24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ် ဆံတော်ရှင် မြတ်မော်တင် စေတီတော်

မော်တင်စွန်းဆိုသည်မှာ ရခိုင်ကမ်းရိုးတန်း နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတို့ ပေါင်းဆုံသည့် နေရာတွင် ရှိသော အငူစွန်းလေးဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်စွန်းတွင် ထူးထူးခြားခြား တည်ရှိသဖြင့် လေဦး၊ မြေဦး၊ ရေဦး အထွတ် အမြတ် နေရာဖြစ်သည်ဟု ယုံကြည်ပါသည်။

မြေပုံထဲတွင် လှပစွာ မြင်နေရသော ထိုအငူစွန်းတွင် ဟိမ၀န္တာ တောင်တန်းကြီးမှ ဖြာထွက်လာသော တောင်စွယ် ရှိသည့်ပြင် မျက်စိ တစ်ဆုံး မြင်နေရသော ဘင်္ဂလား ပင်လယ်နှင့် ကျောက်ဆောင်များ၊ သဲသောင်ပြင်များကြောင့် သဘာဝ အလှများစွာ စုစည်းထားသလို ဖြစ်နေပါသည်။

ထိုအငူစွန်းသည် မြန်မာနိုင်ငံ၏ ရေအစ၊ မြေအစ နေရာ ဖြစ်သကဲ့သို့ ရေအဆုံး၊ မြေအဆုံး နေရာလည်း ဖြစ်ပါသည်။ လေးဆူ ဒီပါ သီတာရေမြေ ဆုံးပါစေတော့ ဟူသော စကားသည် ထိုအငူစွန်းကို ရည်ညွှန်းခြင်း ဖြစ်သော်လည်း အလွန် နက်ရှိုင်းသဖြင့် အဓိပ္ပာယ်အပြည့်အစုံကိုမသိနိုင်ကြပါ။ ဘာသာရေး ကျင့်ကြံလိုက်စားသူတို့သည် ထိုအငူစွန်းကို မော်တင်ဒီပါဟု အမြတ်တနိုး ခေါ် ကြပါသည်။

ထိုအငူစွန်းကို မော်တင်စွန်းဟု အားလုံးက ခေါ်နေသော်လည်း ထူးမြတ်သော အမည်များလည်း ရှိပါသည်။ သရဏတောင် (ကိုး ကွယ် မှီခိုရာတောင်၊ နာဂသေလာတောင် (နဂါးများ မှီခိုရာတောင်)၊ တန့်ကြည့်တောင် (မြတ်စွာဘုရား ကြွလာစဉ် ရပ်တန့်ကြည့် ရှုသော တောင်)၊ ဆွမ်းမဦးတောင် (ဘုရားဖူးများ အစောဆုံး အဦးဆုံး ဆွမ်းကပ်၍ မရသောတောင်) ဟူသော အမည်များသည် ထင်ရှားပါသည်။

