24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
မုဒုံမြို့၏ ကျက်သရေဆောင် ဆံတော်ရှင် ကန်ကြီးစေတီ

ရာဇ၀င်သမိုင်းစာအုပ်များတွင် မြန်မာနိုင်ငံ၏ အောက်ပိုင်းကို ရှေးအခါက မွန်တို့နေထိုင်ရာ ရာမညတိုင်းဟု ဖော်ပြခဲ့သဖြင့် ကျွန်တော် တို့ ငယ်စဉ်ကပင် မွန်တို့ဌာန ရာမညဟူသော ဝေါဟာရကို နားရည်ဝနေခဲ့ကြပါသည်။ ယခုခေတ်တွင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသများသည် ရှေးအခါက မွန်တို့ နေထိုင်ရာ ဒေသ များ ဖြစ်သောကြောင့် ရာမညတိုင်းဟု အမည်ရခဲ့ခြင်း ဖြစ်ပါသည်။

မွန်တိုင်းရင်းသားများ မှီတင်းနေထိုင်ရာ မွန်ပြည်နယ် ရာမညတိုင်း၏ အထူးခြားဆုံးအချက်မှာ ဗုဒ္ဓသာသနာတော် နှစ်ပေါင်း ရှည်ကြာစွာ ထွန်းလင်းတောက်ပနေခြင်း ဖြစ်ပြီး မြို့နယ်တိုင်းတွင် ရှိသော တန်ဖိုးကြီး ဘုရားစေတီများသည် မွန်တို့၏ ဘာသာရေး စိတ်ဓာတ်ကို ထင်ဟပ်နေသည်ဟု ဆိုနိုင်ပါသည်။ မွန်ပြည်နယ်အတွင်း ဘုရားဖူးခရီးထွက်လာသော ကျွန်တော်တို့သည် မုဒုံမြို့ သို့ ရောက်ရှိသောအခါ ဆုတောင်းပြည့် ကန်ကြီးစေတီတော်ကို ပထမအကြိမ် ဖူးရသဖြင့် ရွှင်လန်း ၀မ်းမြောက်မိပါသည်။ ဘွဲ့တော်ကို ပင် မကြားဖူးသော ကန်ကြီးစေတီတော်ကို မမျှော်လင့်ဘဲ ဖူးရသဖြင့် အလွန်အံ့သြမိကြောင်းလည်း ၀န်ခံပါသည်။

သမိုင်းဝင်ဆုတောင်းပြည့် ကန်ကြီးစေတီတော်သည် မုဒုံမြို့၏ ကျက်သရေဆောင် ဖြစ်ပြီး ဧရိယာ ၄ ဒသမ ၆၂ ဧက ကျယ်ဝန်းသော မဟာတံတိုင်း၏ အလယ်ဗဟိုတွင် ဥာဏ်တော်အမြင့် ၈၉ တောင်ဖြင့် ရွှေရောင်တဖိတ်ဖိတ် ၀င်းလက်တောက်ပစွာ အပူဇော်ခံနေပါ သည်။ ကျွန်တော်၏ ဘ၀တွင် ပထမအကြိမ် ဖူးရသော ဆံတော်ရှင် ကံတော်ကြီးစေတီတော်ကို အသေအချာ မော့ဖူးသောအခါ ထုထည်ကြီးမားမှုကို ဦးစားမပေးဘဲ သွယ်လျပြေပြစ်မှုကို ဦးစားပေး တည်ထားခြင်း ဖြစ်ကြောင်း ပေါ်လွင်စွာ တွေ့မြင်ရပါသည်။ 

အခြား ဘုရားစေတီများကဲ့သို့ သပိတ်မှောက်၊ ခေါင်းလောင်းနှင့် ပစ္စယာများ ထုထည်မကြီးမားဘဲ စေတီတော် တစ်ဆူလုံး သွယ်လျ ပြေပြစ်နေစေရန် ပုံစံထုတ် တည်ထားခြင်း ဖြစ်ပါသည်။ ပြာလဲ့သော မိုးကောင်းကင် တွင် ထိုးထွက်နေသော စေတီတော်၏ ပုံရိပ်သည် အခြား စေတီများနှင့်မတူဘဲ တမူ ထူးခြားနေသည်ဟု ယူဆမိပါသည်။

