23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
Printing မှသည် အွန်လိုင်းဆီသို့ ရွေ့လျောပြောင်းလဲမှု

ခေတ်အဆက်ဆက်က လူ သားတွေအဖို့ စာရေးစာဖတ်မယ် ဆိုရင် Hard Copy လို့ခေါ်တဲ့ စာ ရွက်တွေ၊ စက္ကူတွေနဲ့ ပုံနှိပ်ထုတ် ဝေထားတဲ့ စာအုပ်စာပေတွေကို သာ အားကိုးခဲ့ရတာဖြစ်ပါတယ်။
    ဒါပေမယ့် နည်းပညာ ပုံစံတွေ ပြောင်းလဲ တိုးတက်လာတာနဲ့အမျှ စာရေးစာဖတ်ခြင်းအမှုကိုလည်း နည်းပညာအကူအညီနဲ့ ပိုမိုလက် လှမ်းမီလာအောင်၊ ပိုမိုလွယ်ကူလာ အောင် ဖန်တီးပံ့ပိုးလာပါတယ်။ အဲဒီလို ဖန်တီးပံ့ပိုးမှုတွေမှာ စာအုပ်တွေကို Printing မီဒီယာ အဖြစ်သာမက အွန်လိုင်းမီဒီယာ အဖြစ်ပါ အသွင်ဆောင်လာစေတဲ့ E-book တွေဟာ အထင်ရှားဆုံး အသွင်ပြောင်းလဲမှု တစ်ခုဆိုရင် မမှားပါဘူး။
    E-book အဖြစ် စာအုပ်တွေ အသွင်ပြောင်းလဲလာမှုမှာ ယခင် က ရှိခဲ့အသုံးပြုခဲ့တဲ့ Offline စာအုပ်တွေကိုလည်း လုံးဝပစ်ပယ် လိုက်ခြင်းမဟုတ်ဘဲ ဖယောင်းတိုင် မီးတစ်တိုင်ကနေ နောက်ထပ်မီး တိုင်တစ်တိုင် မီးညှိလိုက်တဲ့ နည်း တူပဲ စာဖတ်လို့ ရတဲ့ပုံသဏ္ဌာန်၊ နည်းလမ်းတွေသာ ပိုမိုများပြားလာ တဲ့သဘော ဖြစ်ပါတယ်။ ရှေးထုံး လည်းမပယ်စေဘဲ ခေတ်အသုံးကို သာ ပိုမိုလွယ်ကူလာစေခြင်းသာ ဖြစ်ပါတယ်။
    စာအုပ်တွေနေရာမှာ  E-book တွေပါ ရောက်လာတဲ့အချိန်မှာ  E-book မဖြစ်ဖူးတဲ့စာအုပ်ဆိုတာ လည်း မရှိသလောက်ကို ဖြစ်လာ နေပါပြီ။ စာအုပ်တိုင်းဟာ ပြင်ပ စာအုပ်ဆိုင်တွေမှာ လက်နဲ့ကိုင် တွယ်ဖတ်ရှုဖို့ စာအုပ်တွေအဖြစ် ကော အင်တာနက်ကတစ်ဆင့် ကြားခံ ကိရိယာတစ်ခုခုကိုသုံးပြီး ဖတ်ရှုနိုင်မယ့် Online E-book တွေအဖြစ်ပါ စာဖတ်သူတွေဆီကို  ရောက်ရှိလာတဲ့ ခေတ်လည်းဖြစ် နေပါတယ်။ Hard Copy သာမ Soft Copy အသွင်သဏ္ဌာန် အမျိုးမျိုးနဲ့ စာဖတ်နိုင်ပြီလို့ ဆိုနိုင် တဲ့ ခေတ်ဖြစ်ပါတယ်။
    E-book တွေကို အင်တာ နက်ဖွင့်ပြီးဖတ်တယ်ဆိုရာမှာ အ ရင်ဆုံးဒေါင်းလုတ်ပြုလုပ်တာတို့  Web Browser တစ်ခုခုမှာ ဖွင့်တာ တို့ကိုတော့ ပြုလုပ်ရတတ်ပါတယ်။ E-book တွေကို အများဆုံးတင်ပေး လေ့ရှိတဲ့ ဆိုက်တွေလည်းပေါများ လာတဲ့ အလျောက် Website တွေ Social Media  တွေမှာ လည်း E-book ခေတ်ရေစီးကြောင်း က အရှိန်အဟုန်နဲ့ စီးဆင်းလို့လာ ပါတယ်။ှသခငေူ နြအတသမု တွေ အားလုံးမှာ န-ဘသသု တွေ ဝေမျှကြ တဲ့အလေ့ဟာ အွန်လိုင်းယဉ်ကျေး မှုတစ်ခုလို ဖြစ်လာပါတယ်။
