23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
မင်းကင်းမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေစကားမြတ်စွာဘုရား ရုပ်ပွားတော်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် (ယခင်မော်လိုက်ခရိုင်) ရှိ မင်းကင်းမြို့သည် ချင်းတွင်းမြစ် ကမ်းပေါ်တွင် မေးတင်ထားသော မြို့လေးဖြစ်သော်လည်း မြို့သူမြို့သားများ အစဉ်အဆက် ကိုးကွယ်ခဲ့သည့် ရွှေစကား မြတ်စွာဘုရား ရုပ်ပွားတော် နှစ်ဆူကို ဖူး ရသော အခါ ထိုမြို့လေး၏ သမိုင်းပုံရိပ် များကို မြင်ယောင်လာမိပါသည်။

ချင်းတွင်းမြစ်ကြောင်းကို ဆန်တက်ကာ လေ့လာရေးခရီးထွက် လာသော ကျွန်တော်တို့ စာရေး ဆရာအဖွဲ့သည် ရှေးဟောင်း သမိုင်းဝင် ရွှေစကားမြတ်စွာဘုရား ရုပ်ပွားတော်များကို မမျှော်လင့်ဘဲ ဖူး မြော်ခွင့်ရပြီးနောက် သမိုင်းနောက် ခံကို လေ့လာသော အခါ အလွန် စိတ်ဝင်စားမိပါသည်။ အလွန်တိတ် ဆိတ် အေးချမ်းသည့် မင်းကင်းမြို့ လေးတွင် ပုဂံခေတ် လက်ရာရွှေ စကား ရုပ်ပွားတော်နှစ်ဆူကို ကျွန် တော်တို့ ဖူးမြော်ကန်တော့ပြီးသော အခါ အမှတ် ၃ ရပ်ကွက် မဟာမင်းကျောင်းဆရာတော် ဘန္ဒန္တဇဝ နက  သမိုင်းပုံရိပ်ဟောင်းကို စိတ် ဝင်စားဖွယ် ပြောပြသဖြင့် မှတ် သားခွင့်ရပါသည်။

မဟာမင်းကျောင်း၏ ကျက်သရေခန်းမကြီးထဲတွင် စံပယ်တော် မူနေသော ရွှေစကားမြတ်စွာဘုရား ရုပ်ပွားတော်နှစ်ဆူကို အတူ ယှဉ် တွဲလျက်ဖူးရသဖြင့် အံသြနေသော်လည်း ဆရာတော်က ရှင်းပြသောအခါ သမိုင်းပုံရိပ်များ ရုပ်လုံးကြွအသက်ဝင်လာ ပါသည်။ ပုဂံခေတ် တွင် ထုလုပ်ကိုးကွယ်ခဲ့သော ရွှေ စကားရုပ်ပွားတော်၏ သမိုင်း ကြောင်း ရှည်လျားပြီး အလောင်း စည်သူ၊ နရပတိစည်သူမင်းများ ပါဝင်လာသောအခါ ပိုမို ရုပ်လုံး ကြွအသက်ဝင်လာသည်ဟု ထင်မိ ပါသည်။