ဆံတော်ရှင် ကန်ကြီးစေတီတော်သည် ရှေးဟောင်းသမိုင်းဝင် စေတီတော်ကြီး ဖြစ်ကြောင်း အိန္ဒိယ အစိုးရ ရှေးဟောင်း သုတေသန ဌာနက ၁၉၀၈ ခုနှစ်တွင် ထုတ်ပြန်သော ပြန်တမ်းတွင် အခိုင်အမာ ဖော်ပြခဲ့သည်ဟု သိရပါသည်။ မြန်မာနိုင်ငံတွင် ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီပေါင်း ၁၉၃ ဆူ ရှိသည့်အနက် မုဒုံမြို့ ကန်ကြီးစေတီလည်း ပါဝင်ကြောင်း၊ မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်ကပင် ဂ၀ံအုတ်များဖြင့် တည်ထားခြင်း ဖြစ်ကြောင်း ဖော်ပြချက်မှာ အလွန်ခိုင်မာပြီး သမိုင်းတန်ဖိုး အလွန်ကြီးမားပါ သည်။ ဂေါတမ မြတ်စွာဘုရားသည် ၀ါတော် ရှစ်ဝါအရတွင် ရဟန္တာ ၅၀၀ နှင့်အတူ ရာမည ဒေသသတို့ ဒေသစာရီ ကြွတော်မူ လာစဉ်  တော်ပျော် ရသေ့များကို ဆံတော်တစ်ဆူစီ ပေးသနားခဲ့ပြီး မုဒုံမြို့ အရှေ့ဘက်ရှိ ကြီးမားကျယ်ပြန့်သော ရေကန်ကို အမှီပြုနေထိုင်သော ရသေ့ကြီးတစ်ပါးအားလည်း ဆံတော်တစ်ဆူပေးသနား တော်မူခဲ့ကြောင်း သမိုင်းမှတ်တမ်း ရှိခဲ့ပါသည်။ ဆံတော်ရရှိသောအခါ လူပရိသတ်၊ နတ်ပရိသတ်များ စုံညီစွာ စုဝေး၍ ကန်ကြီးအနောက် ဘက်ကမ်းခြေရှိတောကို ခုတ်ထွင် ရှင်းလင်းကာ မြေပြင်ကို မျက်နှာ ပြင်ကဲ့သို့ ညီညာစွာပြုပြင်ပြီး ဂဝံ ကျောက်အုတ်များဖြင့် စေတီတစ် ဆူတည်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစေ တီကို မွန်ဘာသာဖြင့် ကျိုက်သ ဘင်ဇော် (ကြီးစွာသောပွဲသဘင်) ဟု ဘွဲ့တံဆိပ်တော် ကပ်လှူပူဇော် သော်လည်း ရှေးဟောင်းမင်္ဂလာ ကန်ကြီးအနီးတွင် တည်ရှိသဖြင့် ဆုတောင်းပြည့် ကန်ကြီးစေတီ၊ ဆံ တော်ရှင်ကန်ကြီးစေတီဟုသာ ဘွဲ့ တော်ထင်ရှားလာခဲ့ပါသည်။

ရသေ့ကြီး ဦးဆောင်တည် ထားခဲ့သည့် ကန်ကြီးစေတီတော် ကို သာသနာသက္ကရာဇ် ၂၃၉ ခုနှစ် တွင် သီရိဓမ္မာသောက မင်းကြီးက ဥာဏ်တော်အမြင့်အတောင် ၄ဝ အထိလည်းကောင်း၊ ၁၁၉၈ ခုနှစ်တွင် ယခုလက်ရှိ ဥာဏ်တော် ၈၉ တောင်အထိ လည်းကောင်း မြှင့် တင့်ခဲ့ပြီး ရှစ်မြှောင့်ပန္နက်တော်နှင့် ပလ္လင်တော် အဝန်းကို ၄၁၈ တောင် အထိ တိုးချဲ့မွမ်းမံတည်ထားခ ကြောင်း သိရပါသည်။ ရံစေတီ များ မှာ မြေစိုက် ၃၃ ဆူ၊ ဖိနပ်တော် ပေါ်၌ ၅၁ ဆူ၊ ပထမ ပစ္စယာဒ် ၂၃ ဆူနှင့် အနီးဝန်းကျင်၌ မြေစိုက် ၁၇ ဆူရှိပါ သည်။ စေတီတော်ကြီး ၏ အဝင်ဝတွင် ဓာတ်တော်မွေ တော်များ ဌာပနာ၍ နောင်တော် ကြီးစေတီတည်ထားပါသည်။

