6 - 4 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အင်းလေးကန်အတွင်း ရေပေါ်ဈေးသစ် တစ်ဈေး မေလတွင် စတင် အကောင်အထည်ဖော်ရန် စီစဉ်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1008
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
သိပံ္ပ၊ နည်းပညာနှင့် သဘာ၀၀န်းကျင်
ကလေးငယ်များအတွက် ဆိုက်ဘာလုံခြုံရေး နောက်ဆက်တွဲ

နည်းပညာခေတ်မှာ လူကြီး လူငယ် အားလုံးကို ဦးတည်တဲ့ ဆိုက်ဘာ ခြိမ်းခြောက်မှုတွေဟာ တဖြည်းဖြည်း များပြားလာသလိုပဲ ကလေးတွေကို ဦးတည်တဲ့ ဆိုက် ဘာခြိမ်းခြောက်မှုတွေလည်း ယခင် ကထက် ပိုမိုပေါများလာပါတယ်။

ခြိမ်းခြောက်မှုတွေ၊ အန္တရာယ် တွေဟာ များသောအားဖြင့် အင်တာနက်သုံးစွဲသူ အသက်အရွယ် အားလုံးကို ရည်ရွယ်မှန်းပစ် တဲ့မြား တွေ သာဖြစ်ပြီး တစ်ခါတစ်ရံမှာ တော့ ကလေးတွေနဲ့ ဆယ်ကျော် သက်အရွယ်တွေကို ပစ်မှတ်ထား တဲ့ ခြိမ်းခြောက်မှုတွေ လည်း ရှိနေ တတ်ပါတယ်။

ခြိမ်းခြောက်လိုသူတွေ ဟာ ရံဖန်ရံခါဆိုသလို ကလေးတွေ ပျော်မွေ့တတ်တဲ့ ဝက်ဘ်ဆိုက်တွေ (ဥပမာ - ပျော်စရာဝက်ဘ်ဆိုက် တွေ၊ YouTube, Instagram အ ပါအဝင် မီဒီယာ Sharing ဝက်ဘ် ဆိုက်တွေ) ကို ဦးတည်တတ်ပါ တယ်။ အရွယ်ရောက် လူကြီးတွေ အတွက် အင်တာနက်ပေါ်မှာ ဘယ်ဟာက အစစ်အမှန်၊ ဘယ် ဟာက တရားဝင်တယ်၊ ဘယ်ဟာ ကတော့ အလိမ်အညာတွေ ဆိုတာကို သိနားလည်ဖို့ ခဲယဉ်းလှတဲ့ အလျောက် အသိဥာဏ်မကြွယ်ဝ သေးတဲ့ ကလေးတွေအဖို့ကတော့ ဒီ ထက်ပိုခက်ခဲပါတယ်။ ဒါကြောင့် ကလေးတွေအဖို့ အင်တာနက်မှာ ဘေးကင်းနိုင်သမျှကင်းကင်းနဲ့ လှည့် လည်သွားနိုင်ဖို့အရေး သတိ ပြုဖွယ် အခြေခံ အချက်အချို့ကို ဖော်ပြလိုပါတယ်။

ဗီဒီယိုဆိုက်များ

ကလေးတွေဟာ ဗီဒီယိုကြိုက် တယ်ဆိုတဲ့ အခြေခံအချက်ကို နင်းပြီး YouTube လို ဆိုက်မျိုးတွေမှာ မသမာတဲ့ လင့်ခ်တွေ ရောက် လာတတ်ပါတယ်။ ကလေးတွေကို မေး ရမှာက ကြည့်ဖို့မသင့်တဲ့၊ တရား ဥပဒေနဲ့ မညီတဲ့ Content တွေရှိ ရာ ဝက်ဘ်ဆိုက်တွေ ဆီ ရောက် သွားစေတဲ့ လင့်ခ်တွေကို သူတို့ တွေ့ဖူးမြင်ဖူးသလားဆိုတာနဲ့ အဲဒါ တွေကို ကာကွယ်ဖို့ သူတို့ဘာတွေ လုပ်ထားလဲ ဆိုတာ ကို အရင်မေး ရမှာ ဖြစ်ပါတယ်။

ကလေးတွေအနေနဲ့ အလိမ် အညာတွေကို တွေ့ရမြင်ရပါ များ လာရင် ပိုမိုသိနားလည်လာနိုင်ပြီး ကာကွယ်နိုင်လာမှာဖြစ်သလို မမြင် သလို ဥပေက္ခာပြုပြီးတော့ပါ နေ နိုင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက အလိမ်အညာ လင့်ခ်တွေဟာ ရုပ်ဖျက်ကျွမ်းကျင် တတ်ပါတယ်။ ဆိုလိုတာကတော့ တခြား စိတ်ဝင်စားလောက်တဲ့ ချစ်စရာ ပျော်စရာ Content တွေနဲ့ ဆွဲဆောင်ထားတတ်ပါတယ်။ အ ဆိုပါ လင့်ခ်တွေနည်းတူ  မသမာမှု တွေလုပ်တတ်တဲ့ထဲမှာ Ads ဆိုတဲ့ ကြော်ငြာတွေလည်း အများအပြား ပါဝင်ပါတယ်။ အလိမ်အညာ ကြော်ငြာတွေ၊ ကြည့်ဖို့မသင့်တော်တဲ့ ကြော်ငြာတွေ စသည်ဖြင့် မလျော်ကန်တဲ့ကြော်ငြာတွေက လည်း များစွာ ရှိတတ်တဲ့အပြင် နောက်တစ်ခုသတိထားရမှာက Sensitive Information တွေကို Capture ယူထားတတ်တဲ့ Thirdparty ဆိုက်တွေလည်း ရှိတတ်ပါ သေးတယ်။