ပင်လယ်ပြင်ကြီးကို မြင်နေရသော ပင်လယ်ကမ်းစပ်သောင်ပြင်တွင် လမ်းလျှောက်အပန်းဖြေရင်း မော်တင်တောင်ပေါ်မှ ဆံတော် ရှင်မြတ်မော်တင် စေတီတော်ကို မော့ဖူးရခြင်းသည် အလွန်ကြည်နူးဖွယ် ကောင်းလှပါသည်။ ကျွန်တော်သည် မြတ်မော်တင် စေ တီတော်သို့ ၂၀၀၅ ခုနှစ် မတ်လက ပထမအကြိမ် ရောက်ဖူးပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်ပါ သည်။ ၁၁ နှစ် ကာလအတွင်း မော်တင်စွန်းပင်လယ်ကမ်းခြေ အပြောင်းအလဲ မရှိခြင်းမှာ ကျေနပ်ဖွယ် ဖြစ်ပါသည်။ မော်တင် ကမ်းခြေ သောင်ခုံမှ သဲများသည် ငွေသဲ နုနု ပုလဲဥလေးများဟု တင့်စားလောက်အောင် နူးညံ့အိထွေးနေဆဲဖြစ်ကြောင်း တွေ့ရပါ သည်။ သောင်စပ်တွင် ရပ်၍ ပင်လယ်လှိုင်းလုံးများ ရိုတ်ခတ်ပုံကို ငေးမောကြည့်ရှုရသော အရသာသည် အလွန် လွမ်းမော ဖွယ် ကောင်း သဖြင့် တစ်သက်လုံး မမေ့နိုင်အောင် ဖြစ်မိပါသည်။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် သဗ္ဗညူတ ဥာဏ်တော် ရရှိပြီးနောက် လင်းလွန်းပင်ရင်းတွင် စံနေတော် မူသော မြတ်စွာ ဘုရားထံမှ ဆံတော် ရှစ်ဆူ ရရှိခဲ့သည့် တဖုဿ နှင့် ဘလိက ကုန်သည် ညီနောင်တို့သည် အပြန် ခရီးတွင် မော်တင် စွန်း အငူ၌ ခေတ္တရပ်နားခဲ့ကြောင်း ရွှေတိဂုံ စေတီတော် သမိုင်းတွင် အခိုင်အမာ ဖတ်ရှုရပါသည်။ ကုန်သည်ညီနောင်တို့သည် ဆံတော်ရှစ်ဆူကို ပတ္တမြား ရွှေကြုတ်ဖြင့် ပင့်ဆောင်လာသော်လည်း အဇ္ဈတ္တတိုင်းကို ဖြတ်သန်းစဉ် ဆံတော်မြတ်နှစ်ဆူကို အကောက်ခွန်အဖြစ်ပင့်ဆောင်ယူထားခြင်းခံရပြီး မော်တင်စွန်းတွင် ခရီးတစ် ထောက်နားစဉ် ဇေယျသေန နဂါးမင်းက ဆံတော်နှစ်ဆူ ကို လျှို့ဝှက် ပင့်ဆောင်ထားခြင်းခံရပါသည်။

 မြတ်စွာဘုရားချီးမြှင့်သော ဆံတော်ရှစ်ဆူအနက် အကောက် ခွန်အဖြစ် ယူငင်ခြင်းခံရသော ဆံ တော်နှစ်ဆူအကြောင်း အကျယ်တ ဝင့်မသိရသော်လည်း ဇေယျသေန နဂါးမင်း  ပင့်ဆောင်ခဲ့သော ဆံ တော်နှစ်ဆူကို မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေ့တွင် ဇေယျသေနနဂါးမင်းကိုယ်တိုင် မော်တင်တောင်ပေါ်၌ စိုင်တစ် မော့ အရွယ် စေတီငယ်တစ်ဆူ တည်ထားခဲ့သည်ဟု မှတ်သားရပါ သည်။ နဂါးမင်းဘုရားတည်သော အခါ နတ်မင်း၊ ဆင်ဖြူတော်နှင့် နတ်ဝိဇ္ဇာဓိုရ်တို့က ညှိနှိုင်းတိုင်ပင် ခြင်းမရှိဘဲ စုဝေးလာရောက်ကာ ပါဝင်ကူညီခဲ့သည်ဟု သမိုင်းမှတ် တမ်းရေးထားပါသည်။

တဖုဿနှင့် ဘလိက ကုန် သည်ညီနောင်သည် မြတ်စွာဘုရား သဗ္ဗညုတ ဥာဏ်တော်ရရှိ ပြီးနောက် ရက် ၅ဝ အကြာတွင် ပထမဆုံး ဖူးရသော လူသားနှစ်ဦး ဖြစ်ပြီး ထိုလူနှစ်ဦးသည် ဥက္ကလာ ပတိုင်း ပေါက္ခရဝတီမြို့သားများ ဖြစ်နေခြင်း မှာ မြန်မာနိုင်ငံ အတွက် အလွန်ဂုဏ်ယူဖွယ်ကောင်းသော အချက်ဖြစ်ပါသည်။ သို့သော် လည်း မော်တင်စွန်းတွင် ဆံတော် နှစ်ဆူ ဌာပနာ၍ ဘုရား တည်သူ မှာ ကုန်သည်ညီနောင် မဟုတ်ပါ။ ကုန်သည်ညီနောင် လုံးဝမပါဝင်ခဲ့ ပါ။ နာဂသေနနဂါးမင်း ဦးဆောင် ၍ နတ်နဂါးများ၊ ဆင်ဖြူတော်များ တည်ထားခဲ့ခြင်းဖြစ်ပါသည်။ စိုင် တမော့အရွယ်ဆိုသည်မှာ လူတစ် ရပ်ခန့်မြင့်ကြောင်း သိရပါသည်။