 မြတ်စွာဘုရားကိုယ်တော် တိုင် ပေးသနားသည့် ဆံတော်တစ် ဆူဌာပနာထားသော ကန်ကြီးစေ တီတော်အနီးတွင် အလွန်ကြီးမား ကျယ်ဝန်းသည့် ရေကန်ကြီးတစ် ကန် သဘာဝအတိုင်းရှိနေခြင်းမှာ ထူးခြားချက်ဖြစ်ပြီး ထိုကန်ကြီး သည် နတ်ရေကန်ဖြစ်သည်ဟု အ စဉ်အဆက်ယုံကြည်ထားကြပါ သည်။ ဘုရားမတည်မီကပင် ရှိနေ သော ထိုရေကန်ကြီးတွင် နတ်နဂါး များ ပျော်မြူးလေ့ရှိသဖြင့် နတ်ရေ ကန်အတွင်း အမျိုးသမီးများ မ ဆင်းရဟု ယုံကြည်နေကြပါသည်။ ပကတိကြည်လင်ငြိမ်သက်နေသော ရေကန်ကြီးသည် အလွန်ကျက်သ ရေ မင်္ဂလာရှိပြီး တိရစ္ဆာန်အမများ ပင်ဆင်းသက်၍ မရပါ။ တိရစ္ဆာန် အမများ ဆင်းသက်ပါက လေကြီး မိုးကြီးကျ၍ ကန်ရေများ အရောင် ပြောင်းကာ ရေများနီလာပါသည်။ ယခုအခါ ထိုကန်ကြီးကို အဓိက ရှေးဟောင်း မင်္ဂလာရေကန်ကြီးအ ဖြစ် သတ်မှတ်ထားပြီး ရေပေါ်ရှုခင်း  သာအဖြစ် အမည်ပေးထားပါ သည်။ ဤကန်ကြီးသို့ ရောက်ရှိ လာသူများ ကံကြီးကံကောင်းကံထူး သူများ ဖြစ်ကြပါစေဟု ဆုတောင်း စာများလည်း ရေးထားပါသည်။

ထိုကန်ကြီးကို ကောင်းကင်မှကြည့်လျှင် အပြတ်အတောက်၊ အကွေ့အကောက်များသဖြင့် ဥဒေါင်းငှက်ပုံနှင့်တူသည်ဟု ရှေး လူကြီး များ ပြောဆိုခဲ့ကြောင်း မှတ်သားရပါသည်။ ရေပြင်ပေါ်တွင် အမှိုက်သရိုက်များ၊ ဒိုက်၊ သစ်ရွက် များ၊ ရေညှိနှင့် အညစ်အကြေး များ မျောပါမနေဘဲ အစဉ်ထာဝရ စိမ်းလန်းကြည်လင်နေခြင်းမှာ အလွန်ထူးခြားသဖြင့် မုဒုံမြို့၏ မင်္ဂလာ ရေကန်ကြီးဟုပင် ခေါ်နိုင် ပါသည်။ ကျွန်တော်ရောက်ခဲ့ဖူးသော ဘုရား စေတီများတွင် မင်္ဂလာကန်များရှိ သော်လည်း ကန်ကြီးစေတီမှ ရေ ကန်သည် အကျယ်ဆုံး၊ အကြည် ဆုံး၊ အသန့်ရှင်းဆုံးဖြစ်သည်ဟု ပြောနိုင်ပါသည်။

