17-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1024
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ကလေးငယ်များအတွက် ဆိုက်ဘာ လုံခြုံရေး နောက်ဆက်တွဲ မိုဘိုင်းဖုန်း လုံခြုံရေး - ၂

Geo-location ကို သတိထား သုံးပါ

Geo-location တွေကို သတိထား ဂရုပြုသုံးဖို့ဆိုတဲ့အချက် ဟာ မိုဘိုင်းဖုန်းအသုံးပြုသူအားလုံး အတွက် အလွန်အရေးကြီးတဲ့ အချက်ပါ။ လူငယ်တွေကြားမှာ ပြု လုပ်ခဲ့တဲ့ Pew Internet Research အရ ဆယ်ကျော်သက် ၄၆ ရာခိုင် နှုန်း (မိန်းကလေး ၅၉ ရာခိုင်နှုန်း) ဟာ Location-sharing ကို ပိတ် ထားတတ်တယ်လို့ တွေ့ရပါတယ်။ Navigation Systems လို App မျိုးနဲ့ ကလေးတွေ ရှိတဲ့နေရာကို သိရဖို့မိဘတွေအသုံးပြုတဲ့ Location Services ပြုလုပ်တဲ့ App တွေဟာ ကလေးတွေရဲ့လုံခြုံရေးကို အထောက် အကူဖြစ်စေနိုင်တယ်ဆို ပေမယ့် အားလုံးသော  Location Services  တိုင်းက User ရဲ့ Location ကို သိဖို့ မလိုအပ်ပါဘူး။ တချို့ App တွေဟာ သူတို့ရဲ့ Marketing ရည်ရွယ်ချက်တွေနဲ့ User's Location ကို ထောက်လှမ်း တာ ဖြစ်နိုင်ပါ တယ်။ ဒီအချက်တွေ ကို ကာကွယ်ဖို့ကတော့ ဖုန်း Setting ထဲက Geolocation ကို ပိတ်ထားလိုက်ဖို့ပါပဲ။ ဒါပေမယ့် တစ်ခါတလေ မှာတော့ တချို့ App တွေအတွက်ပဲ Geolocation ကို ပိတ်ထားပြီး တချို့ App တွေအ တွက် ဖွင့်ပေးထားတာကလည်း ပိုမို အဆင် ပြေစေပါတယ်။ ဒါ ကြောင့် မိမိကလေးအသုံးပြုတဲ့ App တစ်ခုခုဟာ ကလေးရဲ့ Location ကို တောင်းနေပြီဆို ရင်ဖြစ်ဖြစ်၊ ကလေးကော မိဘ ကောပါ Information တွေကို ပေးဖို့ စိတ်မသန့်တော့ရင်ဖြစ်ဖြစ် အဲဒီ App အတွက် Location ကို ပိတ်လိုက် တာ ပဲဖြစ်ဖြစ် App ကို လုံးဝ Delete လုပ်လိုက်တာပဲ ဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။

