19 - 1 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရန်ကုန် မန္တလေး အမြန် လမ်းမကြီးတွင် ဆိုင်ကယ် မတော်တဆ ဖြစ်ပွားနေမှုများမှာ ခရိုင်ကျေးရွာ ချင်းဆက် လမ်းများ၊ ဆိုင်ကယ်လမ်းများ မဖောက် လုပ်နိုင်သေးခြင်းနှင့် စည်းကမ်းမဲ့ မော်တော် ဆို
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 997
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ကလေးငယ်များအတွက် ဆိုက်ဘာလုံခြုံရေး နောက်ဆက်တွဲ - ၂

မိဘတွေသိထားကြသလိုပဲ ကလေးငယ်များနဲ့ ဆယ်ကျော်သက် များဟာ စမတ်ဖုန်းနဲ့ တက်ဘလက် တွေမှာ အသုံးပြုနိုင်တဲ့ Game တွေ၊ Social App တွေကို နှစ်သက်ကြပါ တယ်။ သူတို့ဘာကြောင့် Social App တွေကို နှစ်သက်သလဲဆို တော့ ဓာတ်ပုံ တွေ share နိုင်၊ ကြည့်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ ခုဆိုရင် ယခင်က ကွန်ပျူတာနဲ့သာ လုပ်နိုင်တဲ့အရာတွေကို မိုဘိုင်းဖုန်း တွေမှာ အကုန်နီးပါးလုပ်နိုင်နေ ပြီလည်းဖြစ်တာကြောင့် မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းဟာ ကွန်ပျူတာ အသုံးပြုမှုနှုန်းထက်ကို အဆမတန် များပြားလာတာလည်း ဖြစ်ပါတယ်။
    ကွန်ပျူတာမှာ လုပ်နိုင်တဲ့ အ ရာအားလုံးနီးပါးကို မိုဘိုင်းဖုန်းပေါ် မှာ လုပ်နိုင်လာတာ အမျိုးမျိုးသော Apps တွေရဲ့ လုပ်ဆောင်ချက်တွေ ကြောင့်ဆိုလည်း မမှားပါဘူး။ အခု ဆိုရင် စမတ်ဖုန်းနဲ့ တက်ဘလက် တွေအတွက် ထောင်သောင်းချီနေ တဲ့ App တွေကို တွေ့နိုင် ရယူနိုင် နေတဲ့ ခေတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိ ကလေးတွေကို App တွေ ဒေါင်း လုတ်မဆွဲခင် အဲဒီ App အကြောင်းကို သေချာသိထားဖို့ လို ပါတယ်။ အဲဒီ App နဲ့ ဘယ်လို အရာတွေကို လုပ်နိုင်သလဲ၊ App က ကိုယ့်ရဲ့ဘယ်ဒေတာတွေကို ရယူမှာလဲ၊ အဲဒီဒေတာတွေကို ရယူပြီး သူက ဘာတွေလုပ်မှာလဲ စတာတွေကို မသိမဖြစ် သိထား ရမှာ ဖြစ်ပါတယ်။
    များသောအားဖြင့် App တွေ ဟာ ဒေါင်းလုတ်ဆွဲတော့မယ်ဆို User's Location တို့၊ ဖုန်းရဲ့ Identifier တို့အပြင် အသုံးပြုသူရဲ့ အသက်နဲ့ ကျား/မကိုပါ သိလိုပါ တယ်။ အဲဒီလိုမျိုးအချို့ဒေတာတွေ ဟာ App တစ်ခုအနေနဲ့ သိဖို့လို အပ်တတ်ပါတယ်။ဥပမာ- Navigating App တွေအနေနဲ့ဆို အသုံး ပြုသူရဲ့ တည်နေရာကို သိဖို့လိုသ လို Social Networking Apps တွေကတော့ အသုံးပြုသူရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို သိဖို့လိုအပ် ပါတယ်။ ဒါပေမယ့် အချို့သော Apps တွေကတော့ အဲဒီလို ဒေတာ တွေကို စီးပွားရေးအရ ဈေးကွက်ထဲ ကို ရောင်းစားတတ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူရဲ့ Profile ကို သူ့ အလိုလိုလည်း ဖန်တီးထားတတ်ပြီး လိုအပ်တဲ့အခါ အသုံးပြုတတ်ပါ တယ်။ ဒါကြောင့် App တွေကို ဒေါင်းလုတ်ဆွဲတဲ့အခါ App ရဲ့ လုပ်ဆောင်ချက်တွေနဲ့ သူရယူလို တဲ့ ဒေတာတွေက ကိုက်ညီမှုရှိရဲ့ လားဆိုတာကို မိဘတွေက ဝင်ပြီး သုံးသပ် ဆုံးဖြတ်ပေးသင့်တာ ဖြစ် ပါတယ်။