မုဒုံကန်ကြီးနှင့် ပတ်သက်သည့် အဖြစ်အပျက်အချို့မှာ ဂမ္ဘီရဆန်သည်ဟု ပြောနိုင်သည်။ ကန်ကြီးအတွင်း ရေဆင်းချိုး စဉ် ရေညှီနံ့ ရသဖြင့် တက်ပြေးရသူများ လည်း ရှိပါသည်။ ရှေးအခါက ကန်ကြီးအတွင်း ရေများညှီလာပြီး နောက် ဆိုက္ကားသမားတစ်ဦး ရေ ဆင်းချိုးစဉ် ရေနစ်သေဆုံးဖူးပါ သည်။ တစ်ခါက ကိုရင်လေးတစ် ပါး ရေဆင်းချိုးစဉ် ရေနစ်သဖြင့် ဝိုင်းဝန်းဆယ်ယူသော်လည်း အ လောင်းပြန်မရခဲ့ပါ။ နောက်သုံး လေးရက်အကြာတွင် ရှမ်းပြည်နယ် အင်းလေးကန်အတွင်း ထိုကိုရင် လေး၏ အလောင်း ကို တွေ့ရသည် ဟု သိရပါသည်။ အင်းလေးကန် နှင့် ထိုရေကန်ကြီး မြေအောက် တွင် ရေကြောင်းလမ်း အဆက်အ သွယ်ရှိ မရှိမသိ ရသော်လည်း ဖြစ် ရပ်မှာ ထူးဆန်းသဖြင့် ဂမ္ဘီရဆန် သည်ဟု ယူဆကြပါသည်။ သို့ သော်လည်း ကန်ကြီး၏ လက်ရှိ အခြေအနေမျာ ပကတိကြည်လင် သန့်ရှင်းငြိမ်သက်နေသဖြင့် ထိုဖြစ် ရပ်များနှင့် မပတ်သက်သလို ဖြစ် နေပါသည်။

အထက်အညာနှင့် ဧရာဝတီ တိုင်းမှ ဘုရားဖူးလာသူများသည် ထိုကန်ကြီးမှ ရေများခပ်ယူကာ ရေသန့်ပုလင်းများဖြင့် သယ်ယူ သွားပြီး ရေမန်းလုပ်၍ အသုံးပြု ကြောင်းလည်း ဒေသခံများက ပြောကြပါသည်။ ထူးခြားသော ရေ ကန်ကြီးဖြစ်သဖြင့် ရေများကို သယ်ယူကာ ရေမန်းအဖြစ်သုံး ခြင်းဖြစ်ပါသည်။ ကျွန်တော်နှင့်အ တူပါလာသော ဘုရားဖူးများသည် စောစောပိုင်းတွင် ကန်ကြီးကို တအံ့တသြကြည့်နေကြသော်လည်း ရေမန်းလုပ်၍ရကြောင်းသိသော အခါ ရေသန့်ဘူးများဖြင့် ထည့်ကာ ကန်ကြီးရေကို ယူဆောင် ကြပါ သည်။ ဆံတော်ရှင် ကန်ကြီးစေတီ တော်ကို ဖူးမြော်ကန်တော့ပြီး နောက် စေတီအနီးရှိ ကန်ကြီး ဘေးတွင် အပန်းဖြေရခြင်း သည် အလွန်အဆင်ပြေပါသည်။ ရှေး ဟောင်းသမိုင်းဝင် ဆံတော်ရှင် ကန်ကြီးစေတီတော်နှင့် မုဒုံကန် ကြီးအကြောင်း အသိနောက် ကျ ခြင်းအတွက် ဝမ်းနည်းသလို ခံစား မိပါသည်။

ကန်ကြီးစေတီတော်၏ ဘုရား ပွဲတော်ကို သင်္ကြန်ပွဲရက်များတွင် နှစ်စဉ်ကျင်းပလေ့ရှိပြီး ကုန်းပွဲ၊ ရေ ပွဲ၊ လက်ဝှေ့ပွဲ၊ ပျော်ပွဲရွှင်ပွဲများဖြင့် အလွန်စည်ကားကြောင်း၊ မွန်တိုင်း ရင်းသား လူငယ်မောင်မယ်များ ပျော်ရွှင်စွာ ဆင်နွှဲလျက်ကြောင်း လည်း သိရပါသည်။ မုဒုံမြို့တွင် အခြားဘုရားပွဲများရှိသော်လည်း ရက်ချင်းမတူသဖြင့် ကန်ကြီးစေတီ တော်ဘုရားပွဲ အလွန်စည်ကား ကြောင်း ဒေသခံများက ပြောပြပါ သည်။ ယခုအခါ ဘက်စုံပြုပြင်တည်ဆောက်မှုများပြုလုပ်ထားသဖြင့် စေတီတော်နှင့် ရင်ပြင် တော်တစ်ခုလုံး တစ်ဖိတ်ဖိတ် တောက် ပနေပြီး စိန်ဖူးတော်အသစ်၊ ငှက်မြတ်နားတော်အသစ်၊ ထီးတော်အသစ်များ တင်လှူပူဇော် ထားသဖြင့် အလွန်ကြည်ညို ဖွယ် ကောင်းနေ ပါသည်။ ထို့ပြင် လုံးတော်ပြည့် ရွှေသင်္ကန်းအသစ် ကပ်လှူထားပြီး ရှစ်မြောင့် ပစ္စယာ များကိုလည်း ပြုပြင်မွမ်းမံထား ရာ စုစုပေါင်း ကျပ်သိန်း ၂၈ဝ ကျော် ကုန်ကြောင်း မှတ်သားရပါသည်။