    ဒါပေမယ့် တစ်ဖက်မှာလည်း E-book တွေကို ဝေမျှတဲ့ဓလေ့ဟာ အစွန်းနှစ်ဖက်ရှိနေတဲ့ နည်းပညာ တိုးတက်မှုတစ်ခု ဖြစ်နေပါတယ်။ (E-book ဖြစ်ပေါ်တိုးတက်ခြင်းနဲ့ အစွန်းများအကြောင်းကို သီးသန့် ရေးသားသွားပါမယ်။) ဘယ်လိုပဲ ဖြစ်ဖြစ် အကောင်းဘက်က ရှုမြင် မယ်ဆိုရင်တော့ E-book တွေ ရှိ လာခြင်းဟာ စာဖတ်ဖို့ နည်းလမ်း များပြားလာခြင်းအတွက် ကောင်း မွန်တဲ့ အထောက်အပံ့တစ်ခု ဖြစ်လာစေခြင်းနဲ့ အင်တာနက်ကို စွဲလမ်းကြတဲ့လူငယ်တွေအတွက် စာအုပ်စာပေတွေနဲ့ ပိုမိုထိတွေ့ လာနိုင်ခြင်းဆိုတဲ့ ကောင်းကျိုးတွေ ကိုတော့ ရရှိလာနိုင်စေပါတယ်။
    ဒီတစ်ပတ် ရေးသားလိုတဲ့ အကြောင်းအရာကတော့ အဲဒီ E-book တွေကို ဖြန့်ဝေပေးနေတဲ့ အွန် လိုင်းရင်းမြစ်တွေထဲကမှ ဝန်ဇင်းလို့ ခေါ်တဲ့ Wun Zinn Reader  လေး အကြောင်းပဲ ဖြစ်ပါတယ်။ ဝန်ဇင်း ကို website အသွင်အဖြစ်လည်း ကောင်း၊ Mobile App  အသွင်အ ဖြစ်လည်းကောင်း မြင်တွေ့နိုင်မှာ ဖြစ်ကာ အဆိုပါ ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်း Application တွေကတစ် ဆင့် E-book တွေကို ဝယ်ယူဖတ် ရှုနိုင်မှာ ဖြစ်ပါတယ်။
    ဝန်ဇင်း Application ကို Android ဖုန်းတွေအတွက် Google play store  နဲ့ iOS ဖုန်း တွေအတွက် App store  မှာ အ လွယ်တကူ ဒေါင်းလုတ်ပြုလုပ်ရ ယူနိုင်ပြီး Account သီးသန့် ဖွင့်တာပဲဖြစ်ဖြစ်၊ လက်ရှိသုံးနေတဲ့ Facebook လို Social Network တစ်ခုခုနဲ့ ချိတ်ဆက်ပြီးတော့ပဲ ဖြစ်ဖြစ် စတင်အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။
    ဝန်ဇင်းမှာ ဘာတွေပါဝင်သ လဲဆိုရင် စာရေးဆရာပေါင်း ၁ဝဝ ကျော်ရဲ့ သုတရသစာအုပ်ပေါင်း များစွာ၊ ဈေးကွက်အတွင်းမှာ အရောင်းရဆုံးနဲ့ လူကြိုက်အများ ဆုံး မဂ္ဂဇင်းတွေ ပါဝင်ပါတယ်။ သူ့ ရဲ့အားသာချက်ကတော့ အဆိုပါ E-book တွေကို ဒေါင်းလုတ်ဆွဲ ထားပြီးရင် သွားလေရာ ဘယ်ကို ရောက်ရောက် ထုတ်ဖတ်နိုင်တာ ဖြစ်ပြီး လေးလံတဲ့ စာအုပ်တွေကို သယ်နေစရာမလိုတော့တာပဲ ဖြစ် ပါတယ်။