ဆရာတော်က ''ရွှေစကားရုပ် ပွားတော်တွေ့ရဲ့ သမိုင်းဟာ ပုဂံ ခေတ်အလောင်းစည်သူမင်းကြီးက စတယ်လို့ ပြောနိုင်ပါတယ်။ အ နယ်နယ်အရပ်ရပ်ကို ရေကြောင်း လှေလောင်းနဲ့ သွားလေ့ရှိတဲ့ အ လောင်းစည်သူမင်းကြီးကို သိကြား မင်းက သက္ကဒါနလှေတော် ဆက်ခဲ့တယ်လို့ အစဉ်အဆက်မှတ်သားခဲ့ ပါတယ်။ သိကြားမင်းဆက်တဲ့ လှေ ရဲ့ လှေတော်ဦးတိုင်ဟာ စကား သားနဲ့ လုပ်ထား တဲ့ စကားရွက် တိုင်ဖြစ်ပါတယ်။ အလောင်းစည် သူမင်းလွန်တဲ့အခါမှာ သက္ကဒါန လှေတော်ကို မြေးတော် နရပတိစည်သူမင်း ဆက်ခံပါတယ်။ နရပတိစည်သူမင်း လှေတော်ဦး စကားရွက်တိုင်ကို ကိုးပိုင်းအညီအမျှ ပိုင်းပြီး ရုပ်ပွားတော်ကိုးဆူ ထုလုပ် ပူ ဇော် ပါတယ်။ ဘုရားထုတဲ့အခါမှာ ဆူးစာဆောက်စာ စကားသားအ ပိုင်းအစတွေကို စုဆောင်းပြီး မံ ဘုရားတစ်ဆူပြုလုပ်တဲ့ အတွက် စကားရုပ်ပွားတော် ၁ဝ ဆူဖြစ်ပါ တယ်လို့ သမိုင်း အခိုင်အမာရှိခဲ့ပါ တယ်။ အဲဒီ ရွှေစကားဘုရားဆယ် ဆူကို မြို့ပေါင်းဆယ်မြို့မှာ ပင့် ဆောင် ပူဇော်ခဲ့ကြတာ မျက် မှောက်ခေတ် အထိဖြစ်ပါတယ်''ဟု မိန့်ကြားပါသည်။

ကျက်သရေ ခန်းမကြီးထဲတွင် အပူဇော်ခံနေသော ရွှေစကားမြတ် စွာဘုရား ရုပ်ပွားတော်နှစ်ဆူမှာ ဘူ မိဖဿရုပ်ပွားတော်ဖြစ်ပြီး လက်ရာမြောက်စွာ ထုလုပ်ထားသဖြင့် တစ်ဆူနှင့်တစ်ဆူခွဲခြား၍ မရအောင်တူညီနေပါသည်။ ရွှေသားပကတိ သဖွယ်ဖြစ်နေ သည့် ရုပ်ပွားတော် နှစ်ဆူသည် ရွှေသားပကတိ ဖြစ် နေသဖြင့် မျက်လုံးတော်၊ နှာခေါင်း တော်များကို ပီပြင်စွာ မမြင်ရတော့ ပါ။ ရုပ်ပွားတော် ပလ္လင်အောက် ခြေတွင် ရွှေစကားမြတ်စွာဘုရားဟု ရေးထားပါသည်။ ရွှေစကားရုပ်ပွားတော် ဆယ်ဆူကိန်းဝပ် အပူ ဇော် ခံနေသော မြို့စာရင်းကို ဆရာ တော်ညွှန်ပြသဖြင့် အမှတ်တရ ကူး ယူလာခဲ့ပါသည်။ ထိုစာရင်းတွင် 'ပုဂံခေတ် ဆယ်ဆူဘုရား ရွှေ စကား'ဟု ခေါင်းစဉ်တပ်ထားပါသည်။ ထို့နောက် ဘုရားဆယ်ဆူ နှင့် မြို့ဆယ်မြို့အမည်များကို ယှဉ်တွဲ မှတ်တမ်း တင်ထားသဖြင့် စိတ် ဝင်စားမိပါသည်။ ထိုစာရင်းတွင်-

(၁)    ရွှေစကား စမွန်မြို့
(၂)    ရွှေစကား ကြံညှပ်မြို့
(၃)    ရွှေစကား မင်းကင်းမြို့
(၄)    ရွှေဂူမြင့် မြေဒူးမြို့
(၅)    ရွှေလင်းပင် စေပုတ္တရာမြို့
(၆)    ရွှေတန်ဆာ မုဆိုးဖိုမြို့
(၇)    ရွှေတော်မဲ ငစဥ့်ကူးမြို့
(၈)    ရတနာမဉ္ဇူ စစ်ကိုင်းမြို့
(၉)    စကားလှ ကလေးမြို့
(၁ဝ)မံဘုရား အမြင့်မြို့ဟူ၍ ရေးထားပါသည်။