မုဒုံမြို့သည် မွန်ပြည်နယ်၏ ထင်ရှားသော မြို့တစ်မြို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး  အချက် အချာကျသဖြင့် ဘုရားဖူးများ အ လွယ်တကူသွားရောက်နိုင်ပါသည်။ မုဒုံမြို့သည် ရန်ကုန်မြို့မှ ၁၈၅ မိုင်ကွာဝေးပြီး မော်လမြိုင်မြို့မှ ၁၈ မိုင်သာ ကွာဝေးပါသည်။ မုဒုံမြို့မှ တစ်ဆင့် စက်စဲပင်လယ် ကမ်းခြေ နှင့် ကျိုက္ခမီရေလယ် ဘုရားများကို သွားရောက်ဖူးမြော်နိုင်ပါသည်။ ထို့ ပြင် မုဒုံမြို့သည် မော်လမြိုင်-သံဖြူ ဇရပ် ကားလမ်းမကြီးပေါ်တွင် တည်ရှိသဖြင့် အရှေ့ဘက် ကျိုက် မရော၊ ကြာအင်းဆိပ်မြို့၊ ချောင်း နှစ် ခွ၊ ဘုရားသုံးဆူ စသည့်မြို့ များကို အလွယ်တကူ သွားရောက် နိုင်ပါသည်။ ယခင်က မုဒုံမြို့သို့ သွားလိုလျှင် မုတ္တမမှ တစ်ဆင့် ဇက်သင်္ဘောဖြင့် မော်လမြိုင်သို့ ကူးပြီး မုဒုံမြို့သို့ မော်တော်ကားဖြင့် ဆက်သွားရသော်လည်း ယခုအခါ မြန်မာနိုင်ငံတွင် အရှည်ဆုံး တံ တား ဟု ခေါ်နိုင်သော ၁၁၅၇၅ ပေရှည်လျားသည့် မုတ္တမ -မော်လ မြိုင်တံတားဖြင့် မွန်ပြည်နယ်သို့ ဘုရားဖူးသွားရန် ပိုမို လွယ်ကူလျင် မြန်လာပါသည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးအ များသည် ပွင့်လင်းရာသီတွင် မိသားစုနှင့်အတူ ဘုရားဖူးထွက် လေ့ရှိရာ မွန်ပြည်နယ် မုဒုံမြို့သို့ တစ်ခါ တစ်ခေါက်သွား၍ ဆံတော်ရှင်ကန်ကြီးစေတီတော်ကို ဖူးသင့်သည်ဟု ယူဆပါသည်။ အမည် ပင် မကြားဖူးသော ကန်ကြီးစေတီ တော် ကို ဖူးပြီးနောက် စေတီအနီးရှိ ကန်ကြီးရေပြင်ကို ကြည့်ကာ အ ပန်းဖြေလျှင် ဘဝအမောသွားပြေ ကာ အားသစ်အင်သစ်များတိုးပွား လာနိုင်ပါသည်။ ကန်ကြီးစေတီ တော်ကို ဖူးပြီးနောက် ကန်ကြီးရေ ပြင်ကို သွားရောက်ကြည့်ရှုခြင်း သည် ထုံးစံတစ်ခုဖြစ်နေပြီး ထိုထုံး စံကို လိုက်နာသင့်သည်ဟုလည်း ကျွန်တော်ယုံကြည်ပါသည်။ ဘုရားဖူးများအားလုံး ကံကြီးကံကောင်း ကံထူးသူများဖြစ်ကြပါစေ ဟူသော ဆုတောင်းသံကို ကျွန်တော်၏ နားထဲ တွင် ကြားယောင်နေဆဲဖြစ်ပါသည်။

ဘသန်းတင်
 
Untitled Document
Francesco Sinibaldi said...
Wednesday 3 August 2016, 1:39 pm
Amistad.

Siento una
luz cantar
suavemente
como el sueño
infinito que
dulce regresa
el la triste
poesía.

Francesco Sinibaldi
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.