း မတူညီပါဘူး။

Ref: www.howtogeek.com

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.