အရေးကြီးတဲ့ ဖုန်း password

    မိမိအနေနဲ့ကော၊ ကလေး ငယ်ကိုင်တဲ့ဖုန်းတွေကိုကော Password ကောင်းကောင်းခံထား ရပါမယ်။ ဖုန်းတိုင်းဖုန်းတိုင်းဟာ Lock ကျသွားတတ်တာကြောင့် ဖုန်းတွေကို အသုံးပြုပြီဆိုရင် Numeric Code  လို နံပါတ်နဲ့ Password ပေးထားခြင်း၊ Gesture နဲ့ ပြုလုပ်ထားခြင်း၊ Password ဒါမှမဟုတ် Fingerprint နဲ့ ဝင် ခြင်း ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ တကယ်လို့ မိမိဖုန်းကို အဲဒီ အ ထက်ပါ နည်းတွေထဲက တစ်ခုခုကို သုံးထားပါလျက်နဲ့ ဝင်လို့မရတော့ ဘူးဆိုရင်တော့ မသမာမှုတစ်ခုခု ဖြစ်နိုင်တယ်ဆိုတာကိုလည်း သတိ ပြုသင့်ပါတယ်။ ဖုန်းကို အထက် ပါနည်းတွေနဲ့ ပိတ်ထားခြင်းဟာ ဖုန်းပေါ်က မိမိရဲ့ဒေတာနဲ့ သတင်း အချက်အလက်တွေကို ကာကွယ် ထားခြင်းလည်း ဟုတ်ပါတယ်။ Password တစ်ခုခု ခံထားခြင်း အားဖြင့် မိမိဖုန်းကို သုံးချင်သူ ဝင် မသုံးနိုင်သလို မိမိအသုံးပြုထားတဲ့ ဝက်ဘ်ဆိုက်တွေ၊ Social Network တွေမှာ မိမိအစား လျှောက်တင် တတ်တဲ့ အန္တရာယ်ကလည်း ကာ ကွယ်ပြီးသား ဖြစ်ပါတယ်။

ဖုန်း Setting လည်း သေချာချိန်ပါ

    စမတ်ဖုန်းတွေမှာ Privacy နဲ့ Security Setting တွေဟာလည်း သေချာသိထားဖို့လိုအပ်ပါတယ်။ ဘယ် Apps ကိုတော့ မိမိဖုန်းထဲက contacts တွေကိုရယူဖို့ Access ပေးထားမယ်၊ မိမိရဲ့ Calendar ဒါမှမဟုတ် Location တွေကို ရယူခွင့်ပေးထားမယ် စတာတွေကို သေချာစိစစ်ပြီးမှ Access ပေးသင့် ပါတယ်။ Setting ကို သေချာကျ ကျနန  လိုက်ကြည့်ပြီး လိုအပ်ရင် ပြောင်းထားသင့်ပါတယ်။

In-app Purchases ဆိုတာတွေ ကို သတိပြုပါ
    မိုဘိုင်းဖုန်း App တွေမှာ အခ မဲ့ပေးတဲ့ ဗစစ နဲ့ ငွေပေးဝယ်ရတဲ့ App တွေရှိသလို အခမဲ့တစ်ဝက် ငွေ ပေးတစ်ဝက် ပါဝင်တတ်တဲ့ In-App Purchase ဆိုတဲ့ App တွေကို အထူးသတိပြုသင့်ပါတယ်။ အဲဒီ Appတွေဟာ အခမဲ့ဒေါင်း လုတ်ပေးထားပေမယ့် သူ့ရဲ့အတွင်းက အချို့ Content တွေကို တော့ ငွေပေးဝယ်ရတဲ့ App အမျိုး အစား ဖြစ်ပါတယ်။ တချို့ In-app Purchases တွေက အစမှာ အခမဲ့ပေးပြီး Upgrade ပြုလုပ်တဲ့ အခါ ငွေပေးရတာတို့၊ ဂိမ်းတွေ ဆိုရင်လည်း ဂိမ်းအဆင့်တွေတက် ဖို့၊ နောက်တစ်ဆင့်တက်ဖို့ ငွေပေး ရတာတွေ ရှိတတ်ပါတယ်။ ဒါတွေ အပြင် တချို့ App တွေဟာ အ သုံးပြုသူတွေကို ဝယ်ယူလာအောင် တရားမဝင် ဆွဲဆောင်တာတွေ ပါရှိတတ်တာပါတယ်။ In-app Purchases တွေဟာ Trick မရှိဘူး ဆိုရင်တောင်မှ အဲဒီလို App တွေ ကို မိမိကလေးအနေနဲ့ ဝယ်ယူဖို့ သင့်မသင့်၊ လိုအပ်သည် မလိုအပ် သည်ကို တွေးတောဆုံးဖြတ်နိုင် အောင် သင်ကြားပေးရမှာ ဖြစ်ပါ တယ်။ သူတို့ကို ငွေသုံးဖို့ ခွင့်ပြုထား တယ်ဆိုရင် အတိုင်းအတာပမာဏ တစ်ခု သတ်မှတ်ထားပြီး အသုံးပြု စေပါတယ်။ အကောင်းဆုံးကတော့ ကလေးတွေအနေနဲ့ ဘယ် App ကို မဆို ဒေါင်းလုတ်ပြုလုပ်တော့မယ် ဆိုတိုင်း မိဘတွေက ကြည့်ရှုစစ် ဆေးပေးသင့်တာပါပဲ။

