23 - 2 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ချင်းတွင်းရေကြောင်း ကျပ်တည်းလာမှုကြောင့် ခရီးသွားလာသူနည်းပါး
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1002
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ပညာရှာမှီး လိုသူများအတွက် အခမဲ့အွန်လိုင်း စာသင်ကျောင်းများ - ၁

လက်ရှိမျက်မှောက်ခေတ်ကို နည်းပညာခေတ်လို့ သတ်မှတ်ကြသလို ပညာခေတ်လို့လည်း သတ်မှတ်ကြပါတယ်။ ပညာနဲ့ နည်းပညာဟာ ဒွန်တွဲပြီး လူသားတွေအတွက် အကျိုးကိုသယ်ပိုးလျက် ရှိတာကိုလည်း တွေ့နိုင်ပါတယ်။ နည်းပညာ တစ်ခုတည်းနဲ့ဆို အဆိုး အကောင်း ဘာမဆိုဖြစ်သွားနိုင်ပေ မယ့် ပညာနဲ့ တွဲဖက်လိုက်တဲ့ အခါ မှာတော့ လူ့အဖွဲ့အစည်း ကောင်း ကျိုးများဆီကိုသာ ဦးတည်ပါတော့ တယ်။ ဒါကြောင့် ပညာဟာ မျိုး ဆက်ဟောင်းတွေကော မျိုးဆက် သစ်တွေကော မဖြစ်မနေသင်ယူရ မယ့် အရာတွေဖြစ်လာပါတယ်။
    ပညာသင်လိုသူတွေအဖို့ အရင်းအနှီးပြုရမယ့် အရာတွေကလည်း အများသားပါ။ ဦးဆုံးအနေနဲ့ အချိန်အရင်းအနှီးလိုအပ်ပြီး ကြိုးစား အားထုတ်မှုနဲ့အတူ ငွေ ကြေးကလည်း အတူပါလာပါ တယ်။ ပညာသင်ကြားရာမှာ အ သက်အရွယ်မရွေး အဲဒီအချိန်၊ ငွေ ကြေး၊ ကြိုးစားအားထုတ်မှု၊ ဝီရိယ စတာတွေတော့ မဖြစ်မနေ လိုအပ် ပါတယ်။
     ဒီတော့ မိမိသင်ယူမယ့် ပညာရပ်ကို ပြန်လည်အသုံးချ မယ့်နေရာနဲ့ အရင်ချိန်ညှိရပါဦး မယ်။ ပြီးရင်တော့ အမှန်တကယ် အသုံးလိုတဲ့ သို့မဟုတ် မိမိအမှန် တကယ် စိတ်ပါဝင်စားတဲ့ ပညာ ရပ်ကို အထက်ပါ အရင်းအနှီးများ နဲ့ သင်ကြားရင် အကောင်းဆုံးဖြစ် ပါတယ်။
    တစ်ခါတစ်ရံမှာတော့ ကိုယ့် ဘက်က စိုက်ထုတ်စရာ အချိန်၊ ဝီရိယ၊ ကြိုးစားအားထုတ်မှုတွေ ရှိနေတတ်ပေမယ့် ငွေကြေးပိုင်း အားနည်းနေတတ်တာတွေလည်း ရှိတတ်ပါတယ်။ ဒီအပိုင်းအတွက် ကတော့ နည်းပညာခေတ်ရဲ့ အား သာချက်ကို အသုံးချနိုင်ပါတယ်။ အွန်လိုင်းသင်ကြားရေးဖြစ်ပါတယ်။ အဝေးသင် ပညာရေး (Distant Learning)
 လို့လည်း ဆိုနိုင်ပါ တယ်။ အွန်လိုင်းသင်ကြားရေး (Online Learning)
ဝက်ဘ်ဆိုက် တွေမှာလည်း အခမဲ့၊ တစ်ဝက် အခမဲ့နဲ့ အခပေး သင်ကြားရေးဆို ပြီး အမျိုးမျိုးရှိရာမှာ အခမဲ့တို့၊ တစ်ဝက်အခမဲ့တို့ကို သေချာစိစစ် ရွေးချယ်ပြီး သင်ယူနိုင်ပါတယ်။
    အခမဲ့အွန်လိုင်းသင်ကြားရေး သင်ခန်းစာတွေဟာ အခမဲ့ဆိုပေ မယ့် အလွန်တန်ဖိုးရှိပြီး အကျိုးများ စေမယ့် သင်ခန်းစာတွေ ဖြစ်ကာ နာမည်ကျော် ကမ္ဘာ့တက္ကသိုလ်တွေ မှာ အခကြေးငွေများစွာပေးပြီး တက်ရောက်သင်ယူနိုင်တဲ့ သင် ခန်းစာတွေကိုပါ အခမဲ့သင်ကြား ရေးတွေမှာ ရနိုင်ပါတယ်။
    တချို့သောအခမဲ့ သင်ခန်း စာတွေဟာ Degree, Certificates တွေမပေးဘဲ တချို့ကတော့ ပေးတတ်ပါတယ်။ ပေးတဲ့အများစုကတော့ ငွေပေးဝယ်ရတာများပါ တယ်။ အခမဲ့သင်ခန်းစာတွေကို ကိုယ်က လိုက်လုပ်ပြီးလို့ သင်ခန်း စာတွေကျေညက်သွားပြီ၊ သူတို့ ဘက်ကစစ်ဆေးတဲ့ Test တွေကို ဖြတ်ကျော်ပြီးပြီဆိုရင်တော့ Certificates  သို့မဟုတ် Degree လက်မှတ်ကို ငွေကြေးအနည်း အကျဉ်းနဲ့ ဝယ်ရတာ ဖြစ်ပါတယ်။ ငွေ ကြေးအနည်းအကျဉ်းလို့ ဆိုရတာ တကယ်လည်းများပြားတဲ့ ပမာဏ မဟုတ်တာကြောင့်ပါ။ USD 30 လောက်ကနေ USD 200, 300 ထိ ပေးရတတ်တာတော့ တွေ့ဖူးပါ တယ်။