ကုန်သည်ညီနောင်ဆက် လက်ပင့်ဆောင်လာသော ဆံတော် များကို ဥက္ကလာပမင်းကြီး ဦး ဆောင်၍ ဒဂုံမြို့တွင် ရွှေတိဂုံ စေ တီတော်ကို တည်ကြောင်း၊ မဟာ သက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလ ပြည့်နေ ဗုဒ္ဓဟူးနေ့ဖြစ်ကြောင်း ရွှေ တိဂုံစေတီတော် သမိုင်းတွင် အခိုင် အမာဖတ်ရှုမှတ်သားရပါသည်။ ထို့ကြောင့် ဇေယျသေနနဂါးမင်း တည်သော မော်တင်ဆံတော်ရှင် စေတီတော် သည် ဥက္ကလာပမင်းကြီးတည်သော ရွှေတိဂုံစေတီတော်ထက် ရှစ်လတိတိ စောကြောင်းသိ ရပါသည်။ မော်တင် ဆံတော် ရှင် စေတီ တည်သော မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ဝါဆိုလပြည့်နေသည် မြတ်စွာဘုရား မိဂဒါဝုန် အင်ကြင်း တော၌ ပဉ္စဝဂ္ဂီ ငါးဦးကို ဓမ္မစကြာ တရားဦးဟောသောနေ့နှင့်လည်း တိုက်ဆိုင်နေပါသည်။ ထို့ကြောင့် မော်တင်စွန်း ဆံတော်ရှင်စေတီ တော် သည် မြန်မာနိုင်ငံတွင် ဗုဒ္ဓ သာသနာရောက်ရှိသည့် အထိမ်းအမှတ်အဖြစ် ပထမဆုံးတည်သည့် စေတီတော်ဖြစ်ပြီး ကမ္ဘာမြေပြင် ပေါ်တွင် ပထမဆုံးတည်ထားသည့် စေတီတော်လည်း ဖြစ်ပါသည်။ မြတ်စွာဘုရားပွင့်တော်မူသည့် မဇ္ဈိ မဒေသတွင် ပင် စေတီမတည်နိုင် သေးမီ မော်တင်စွန်းတွင် တည် ထားခြင်းဖြစ်သဖြင့် သာသနာတော် အစ မော်အစွန်းကဟုပင် ဆိုသင့် ပါသည်။ ဆိုနိုင်ပါသည်။ ဤမျှထူး ခြားသော၊ ဤမျှတန်ခိုးကြီးသော မော်တင်စွန်းဆံတော်ရှင်စေတီတော် ကို နှစ်ကြိမ်တိုင်ဖူးရ သဖြင့် ကျွန် တော်ကျေနပ်ဝမ်းမြောက်မိပါ သည်။