တရားဝင် App တွေကို ရှာဖွေပါ

    မသမာသူတွေဟာ ဖုန်း အ သုံးပြုသူတွေရဲ့ ဒေတာ၊ သတင်း အချက်အလက်တွေကို ခိုးယူဖို့ အ တွက် သီးသန့် ဒီဇိုင်းဆင်ထားတဲ့ App တွေ ရှိနေတာတော့ စိတ် မကောင်းစရာ ဖြစ်ပါတယ်။ ဒါ့အ ပြင် တရားဝင်ဆိုတဲ့ App တွေကို လည်း သူတို့က Hack ပြီး လိုရာ အသုံးချတတ်တဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါသေးတယ်။ ဒါတွေကို ကာ ကွယ်ဖို့ဆိုရင် နာမည်ရပြီးသား App Store တွေ၊ Marketplaces တွေကပဲ Download ပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီလိုနေရာတွေက နေ ဒေါင်းလုတ် ပြုလုပ်မယ်ဆိုရင် တောင် Review တွေကို သေချာ ဖတ်သင့်သလို App ကို Rating ဘယ်လောက်ထိ ပေးထားကြလဲဆို တာကိုပါ ကြည့်ရပါမယ်။ ကလေး အများစုဟာ ဂိမ်းတွေ Apps တွေ အကြောင်းကို သူငယ်ချင်းတွေဆီ က ကြားတာဖြစ်ပါလိမ့်မယ်။ ဒါ ဟာလည်း သူတို့ရဲ့ Review တစ်ခု ပဲ ဖြစ်တာကြောင့် ဒါလည်း အသုံး ဝင်တယ်လို့ ဆိုနိုင်ပါတယ်။ လူအုံ လိုက် ကျင်းလိုက် ဒေါင်းလုတ်ဆွဲ ထားတဲ့ App  တို့၊ Reviewအများ ကြီးရထားတဲ့ App  တို့ဟာ စိတ်ချ ယုံကြည် လောက်ဖွယ် App  တွေ Gameတွေ လို့ဆိုနိုင်ပါတယ်။ App  ကို ဖုန်းထဲမှာ Install မပြုလုပ်ခင် မှာ App  ရဲ့ ဖော်ပြချက် (Description) တွေကို သေချာဖတ်သင့်ပါ တယ်။ ပြီးရင် သူ့ဖော်ပြချက်တွေနဲ့ သူကတောင်းတဲ့ ဒေတာ Access တွေဟာ ကိုက်ညီရဲ့ လားဆိုတာပါ ဆန်းစစ်ရမှာဖြစ်ပြီး App  ဟာ ဘာ Information မှ မဖော်ပြထားဘူး ဆိုရင်တော့ အထူးဂရုပြုရမှာ ဖြစ် ပါတယ်။ အကယ်၍ မိမိဒေါင်း လုတ်ဆွဲထားတဲ့ App  ဟာ မယုံ ကြည်ရဘူး၊ မသမာဘူးဆိုတဲ့ အ ကြောင်းတစ်ချက်ချက်တွေ့လာခဲ့ ရင်တော့ ချက်ချင်း Delete ပြုလုပ် လိုက်ပါလို့ အကြံပြုပါတယ်။

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.