ဒါကြောင့်မို့ ငယ်ရွယ်သူတွေ၊ ကလေးငယ်တွေအနေနဲ့ အင်တာ နက်ပေါ်မှာ မိတ်ဆွေအသစ်ဖွဲ့တဲ့ လင့်ခ်တွေ၊ Dating ဆိုက်တွေနဲ့ စိတ်ဝင်စားစရာသတင်းတွေနဲ့ ဆွဲ ခေါ်သွားတတ်တဲ့ လူလိမ်လူညာ တွေ နောက်ကိုမလိုက်ပါမိဖို့ အထူး သတိထားရပါမယ်။ သူငယ်ချင်း တစ်ဦးဦးက ကိုယ့်ကိုဖိတ်တဲ့ အ သွင်ဆောင်တာတို့၊ ကိုယ့်အ ကြောင်း တစ်ယောက်ယောက်က ပြောနေသလိုလို "find out who's talking about you" တို့ "..who has crush on you" တို့ဟာ ဆယ်ကျော်သက်တွေ၊ ကလေးတွေ အတွက် ထောင်ချောက်တွေ ဖြစ် တတ်ပါတယ်။

မိသားစုကွန်ပျူတာများ

ကလေးတွေဟာ မိသားစုပိုင် ကွန်ပျူတာတွေကိုသာ အများဆုံး အသုံးပြုတတ်ပါတယ်။ ကလေး ငယ် အများစုမှာ Credit Cards တွေ မရှိတဲ့အတွက် သူတို့ဟာ ငွေ ကြေးအရ လိမ်လည်မခံရနိုင်တော့ ဘူးလို့ အထင်ရောက်စရာရှိပါ တယ်။ ဒါပေမယ့် ကလေးတွေဟာ မိဘတွေရဲ့ ကွန်ပျူတာ၊ တက်ဘ လက်၊ ဖုန်းတွေကို ဝင်သုံးတဲ့အခါ မှာတော့ သူတို့ရဲ့အွန်လိုင်း အသုံး ပြုမှုတွေဟာ မိဘတွေရဲ့ အွန် လိုင်းဈေးဝယ်မှု၊ ဘဏ်လုပ်ငန်း ဆောင်တာတွေနဲ့ အလုပ်ကိစ္စတွေ အပေါ်ကို ရိုက်ခတ်လာနိုင်ပါ တယ်။ နောက်ထပ်မိဘတွေ သတိ ပြုရမယ့် အချက်က မိမိတို့ ဝင် ရောက်အသုံးပြုထားတဲ့ Browser history တွေကို ကလေးတွေက ဝင်ရောက်ကြည့်ရှုတဲ့ အခါမှာ မိဘတွေဝင်ကြည့်ခဲ့တဲ့ ဆိုက်တွေကို ကလေးတွေလည်း ဝင်ကြည့်နိုင်၊ Post တွေတင်နိုင်မှာဖြစ်လို့ မိသားစု သုံး ကွန်ပျူတာတွေ မှာ အဲဒီလို ကိစ္စ မျိုးတွေကို သတိပြုသုံးစွဲသင့်ပါ တယ်။