မိဘများအတွက် အထူးအကြံဥာဏ်များ

နည်းပညာပေါ်ထွန်းလာပြီး နည်းပညာနဲ့အတူ ယင်းနဲ့ဆက်စပ် တဲ့ အန္တရာယ်တွေကလည်း ပေါ် လာခဲ့ပြီဆိုတာ အားလုံးသတိပြုမိ မှာပါ။ နည်းပညာလောကမှာ အ လွဲသုံးစား ပြုလုပ်သူတွေလည်း ရှိ နေသလို အဲဒီ အလွဲသုံးစားမှုတွေ ကို ကာကွယ်ပေးဖို့  ကြိုး စားပေး နေသူတွေလည်း ရှိနေပါတယ်။ အ ရမ်းကိုအသုံးဝင်တဲ့ နည်းပညာဆို တာကြီး ထွန်းကားစီးမျောလာတဲ့ အလျောက် လူသား သန်းပေါင်း များစွာဟာ ရိုးရိုးသားသား အသုံး ပြုနေကြသလို အဲဒီနည်းပညာကို တလွဲအသုံးချနေတဲ့ လူတစ်စုက လည်း ရှိနေ တတ်တာကို သတိချပ်ထားရမှာ ဖြစ်ပါတယ်။ တလွဲအသုံးချလိုသူတွေကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ဖြစ်မြောက်အောင် လူမှုရေးဖြစ်ဖြစ် နည်းပညာကိုပဲ ဖြစ်ဖြစ် အသုံးချသွားမှာလည်း ဖြစ်ပါတယ်။ အဲဒီလို အသုံးချသူ တွေရဲ့ရန်ကနေ လူသားတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးနေတဲ့ လုံခြုံရေးဆရာကြီးတွေကလည်း လူသားတွေကို မသမာမှုတွေ ရန် ကနေ အမြဲ ကာကွယ်စောင့်ရှောက် နေသလိုပဲ မသမာသူတွေကလည်း အမြဲကြိုးစားနေမယ်ဆိုတာ ငြင်း ဖွယ်မရှိပါဘူး။ ကြောင်နဲ့ကြွက် ကစား ပွဲလို့ တင်စားနိုင်တဲ့ နည်း ပညာ လောကရဲ့ အဖြူရောင်ဟက် ကာများနဲ့ အနက်ရောင်ဟက်ကာ တွေရဲ့ပွဲတွေ၊ သာမန်လူသားတွေ အတွက် လုံခြုံရေးခြိမ်းခြောက်မှု တွေဆိုတာ နည်းပညာနဲ့အတူ အ မြဲတစေလိုက်ပါနေမယ့် အရာတွေ သာ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ မိမိ အပါ အဝင် ကလေးငယ်တွေကိုပါ ထိပါး လာနိုင်တဲ့ လုံခြုံရေးခြိမ်းခြောက် မှုတွေကို ကာကွယ်ဖို့ နည်းပညာ Tools တွေများစွာကို အသုံးပြုရမှာ ဖြစ်သလို မိမိရဲ့ ကိုယ်ပိုင်ဆင်ခြင် ဥာဏ်ကို အသုံးပြုပြီး စဉ်းစားကာ ကွယ်တာကလည်း အကောင်းဆုံး အကာအကွယ်တစ်ခု ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အရမ်းကို မက်မောစရာကောင်းတဲ့ ကြော်ငြာတွေ၊ App တွေ ကို တွေ့ပြီဆိုရင် အရင်ဆုံး စဉ်းစားဆင်ခြင်ရတော့မှာ ဖြစ်ပါတယ်။ ဘာကိုမှမသုံးခင် အ ရင်ဆုံး ခဏလောက်စဉ်းစား လိုက် ခြင်း အားဖြင့် Click တစ်ချက်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားတတ် ပါတယ်။

တစ်ဖက်ကကြည့်ရင်လည်း အဲဒီလိုကာကွယ်ရတာ အမြဲတမ်း လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ ဘူး။ အားလုံးကို သိနားလည်ပြီး ဆင်ခြင်ဥာဏ်နဲ့ ပြည့်စုံနေတဲ့ အ ရွယ်ရောက်လူကြီးတွေအတွက် တောင် မလွယ်ကူလှတဲ့ ကိစ္စဖြစ်တဲ့ အတွက် ကလေးတွေအတွက် က တော့ ပိုတောင်မလွယ်ကူလှပါဘူး။ ဒါပေမယ့်လည်း နည်းပညာခေတ် အခါမှာ မဖြစ်မနေရင်ဆိုင်ရမယ့် ပြဿနာ တစ်ခုလည်းဖြစ် တာ ကြောင့် နည်းပညာသုံးသူတိုင်း ရှောင်လွှဲနေလို့တော့ မဖြစ်နိုင်ပါ ဘူး။ မိသားစုဝင်ထဲက တစ် ယောက်ယောက်က အမှားတစ်ခုခု ကျူးလွန်လိုက်ပြီဆိုရင်လည်း သိပ်ဆူပူပြစ်တင်နေတာမျိုး၊ လွန်ကဲတဲ့ အရေးယူမှုမျိုး မပြုလုပ်သင့်ပါဘူး။ ဘာတွေက မှားယွင်းသွားစေ လဲဆိုတဲ့ အချက်တွေကို ခေါင်းအေးအေးနဲ့ ဖွေရှာပြီး အဖြေထုတ်သင့်ပါ တယ်။ ပြီးရင်တော့ နောင်ဒါမျိုးမ ဖြစ်ရအောင် ဘာတွေ ကာကွယ် ထားလို့ ရသလဲဆိုတာကိုပါ ဆက် တိုက်ရှာဖွေပေးရမှာ ဖြစ်ပါတယ်။ နည်းပညာခေတ်မှာ သားကောင် ဟာ မိမိကိုယ်တိုင် ဒါမှမဟုတ် မိမိ ရဲ့ ကလေးငယ်တွေ ဖြစ်သွားနိုင်ပါ တယ်။ အဲဒီလို သားကောင်ဖြစ် သွားတဲ့အခါလည်း ခံရသူကို ပြစ် တင်ဖို့ မကြိုးစားသင့်ပါဘူး။ နည်း ပညာသားကောင်တွေထဲမှာ ကုမ္ပဏီအကြီးစားကြီးတွေ၊ အစိုးရ အဖွဲ့အစည်းတွေနဲ့ နည်းပညာ ကျွမ်းကျင်ပြီးသားသူတွေပါ ပါဝင် နေတတ်ပါတယ်။ ဒါကြောင့် ကံမ ကောင်းလို့ နည်းပညာသားကောင် ဖြစ်သွားရတဲ့ အခါမှာလည်း သိပ်အပြစ်တင်နေဖို့ မလိုအပ်ဘဲ ကာကွယ်ရေးနည်းစနစ်သစ်တွေ ထပ်မံရှာဖွေဖို့သာ လိုပါတယ်။

