19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
printing မှသည် အွန်လိုင်းဆီသို့ ရွေ့လျောပြောင်းလဲမှု - ၂

ငွေပေးချေထားတဲ့ ပမာဏ ကိုလည်း အချိန်မရွေးသွားရောက် စစ်ဆေးနိုင်ပါတယ်။ ကိုယ်ပိုင် အ ကောင့်ထဲမှာ ဝင်ရောက်ကြည့်မယ် ဆိုရင် ငွေဖြည့်ရန်၊ ငွေဖြည့်ကတ် ထည့်ရန်၊ ဝယ်ပြီးစာအုပ်များရယူရန် စတဲ့အပိုင်းတွေနဲ့အတူ လက် ကျန်ငွေစစ်ရန် ဆိုတဲ့အပိုင်း လည်း ပါဝင်တာကြောင့် လွယ်ကူတယ်လို့ ဆိုရတာဖြစ်ပါတယ်။

ဖုန်း App အနေနဲ့ တွင်ကျယ် စွာ အသုံးပြုနိုင်ဖို့ အဓိကရည် ရွယ်ထုတ်လုပ်ခဲ့တဲ့အလျောက် ဝန်ဇင်းဟာ Android ဖုန်းပေါ်မှာ စာအုပ်တွေကို ဖတ်ရှုနိုင်အောင် စတင်ခဲ့ပြီး မကြာခင်မှာ iOS ကိရိ ယာများအတွက်ပါ ဖန်တီးပေးခဲ့ပါ တယ်။ iOS အတွက် တစ်ခုရှိ တာ ကတော့ ပြည်တွင်းက iTunes Accounts တွေနဲ့ စာအုပ်တွေကို ဝယ်ဖို့ အခက်အခဲရှိနေဆဲဖြစ်ပါ တယ်။ ဒါကြောင့် ဝန်ဇင်းက ဝန်ဇင်းငွေဖြည့်ကတ်တွေက တစ်ဆင့် ဖြည့်သွင်းပေးရတဲ့ ငွေဖြည့်ကုတ် တွေကို အသုံးပြုဖို့ တိုက်တွန်းထား ပါတယ်။ ငွေဖြည့် ကုတ်တွေကို ဖုန်း ဘေလ်နဲ့ကောဝယ်ယူနိုင်ပြီး ဝက်ဘ်ဆိုက်ပေါ်မှာလည်း ကိုယ်ပိုင်အကောင့်တစ်ခု ဖန်တီးကာ ငွေဖြည့်နိုင်မှာ ဖြစ်ပါ တယ်။ လုပ် ငန်းစဉ်အားလုံးကို Offline ပြုလုပ် လို့ မရသေးပါဘူး။ အင်တာနက် ဖွင့်ပြီးမှ လုပ်လို့ရမှာပါ။

ဝန်ဇင်းမှာ E-book တွေရဲ့ ဈေးနှုန်းတန်ဖိုးတွေဟာ ပြင်ပ စာအုပ်ဆိုင်တွေက ဈေးနှုန်းနဲ့ အတူတူပဲလားဆိုတဲ့မေးခွန်းကို ဖြေရမယ် ဆိုရင်တော့ ဈေးမများ ဘူးလို့ ဆိုရပါမယ်။ အခမဲ့စာအုပ် များစွာနဲ့အတူ ငွေပေးဝယ်ရတဲ့ စာအုပ်တွေကို ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ ကစပြီး ၈ဝဝ၊ ၁ဝဝဝ ထိ စာအုပ် တွေကို တွေ့ရပါတယ်။

E-book  စာအုပ် တော်တော် များများကို အင်တာနက်ရှိတာနဲ့ အခမဲ့ဒေါင်းလုတ်ဆွဲနိုင်တဲ့ခေတ်မှာ ဘာကြောင့်ငွေပေးဝယ်ရတယ် ဆို တဲ့ အနေအထားကတော့ ရှိကောင်းရှိမှာပါ။ တစ်ဖက်ကကြည့်ရင်တော့ ကျွန်မတို့လို စာဖတ်သူအများစုဟာ မူပိုင်ခွင့်ဆိုတာ ကို မေ့နေတတ်ပါတယ်။ User ဘက်က ကြည့်မယ်ဆိုရင်တော့ အခမဲ့ဒေါင်းလုတ်နဲ့ ငွေကြေးတစ်စုံတစ်ရာပမာဏ ပေး ဝယ်ရ တဲ့ဒေါင်းလုတ်ကြားမှာ လွန် ဆွဲချင်စရာပါပဲ။ ဒါပေမယ့် မူပိုင် ခွင့် ဆိုတဲ့ စကားလုံးတစ်ရပ် ကျယ် ပြန့်လာရင်တော့ အားလုံးဟာ ထုတ်ဝေသူ၊ စာရေးသူနဲ့ စာအုပ် ဆိုင်တွေရဲ့ အခွင့်အရေးကိုလည်း ပြန်လည် ကြည့်ရှုပေးလာမယ် ဆို တာလည်း သေချာပါတယ်။