    ဝန်ဇင်းမှာ ရနိုင်တဲ့ E-book စာအုပ်တွေဟာ ပြင်ပစာအုပ် ဆိုင်တွေမှာ သွားဝယ်နေရသလို စာအမြည်းလေးတွေကိုလည်း စာအုပ်တိုင်းမှာ ဖတ်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ပြင်ပ စာအုပ်တွေကတော့ စာအမြည်းကို ကြိုက်တဲ့နေရာ လှန်ဖတ်လိုက်လို့ ရပေမယ့် သူက ပေးထားတဲ့ စာမျက်နှာကိုပဲ ဖတ်ရှုနိုင်မှာက တော့ အားနည်းချက်လို့ ဆိုနိုင်ပါ တယ်။ ဥပမာ-များသောအားဖြင့် ဝန်ဇင်းမှာပေးထားတဲ့ စာမြည်း စာမျက်နှာတွေဟာ စစချင်း စာ မျက်နှာ ၁ဝ-၂ဝ မျက်နှာလောက် ဖြစ်တာကြောင့် စာအုပ်ဆိုင်တွေ မှာလို နောက်ဆုံးလေးလှန်ဖတ် လိုက်လို့တော့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ဘာပဲပြောပြော စာ မြည်းနဲ့ E-book တွေကို အလွယ် တကူဝယ်ယူနိုင်တာတော့ ကြိုဆိုရ မယ့် နည်းပညာခေတ်ရေစီး ကြောင်း တစ်ခုသာ ဖြစ်ပါတယ်။
    ဝန်ဇင်းမှာ E-book တွေကို ဘယ်လိုဝယ်ယူမလဲဆိုရင်တော့ လွယ်ကူပါတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ စာအုပ်ကို ထောက် ပြီး စာမြည်းကို အရင်ဒေါင်းလုတ် ဆွဲတာ ပဲဖြစ်ဖြစ်၊ စာမြည်းတောင် မဒေါင်းတော့ဘဲ ချက်ချင်းတန်း ဝယ်တာပဲဖြစ်ဖြစ် အလွယ်တကူပြု လုပ်နိုင်ပါတယ်။ ဒေါင်းလုတ်ဆွဲ ပြီးတာနဲ့ မိမိရဲ့ကိုယ်ပိုင် အွန်လိုင်း ဝန်ဇင်းစာအုပ်စင်လေးမှာ ဒေါင်း လုတ်ဆွဲထားတဲ့စာအုပ်တွေက အ လိုလိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။
    မြန်မာပြည်လို အွန်လိုင်း ငွေပေးချေမှု ခက်ခဲသေးတဲ့နေရာ အတွက် ဝန်ဇင်းကပြုလုပ်ပေးထား တဲ့ ငွေပေးချေမှုစနစ်တွေကလည်း သုံးစွဲသူတွေအတွက် အတတ်နိုင် ဆုံး အဆင်ပြေဆုံးဖြစ်အောင်တော့ ပြုလုပ်ပေးထားတာ သေချာပါ တယ်။ အလွယ်ကူဆုံးကတော့ ဖုန်း ဘေလ်နဲ့ ငွေပေးချေတာဖြစ်ပြီး ဗီဇာကတ်၊ မာစတာကတ်တွေနဲ့ လည်း ငွေချေနိုင်ပါတယ်။ ဒါ့အပြင် ဝန်ဇင်းရဲ့ စာအုပ်ဝယ်ယူဖို့ သီးသန့် ငွေဖြည့်ကတ်တွေကိုလည်း သတ် မှတ်ထားတဲ့ဆိုင်တွေမှာ ရရှိနိုင်ပါ တယ်။ ဝန်ဇင်းငွေဖြည့်ကတ်လို့ ခေါ်ပါတယ်။ သတ်မှတ်ထားတဲ့ ငွေပမာဏကတ်ကို ဝယ်ယူကာ ဝန်ဇင်း App ထဲက အကောင့်မှာ ဖြည့်ထားလိုက်တာနဲ့ E-book တွေ ကို လိုသလောက်ဝယ်ယူနိုင်ပါလိမ့် မယ်။ (ဆက်လက်ဖော်ပြပါမည်)

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.