ပုသိမ်မြို့မှ ၈၉ မိုင်ကွာဝေး သော ရန်ကုန်မြို့မှ ၂၅၈ မိုင်ကွာ ဝေးသော မော်တင်စွန်းတောင် ထွတ်တွင်တည်ထားသည့် ဆံတော် ရှင်မြတ်မော်တင်စေတီတော်ကို မဟာမကုဋရံသီစေတီတော်ဟု ဘွဲ့ တော်ဆက်ကပ်ထားခြင်းမှာ စိတ် ဝင်စားဖွယ်ကောင်းသဖြင့် အနက် အဓိပ္ပာယ်ကို လေ့လာသောအခါ ကြီးမြတ်သော မော်တင်တောင် စွန်း၌ ကြည်ညိုဖွယ်တည်ထား သော စေတီဟု အကြမ်းဖျဉ်း အဓိပ္ပာယ်ရသော်လည်း ကြီးမြတ် သော မော်တင်တောင်စွန်း၌ ရောင် ခြည်တော်များဖြင့် ကြည်ညိုဖွယ် အဆင်း ရှိသော စေတီဟူသည့် အဓိပ္ပာယ်က ပိုမိုပြည့်စုံသည်ဟု သိရပါသည်။ မော်တင်တောင်၏ ကြီးမြတ်မှုနှင့် ဆံတော်ရှင်စေ တီ တော်မှ ရောင်ခြည်တော်များ ထွန်း လင်းတောက်ပနေပုံကို ပေါ်လွင် ဖွင့်ဆိုထားခြင်းဖြစ်သဖြင့် ကြားရ သူတိုင်း ကြည်ညို သဒ္ဓါ ပွားနိုင်ပါ သည်။ သို့သော်လည်း မျက်မှောက် ခေတ် စာနယ်ဇင်းများတွင် ဘွဲ့ တော်စာလုံးပေါင်းသတ်ပုံမှားယွင်း ခြင်း၊ ကုန်သည် ညီနောင်တည် သည်ဟု မှားယွင်းဖော်ပြခြင်းများရှိ နေသဖြင့် စိတ်မကောင်းဖြစ်ရပါ သည်။

 ဇေယျသေနနဂါးမင်းတည် စဉ်က လူတစ်ရပ်ခန့်သာမြင့်သော ဆံတော်ရှင်စေတီတော်ကို အ လောင်းစည်သူမင်းကြီးက သံတော် ၂၅ တောင်အမြင့်ရှိ စေတီတော် အဖြစ် မွမ်းမံတည်ထားခဲ့ပြီး နောက်ပိုင်းတွင် အလှူရှင်များ ဆက်လက်ပြုပြင်သဖြင့် အမြင့် သံ တောင် ၈၈ တောင်နှင့် အဝန်းသံ တောင် ၁၃၆ တောင်ရှိပါသည်ဟု သိရပါသည်။ အသက် ၇ဝ ရှိ ဂေါ ဟာအဖွဲ့ ဥက္ကဋ္ဌကြီးက ''သဘာဝ ဘေးရန်တွေ ကြုံတွေ့ပြီးတဲ့အခါ ဆက်လက်ပြုပြင်တဲ့အတွက် အခု ဆိုရင်ဥာဏ်တော် ၁၂၆ ပေရံ၊ စေတီ ၁၇ ဆူဖြစ်လာ ပါတယ်။ စေတီတော် တစ်ဆူလုံး အသစ် တစ်ဖန်တည်ထားသလို ဖြစ်နေပါ တယ်။ အရင်တုန်းက ဘုရားပွဲ တော်ကို ၁၅ ရက် ကျင်းပပေမယ့် မနှစ်ကစပြီး တစ်လတိတိကျင်းပခဲ့ ပါတယ်။ ဒါဟာတစ်နိုင်ငံလုံးက ဘုရားဖူးတွေလာနိုင်အောင် ရက် တိုး ကျင်းပခြင်းဖြစ်ပါတယ်။ ကား လမ်းပေါက်တဲ့အတွက် ဘုရားဖူး တွေ ပိုမိုလာရောက်တာတွေ့ရပါ တယ်။ အခုဆိုရင် ဘုရားပွဲတော် ကျင်းပရေးရုံးသစ်ကြီးကို ၆၁၅ သိန်း အကုန်အကျခံ တည် ဆောက်ပြီးပါပြီ။ မော်တင်စွန်း ဘုရားပွဲတော်ဟာ တစ်နှစ်ထက် တစ်နှစ်ပိုမိုစည်ကားလာနိုင်ပါ တယ်''ဟု ပြောကြားပါသည်။