ဒါကြောင့်မို့ အန္တရာယ်ရှိ တယ်ဆိုတာနဲ့ နည်းပညာဆိုတာကို အသုံးမပြုရတော့ဘူး၊ လုံးဝရှောင် ရှား ရတော့မယ်ဆိုတာကတော့ ကျိုးကြောင်းသင့်လျော်မှုမရှိပါဘူး။ မိမိကိုယ်တိုင်သာမက ကလေးငယ် တွေကိုပါ နည်းပညာကနေ ဝေးဝေး နေခိုင်းဖို့ကလည်း မဖြစ်နိုင်သေး ပါဘူး။ ဖြစ်လာနိုင်တဲ့ အန္တရာယ် တွေ၊ မလုံခြုံမှုတွေကို ဘယ်လို လျှော့ချနိုင်မလဲဆိုတာနဲ့ ကြုံလာခဲ့ ရင်လည်း အဲဒီ ဒဏ်ရာကို ဘယ်လို ကုစားမလဲဆိုတာကို နည်းလမ်းရှာ ဖွေရပါတယ်။ အမှားတွေကနေ အတွေ့အကြုံယူ၊ သင်ယူရတဲ့ နည်းတူ နည်းပညာ အမှားတွေက တစ်ဆင့်နည်းပညာ အကာအ ကွယ်တွေကို ပိုမိုခိုင်ခံ့အောင် ပြု လုပ်လာနိုင်မှာ ဖြစ်ပါတယ်။

ဘဝမှာ ကြုံတွေ့နေကျ တခြားအရာတွေလိုပဲ နည်းပညာနဲ့ ပတ်သက် ဆက်စပ်နေတဲ့ အန္တရာယ် တွေ၊ လုံခြုံရေးခြိမ်းခြောက်မှုတွေကို အမြစ်ပြတ်ချေမှုန်းနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူသား တွေ လုပ်နိုင်တဲ့ အကာအကွယ်က တော့ ဦးနှောက်နဲ့ ဆင်ခြင်ဥာဏ် ပါပဲ။ ဘယ်အရာကိုမဆို ဆင်ဆင် ခြင်ခြင်နဲ့ တွေးတောဆုံးဖြတ်ခြင်း၊ ဆင်ခြင်ကာကွယ်ခြင်းတွေဟာ ဖြစ် လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေ၊ အန္တရာယ်တွေကို  အများကြီး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ လုံခြုံ ရေးဆိုင်ရာ အန္တရာယ်တွေဟာ လူသားတွေ အတွက် ပြဿနာကြီး တစ်ခုပါပဲ၊ ဒါပေမယ့် ယနေ့ ခေတ် နည်းပညာရဲ့ အကျိုးအမြတ်က တော့ လူသားတွေရဲ့ ဘဝကို ပြောင်း လဲမြှင့်တင်လိုက်နိုင်တာပါပဲ။

ကလျာအိအိလွင်

Ref: A Parents' Guide to Cyber Security by Connect Safely, www.marshable.com.

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.