မူပိုင်ခွင့်ကို ဥပဒေအတိအကျ နဲ့ ကာကွယ်ပေးထားခြင်းမရှိသေး တာကလည်း အခမဲ့နဲ့ ငွေပေးဝယ် ရတဲ့ ဒေါင်းလုတ် စာအုပ်တွေ ကြားက ဝိရောဓိဖြစ်နေခြင်းအကြောင်း တစ်ရပ် ဖြစ်နေပါတယ်။ ဒီနေရာမှာ ဆိုလိုချင်တာက ဝန်ဇင်းဆိုတာ အွန်လိုင်းစာအုပ်ဆိုင်ဖြစ် တဲ့အ လျောက် သူတို့ဆိုင်ပေါ်တင် တဲ့စာအုပ်မှန်သမျှကို ထုတ်ဝေသူ၊ စာရေးသူတို့နဲ့ အမြဲတွေ့ဆုံတိုင် ပင်ကာ ထိုက်သင့်သလောက် အ ကျိုးခံစားခွင့်တွေကိုပေးပြီး ဝယ် ယူတာဖြစ်တဲ့အတွက် စာဖတ်သူ တွေအနေနဲ့ ဝယ်ယူ ဖတ်ရှုခြင်း အားဖြင့် အာမခံချက်ခိုင်မာစွာ ရရှိတဲ့ စာအုပ်ဒေါင်းလုတ် ဖြစ်စေမယ့်အပြင် မိမိတို့လေးစားအားကျရတဲ့ စာရေးဆရာကြီးတွေအတွက် မူပိုင်ခွင့်ကို တတ်နိုင် သလောက် ကာကွယ်ပေးရာလည်း ရောက် တယ်လို့ ဆိုနိုင်ပါတယ်။

ဝန်ဇင်းပေါ်က စာအုပ်တွေ ကို ဝယ်ယူခြင်းအားဖြင့် စာဖတ် သူတွေဟာ စာရေးဆရာတွေရဲ့ ခေတ်အဆက်ဆက်က တစ်နည်း နည်းနဲ့ချိုးဖောက်ခံခဲ့ရတဲ့ မူပိုင်ခွင့် တွေကို ကာကွယ်ပေးရာရောက်တဲ့ အတွက် မိမိလေးစားတဲ့ စာရေး ဆရာ၊ စာရေးဆရာမတွေ အတွက် စာဖတ်သူတွေဘက်က သူတို့ရဲ့မူ ပိုင် ခွင့်တွေ အကာအကွယ်ပေးတဲ့ ခြေလှမ်းလို့ ဆိုနိုင်ပါတယ်။

ဝန်ဇင်းပေါ်က စာအုပ်တွေ ကို အမျိုးအစားနဲ့ခွဲထားသလိုပဲ စာရေးသူအမည်နဲ့လည်း ရှင်းလင်း အောင် ခွဲထားပေးပါတယ်။ ဦးကု လား၊ ကင်းဝန်မင်းကြီးစတဲ့ ဟိုရှေး ရှေးက စာရေးဆရာကြီးတွေအပါ အဝင် စာရေးသူအတော်လေး စုံလင်တာကို တွေ့ရပါတယ်။ စာ ရေးသူတွေကို အမည်အက္ခရာစဉ်နဲ့ တွဲဖက်ပေးထားတာကြောင့် ရှာဖွေ ရတာလည်း လွယ်ကူစေပါတယ်။

စာရေးဆရာအမည်နဲ့ သီး သန့်မရှာချင်ရင်တော့ စာအုပ် အမျိုးအစားနဲ့ရှာဖွေနိုင်ပါတယ်။ နိုင်ငံရေး၊ ပညာရပ်ဆိုင်ရာစာအုပ် တွေ၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှု၊ အလုပ်အကိုင်နဲ့ အောင်မြင်ရေးစာ အုပ်တွေ၊ ကဗျာ၊ အတွေးအမြင်၊ နည်းပညာ၊ ဝတ္ထုတို၊ ဘာသာပြန် စတာတွေအပြင် တိုင်းရင်းသား ဘာသာစကားတွေဖြစ်တဲ့ ရှမ်းစာ ပေ၊ မွန်စာပေနဲ့ ရခိုင်စာပေဆိုင်ရာ စာအုပ်တွေကိုလည်း ရှာဖွေဖတ်ရှု နိုင်မှာ ဖြစ်ပါတယ်။