    တစ်ခုရှိတာက မှန်ကန်မှု ပါပဲ။ မိမိရွေးချယ်တဲ့ online Learning Website ဟာ ယုံကြည် ရရဲ့လားဆိုတာကတော့ မိမိကိုယ် တိုင်ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ လူ ပေါင်းများစွာ ဝင်ရောက်သင်ကြား နေတယ်၊ အခြား ဝက်ဘ်ဆိုက်တွေ ကိုယ်တိုင်က အဲဒီ ဝက်ဘ်ဆိုက်ကို အကောင်းဆုံးသင်ကြားရေး ဝက်ဘ်ဆိုက်များစာရင်းမှာ သွင်း ထားတယ်၊ စတာတွေကတော့ ထည့်သွင်းစဉ်းစားရမယ့် အချက် တွေပါပဲ။
    မိမိယုံကြည်စိတ်ချရတဲ့ ဝက်ဘ်ဆိုက်ကို ရှာတွေ့ပြီဆိုရင် ထပ်ရှာရမှာက သင်ယူလိုတဲ့ သင် ခန်းစာ ဖြစ်ပါတယ်။ သင်ယူလိုတဲ့ သင်ခန်းစာဟာ ဥပမာအားဖြင့် Social Science ဘာသာရပ်ထဲက တစ်ခုဆိုရင် ဝက်ဘ်ဆိုက်ထဲက Search Engine  မှာ Social Science လို့ ရိုက်ထည့် ရှာဖွေနိုင်ပါ တယ်။ှသခငှေူခငနညခန အပြင် တခြားဘာသာရပ်တွေဖြစ်တဲ့ အ သုံးချသိပ္ပံဘာသာရပ်တွေ၊ သီအိုရီ တွေလည်း အများအပြားမို့ စိတ် ကြိုက်ကိုရှာဖွေ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
    Online Learning Website တွေမှာ သင်ခန်းစာတွေကိုတော့ ပုံစံအမျိုးမျိုးနဲ့ သင်ကြားပေးပါ တယ်။ ဗီဒီယို၊ အသံဖိုင်တွေနဲ့ အပြင် Online ကတစ်ဆင့် Video Conferencing တွေ၊ Online Chatting  တွေ၊ Email စတဲ့ ပုံစံ အမျိုးမျိုးနဲ့ သင်ကြားပေးတာဖြစ် ပါတယ်။ ဒါကြောင့် အခမဲ့ဆိုသော် ငြား မိမိဘက်က အင်တာနက် စရိတ်စကတော့ ကုန်ကျခံနိုင်ရပါ တယ်။ ဒါကလည်း အဖိုးတန်တဲ့ ပညာရပ်တွေနဲ့ ယှဉ်ရင် ဘာမှ ပြောပစရာမဟုတ်တာကြောင့် လူကြီးလူငယ်တွေဟာ  Free online Learning ဝက်ဘ်ဆိုက် တွေကို မွှေနှောက်သင်ယူသင့်တယ် ဆိုတာ သံသယဖြစ်ဖွယ်ကိစ္စ မ ဟုတ်ပါဘူး။
    အခမဲ့သင်ခန်းစာတွေ အပြင်၊ ပညာရေးဆိုင်ရာအရင်းအမြစ် တွေ ဖြစ်တဲ့ စာအုပ်စာတမ်းတွေ၊ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေကို တင်ပေးထားတဲ့ Educational  resources ဝက်ဘ်ဆိုက်တွေလည်း အများကြီးရှိတာကြောင့် မိမိသိလို သမျှကို Google လို Search Engine ကတစ်ဆင့် ရိုက်ထည့်ရှာဖွေ လိုက်မယ်ဆိုရင် မိမိလိုချင်တဲ့ သင် ကြားရေး resources တွေဟာ မဆိုင်းမတွရောက်လာနိုင်ပါတယ်။
    လူကြီးလူငယ်တွေအတွက် သင်ယူစရာကောင်းတဲ့ သင်ခန်း စာတွေကတော့ Social Science ဘာသာရပ်အောက်က သင်ခန်းစာ တွေဖြစ်တဲ့ Anthropology, archaeology, culture study, International Relations, Political Science, Public administration, Public Policy, Sociology, Criminology, demography, communication  စတာတွေ ဖြစ်ပြီး နည်း ပညာကို စိုက်လိုက်မတ်တတ် လေ့ လာ လိုက်စားလိုသူတွေအတွက် တော့  Computer Science, Information Technology, Computer and Software System စတဲ့ ဘာသာရပ်များနဲ့ Engineering ဘာသာရပ်များဖြစ်တဲ့ Aeronautical Engineering,Architecture, Chemical Engineering, Civil Engineering, Electrical Engineering, Mechanical Engineering, Biomedical Engineering စတဲ့ပညာရပ်များ၊ ဆေးပညာရပ် ဆိုင်ရာ ဘာသာရပ်များ စသဖြင့် စုံလင်များပြားစွာ လေ့လာသင်ယူ နိုင်မှာ ဖြစ်ပါတယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.