လူမှုရေးကို အကြောင်းပြတတ်ခြင်း

အင်တာနက်မှာ ကလေးတွေ ဟက်ခံရခြင်းရဲ့အဓိက အကြောင်း ရင်းက လူမှုရေးရာကိစ္စတွေ ပါပဲ။ အင်တာနက်ပေါ်မှာ ဆိုက်ဘာ Bullying ပြုလုပ်နည်းတွေထဲက တစ်ခုက ကလေးတစ်ဦးက သူ့ Password ကို တစ်စုံတစ်ယောက် ကိုပေးလိုက်မိရာက အများ ဆုံး ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ Cyber Bullying ပြုလုပ်လိုသူတွေ က ကလေးငယ်ရဲ့ Password ကတစ်ဆင့် သူတို့သုံးတဲ့ Social Media အကောင့်ကို ချိုးဖောက် ဝင်ရောက်ပြီး မဟုတ်မဟတ် မက် ဆေ့ခ်ျတွေ၊ ရုပ်ပုံတွေ ဝင်တင်ပြီး အဆိုပါ အကောင့်က တစ်ဆင့် Spam တွေကို ပျံ့နှံ့စေခြင်း၊ မ ကောင်းတဲ့ ဆိုက်တွေကို ရောက် သွားစေမယ့် လင့်ခ်တွေကို တင်ခြင်း စတာတွေ ပြုလုပ်ပါ တယ်။ ဒါ ကြောင့် ကိုယ့် ကလေးတွေ Social Media  သုံးသုံး Email သုံးသုံး ဘယ် သူ့ကိုမှ Password ကို မပြောမိ စေဖို့၊ မပေးလိုက်မိဖို့ သေချာပြော ပြ သင်ကြားပေးထားရပါမယ်။ Password တွေကို သူငယ်ချင်း အရင်းကြီးတွေကိုတောင် မပြောဖို့ နဲ့ Social Media တွေ အသုံးပြုပြီး ရင်လည်း Log Out ပြုလုပ်ဖို့ သင်ပြပေးရပါမယ်။ ကလေးတွေ ဟာ များသောအားဖြင့် တစ်ကိုယ် ရည် ကွန်ပျူတာတွေ မပိုင်ဆိုင် သေးတာကြောင့် အများသုံး ကွန်ပျူတာတွေနဲ့ အင်တာနက်သုံးတာ များပါတယ်။ ဥပမာ အားဖြင့် ကျောင်းပိုင် ကွန်ပျူတာ၊ စာကြည့်တိုက်ကကွန်ပျူတာ၊ အင်တာနက်ဆိုင်က ကွန်ပျူတာ စတဲ့  အများ ပြည်သူသုံး ကွန်ပျူတာတွေကို သုံး ခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကွန်ပျူတာတွေကိုအသုံးပြုပြီး ပိတ် တော့မယ်ဆိုရင် ဝင်ထားသမျှ အ ကောင့်တွေ ကနေ Sign Out ပြု လုပ်ဖို့လိုတာ ဖြစ်ပါတယ်။ Browser တွေကို Private ဒါမှ မဟုတ် Incognito Mode နဲ့ မသုံး ဖြစ်ရင် Browser နဲ့ Cookies တွေဟာ မိမိရဲ့ Password တွေကို မှတ်သားထားတတ်တာကြောင့် Browser setting ကိုလည်း သေ ချာချိန်သုံးဖို့ သင်ကြားပေးသင့်ပါ တယ်။ အများပြည်သူသုံး ကွန်ပျူတာ တွေမှာ အင်တာနက် သုံးပြီး တိုင်း Browser ရဲ့ History နဲ့ Cookies တွေကို ပြန်ဖျက်ခဲ့ဖို့ မမေ့ပါနဲ့ဆို တာကိုလည်း ပြောပြထားပါ။

ကလေးရဲ့ကိုယ်ရေးအချက်အလက်

ကလေးရဲ့ Idendity (ကိုယ် ရေး အချက်အလက်တွေ)ဟာ လူလိမ်တွေ၊ မသမာတွေအတွက် ရာဇဝတ်မှုကျူးလွန် ဖို့ ဒေတာ ကောင်းတွေ ဖြစ် တတ်ပါတယ်။ ဒါ ကြောင့် မိဘတွေ ကိုယ်တိုင်က လည်းကောင်း၊ ကလေးတွေက လည်းကောင်း၊ ကလေးရဲ့ ကိုယ်ရေး အချက်အလက်တွေကို အလွန်အ ကျွံတင်ခြင်းအားဖြင့် အင်တာနက် မှာ ခြေရာခံရလွယ်ကူစေခြင်း မ ဖြစ်စေ ရအောင် တားဆီးကာကွယ် ထားသင့်ပါတယ်။ ရာဇဝတ်မှု ကျူး လွန်မယ့်သူတွေဟာ ကလေးတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ (ဥပ မာ - အမည်၊ အိမ်လိပ်စာ၊ ကျောင်း လိပ်စာ၊ ကျောင်းချိန် စသည် အ ချက်အလက်များ) ကို ရရှိသွားခဲ့ ရင် ကလေးငယ်ဟာ ရာဇဝတ်မှုမှာ သားကောင်ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Social Network တွေ မှာ မိမိကလေးငယ်အကြောင်းကို ဝေဝေ ဆာဆာ တင်ခြင်း၊ ကိုယ်ရေး အချက်အလက်တွေကို မဖုံးမ ကွယ်ဖော်ပြခြင်းတွေကို အတိုင်း အဆမရှိ ပြုလုပ်မိခြင်းကို ရှောင် ရှားသင့်ကာ ကလေးငယ်ကိုလည်း အဲဒီလိုအချက် အလက်တွေမပြု လုပ်မိစေဖို့ ကြိုတင် သင်ကြားပေး သင့်ပါတယ်။

ကလျာအိအိလွင်
Ref: A Parents' Guide to Cyber Security by Connect Safely, www.marshable.com .

ကလျာအိအိလွင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.