ဝန်ဇင်းကို မကြားဖူးသေးသူ၊ ဝန်ဇင်းကို လုံးဝအသုံးမပြုဖူးသေး သူ စာဖတ်သူတွေအနေနဲ့ ဝန်ဇင်း application ကို ဒေါင်းလုတ်ဆွဲပြီး ဘယ်လိုစသုံးရမှန်း မသိသေးရင် လည်း ဝန်ဇင်းဝက်ဘ်ဆိုက်မှာ အသုံးပြုပုံကဏ္ဍတစ်ခု ပါဝင်လို့ သွားရောက် ကြည့်ရှုနိုင်ပါ တယ်။ ဒေါင်းလုတ်မဆွဲရသေးရင်လည်း တစ်ခါတည်း ဒေါင်းလုတ်ဆွဲနိုင်မယ့် လင့်ခ်ပါပေးထားပြီး အသုံးပြုပုံ၊ စာအုပ်စာရင်း၊ ငွေဖြည့် ကတ် ဝယ်ရန်၊ ဝန်ဇင်းအကြောင်းစတဲ့ Web Tab တွေမှာ ဝန်ဇင်းဆိုတာ ကို အပြည့်အစုံ တွေ့မြင်နိုင်ပါ တယ်။ ဒါတွေအပြင် ဝန်ဇင်းငွေ ဖြည့်ကတ်ရနိုင်တဲ့ ဆိုင်တွေစာရင်းကိုလည်း တင်ပေးထားတာကြောင့် ငွေဖြည့်ကတ် ဝယ်သုံးချင်တွေအ နေနဲ့ ဝန်ဇင်းငွေဖြည့် ကတ်ရောင်း တဲ့ အနီးဆုံးကဆိုင်တစ်ခုခုကို ပြေး ဝယ်လို့ ရမှာဖြစ်ပါတယ်။

ဖုန်းထဲက ဝန်ဇင်းမှာ မိမိ အကောင့်ဝင်ထားပြီ၊ ငွေဖြည့်ကုတ် တွေလည်း ထည့်သွင်းထားပြီဆိုရင် တော့ ဝန်ဇင်းကို စတင်အသုံးပြုနိုင် ပြီ ဖြစ်ကာ ဝယ်ယူလိုက်သမျှ စာ အုပ်တွေကိုလည်း My Collections ဆိုတဲ့ ကိုယ်ပိုင်အွန်လိုင်း စာ အုပ်စင်လေးမှာ အချိန်မရွေး သွား ရောက်ကြည့်ရှု၊ ဖတ်ရှုနိုင်မှာ ဖြစ် ပါတယ်။

မိမိဒေါင်းလုတ်ဆွဲထားတဲ့ စာမြည်းတွေကော၊ ဝယ်ယူထားတဲ့ စာအုပ်တွေကိုပါ တစ်ပေါင်းတည်း ပြပေးထားမှာဖြစ်ပြီး စာအုပ်၊ သတင်းစာ၊ မဂ္ဂဇင်းတို့အပြင် Audio book တွေကိုပါ ဝယ်ယူနိုင် မှာပါ။

ဒါ့အပြင် ဝန်ဇင်းက စုစည်း တင်ပြတဲ့ Wun Zinn Digest ဆိုတဲ့ကဏ္ဍကိုလည်း စာဖတ်သူတွေ နှစ်သက်ကြမှာပါ။ ဝန်ဇင်းရဲ့ Digest ကဏ္ဍမှာ အထင်ကရ ပုဂ္ဂိုလ်များရဲ့ စကားတွေကို ထုတ် နုတ်တင်ပြပေးထားတဲ့ Quotes  ကဏ္ဍအပြင် Stories ကဏ္ဍလည်း ပါဝင်ပြီး မိမိနှစ်သက်တဲ့ Quotes နဲ့ Story များအတွက် Favourite Quotes, Favourite Stories တွေဆိုတဲ့ ကဏ္ဍတွေလည်း ထည့် သွင်းပေးထားပါတယ်။

ဝန်ဇင်း Settings ကို အင်္ဂ လိပ်ဘာသာနဲ့ အသုံးပြုနိုင်သလို မြန်မာဘာသာနဲ့လည်း အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ Application ထဲမှာလည်း ဝန်ဇင်းအကြောင်းကို ဖတ်ရှုနိုင်မှာ ဖြစ်ကာ မိမိနှစ်သက် ရာစာအုပ်များကို Online ကနေ ရှာဖွေဝယ်ယူနိုင်ပြီ ဖြစ် ပါကြောင်း ရေးသားလိုက်ပါတယ်။

ကလျာအိအိလွင်
Ref: www.wunzinn.com

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.