 မော်တင်စွန်းသို့ ပထမအကြိမ် သွားရောက်စဉ် တိုက်အုပ်ဆရာတော်အဖြစ် ဖူးခဲ့ရသည့် ဦးသုဇာတကို ယခုတစ်ကြိမ် တွင် မြတ်မော်တင်ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်အဖြစ် ဖူးတွေ့ရပါ သည်။ သက်တော် ၄၈ နှစ်၊ ဝါတော် ၂၈ ဝါရှိသည့် ဆရာ တော် ဦးသုဇာတက ''ချောင်းဝရွာ မှာ မွေးဖွားကြီးပြင်းခဲ့ပေမယ့် မော် တင်ကို  ရောက်နေတာ ၂၃ နှစ်ရှိ ပါပြီ။ မူလဆရာတော်ကြီးပျံလွန် တော်မူပြီး နောက်ပိုင်း ဆရာတော် အဖြစ် ကျောင်းထိုင်ခဲ့တာ ခုနစ်နှစ် ရှိပါပြီ။ မော်တင်စွန်းရဲ့ တိုးတက်မှု တွေကို လေ့လာကြည့်ရင် အလွယ် တကူမြင်နိုင်ပါတယ်။ ဆံတော်ရှင် စေတီတော်ကိုဖူးရင်းြေ>ွမတောင် ကမ်းခြေမှာ အပန်းဖြေနိုင်တဲ့ အ တွက် ဘုရားဖူးတွေ ပျော်ရွှင်ကြပါ တယ်။ ဘုရားဖူးကားတွေ နေ့တိုင်း လာနေတဲ့အတွက် ကားဝင်းထဲမှာ ကားတွေပြည့်နေပါပြီ''ဟု မိန့်ကြား ပါသည်။

ပထမအကြိမ် လာရောက်စဉ် က ကူညီခဲ့သည့် ဓာတ်ပုံဆရာ ဦး ကြီးရွှေကလည်း ဒုတိယအကြိမ် တွင် ကျွန်တော်ကို ဆက်လက်ကူ ညီပြီး ဘုရားကုန်းတော်အနှံ့လိုက် လံပြသပါသည်။ အသက် ၆ဝ အရွယ်ဖြစ်နေသော်လည်း မမောမ ပန်းပြ သနိုင်သော ဦးကြီးရွှေက ''မော်တင်စွန်းရဲ့ မြင်ကွင်းကတော့ အရင်ကနဲ့ မတူဘဲ လုံးဝပြောင်းလဲ သွားပါပြီ။ ခေတ်မီ တည်း ခိုဆောင် တွေ ဆောက်ထားတဲ့အတွက် ဘုရားဖူးတွေ အဆင်ပြေကြတယ်။ ကာလမ်းပေါက်တဲ့အတွက် ဘုရား ပွဲတော်ရက် မဟုတ်လည်း လာနိုင်ကြတယ်။ ဆံတော်ရှင်စေတီတော် ကြီးတစ်ဆူလုံးကို အသစ်တည် ဆောက်ပြုပြင်တဲ့အတွက် ဘုရား ဖူးတွေ ကျေနပ်ဝမ်းမြောက်ကြပါ တယ်''ဟု ရှင်းပြပါသည်။

ကျွန်တော်နှင့် ဦးကြီးရွှေသည် ဘုရားကုန်းတော်ကို လှည့်လည် ကြည့်ရှုရင်း အသစ်တည်ထားသည့် နဂါးရုံ ရုပ်ပွားတော်ကိုလည်း သွား ရောက်ဖူးမြော်ပြပါသည်။ နဂါး ရုံဘုရားကုန်းတော်မှ လှမ်းကြည့် သောအခါ အလောင်းစည် သူမင်း တည်ထားခဲ့ သည့် ဖောင်တော်ဆိပ် စေတီတော်ကို တွေ့မြင်ရသော်လည်း ဘုရားသို့သွားသော ကျောက်လမ်းတစ်လျှောက် ဈေး ဆိုင် များ ပြည့်နေ သဖြင့် စိတ်မ ကောင်းဖြစ် မိပါသည်။ ယခင်က ဖောင်တော်ဆိပ် စေတီတော်ကို ပင်လယ်လှိုင်းလုံးများကြားတွင် ဖူးခဲ့ ရသော်လည်း ယခုအချိန်တွင် သဘာဝအလှကို အပြည့်အဝ ကြည့်မြင်ခံစားရန် မလွယ်ကူတော့ ပါ။ ဖောင်တော် ဆိပ်စေတီ အထိ ဈေးဆိုင်များ စီတန်းတည်ဆောက် ရောင်းချနေခြင်းကြောင့် ဓာတ်ပုံ ရိုက်ကူးရန်ပင် ခက်ခဲနေပါသည်။

မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တွင် မြတ်စွာဘုရား၏ ဆံတော်နှစ် ဆူဌာပနာ၍ ပထမဆုံးတည်ထား သည့် မြတ်မော်တင်စေ တီတော် ဘုရားပွဲတွင် ဘုရားဖူးများ စည်း ကားနေခြင်းမှာ ဝမ်းသာဖွယ် ကောင်းသော်လည်း ဈေးဆိုင်များ အဆမတန်းများပြား လာပြီး စည် ကမ်းမဲ့ ဖွင့်လှစ်ကြလျှင် မော်တင် စွန်း၏ သဘာဝအလှ ပျက်ယွင်း သွားနိုင်ပါသည်။ ဘုရားပွဲတော် တစ်လကျင်း ပသောကြောင့် ဈေး ဆိုင်များ တစ်လကျော်ဖွင့်လှစ် ရောင်းချမည် ဖြစ်သဖြင့် ဘုရား ကုန်းတော်ပိုမို့ ညစ်ညမ်းသွားနိုင် ပါသည်။

သာသနာတော်အစ မော် တင် စွန်းကဟူသော အဆိုကို လက်ခံထားသော ကျွန်တော်သည် မော်တင်စွန်းဘုရားကုန်းတော် ဘုရား ရင်ပြင်နှင့် ဖောင်တော်ဆိပ် တို့ကို ယခင်အတိုင်း သန့်ရှင်းနေ စေချင်ပါသည်။ သန့်ရှင်းသော သဲသောင်ပြင်တွင် ပင်လယ် လှိုင်းများ သဘာဝအတိုင်း ရိုက်ခတ်နေ စေချင်ပါသည်။ မြွေတောင်ပင်လယ် ကမ်းခြေအပန်းဖြေစခန်း တွင်လည်း သဲသောင်ပြင် ကြီး သန့် ရှင်းစွာရှိနေစေနိုင်ပါသည်။ မော် တင်စွန်း ဘုရားကုန်းတော်၊ ပင် လယ်ကမ်းခြေ၊ ပွဲခင်းနှင့် ကားဝင်း တွင် ပလတ်စတစ် များ ဖုံးလွှမ်းမသွားရန် အားလုံးတွင် တာဝန်ရှိသည်ဟု ဆိုချင်ပါသည်။ ဘုရားပွဲ ပြီးချိန်တွင် အမှိုက်ပုံကြီးများ ကျန် ရစ်လျှင် မော်တင် စွန်း ၏ သမိုင်း ဝင် အလှအပများ ပျက်စီးသွားနိုင် သဖြင့် အချိန်မီ ထိန်းသိမ်းရန် အ ကြံပေးခြင်းဖြစ်ပါသည်။

 မော်တင်စွန်းသည် ခရီးသည်များ အပန်းဖြေနိုင်သော ပင်လယ် ကမ်းခြေစခန်းတစ်ခုမဟုတ်ဘဲ ဆံ တော်ရှင်မော်တင်စွန်းစေ တီတော် ကြီး တည်ရှိသောနေရာ၊ အပူဇော် ခံသောနေရာ၊ သာသနာ့သမိုင်းဝင် နေရာဖြစ်ကြောင်း ဂေါပက အဖွဲ့က ဟောပြော ထိန်းသိမ်းပေးသင့်သည် ဟု ယူဆမိပါသည်။

ဘသန်းတင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.