ဘုရားဆယ်ဆူ ၏ ဘွဲ့များမှာ ထူးခြားပြီး ခုနစ်ဆူ တွင် ရွှေပါသော်လည်း အောက် ဆုံးနှစ်ဆူတွင် ရွှေမပါကြောင်း တွေ့ ရပါသည်။ ပုဂံခေတ် မြို့အမည် များသည် ယခုအခါ ပြောင်းလဲ သွားပြီး မြေထူးသည် ကန့်ဘလူ၊ စေပုတ္တရာသည် ခင်ဦး၊ ကြံညှပ် သည် သပိတ်ကျင်း၊ မုဆိုးဖိုသည် ရွှေဘိုဖြစ်ကြောင်း သိရပါသည်။ ဘုရားဘွဲ့တော်များအနက် ရွှေ စကားဟူ၍ ဘွဲ့တော်တူသော ရုပ် ပွားတော် သုံးဆူပါဝင်ကြောင်း တွေ့ ရပါသည်။ ဆယ်ဆူဘုရား ရွှေ စကားဘွဲ့တော်နှင့် မြို့အမည်များ တွင် သမိုင်းပုံရိပ်များ ထင်ဟပ်နေ သဖြင့် ထိုစာရင်းကို အကျယ်တစ် ဝင့် လေ့လာဆန်းစစ်လျှင် ဘုရား သမိုင်းစစ်တမ်းတစ်စောင်ဖြစ်လာ နိုင်ပါသည်။

စကားရွက်တိုင်ကို အညီအမျှ ပိုင်း၍ ရွှေစကားရုပ်ပွားတော်များ ထုလုပ်ရာတွင် မင်းကင်းမြို့၌ အပူဇော်ခံနေသော ရွှေ စကားမြတ်စွာဘုရားမှာ ဒုတိယပိုင်းမှအသားကို ထုလုပ်ပူဇော်ခြင်းဖြစ်ကြောင်းသိရပါသည်။ ရွှေစကားမြတ်စွာဘုရား ရုပ်ပွားတော် ကို မြို့ဆယ်မြို့တွင် ပင့်ဆောင် ပူဇော်စဉ်က မင်းကင်းမြို့၏ အမည်မှာ ကင်းရံမြို့ဖြစ်ပြီး နောက်တစ်ကြိမ် မြို့သစ်တည်သည့် သက္ကရာဇ် ၅၃၄ ခုနှစ်တွင် မာရ်ကင်းမြို့ဟူ၍ အမည်ပြောင်း လဲလာကြောင်း၊ ခေတ်ကာလကြာ မြင့်လာသောအခါ မင်းကင်းမြို့ ဟု ခေါ်တွင်ကြောင်းလည်း မှတ်သား ရပါသည်။

ပုဂံခေတ် နရပတိစည်သူမင်း ထုလုပ်လှူဒါန်းခဲ့သော ရွှေစကား ဆယ်ဆူကို ယခုတိုင်မြို့ဆယ်မြို့ တွင် သားစဉ်မြေးဆက် ကိုး ကွယ် နေခြင်းမှာ အလွန်ဝမ်းမြောက်ဖွယ် ကောင်းပြီး ထိုမြို့များသည် ပုဂံ ခေတ် ပုဂံမင်းတို့၏ ကောင်းမှု ကုသိုလ်ကို အမွေခံသူ များဖြစ်သည်ဟု ထင်မိပါသည်။ ကျွန် တော်သည် ပုဂံခေတ်ဆယ်ဆူဘုရား၏သမိုင်းကို တစ်ပိုင်းတစ်စ သိရသဖြင့် အတွေး နယ်ချဲ့နေစဉ် ရွှေစကားရုပ်ပွားတော်ဟု နှစ်ဆူ၏ အောက်တွင် ရွှေစကားမြတ်စွာ ဘုရားဟု ရေးထားပုံမှာ ထူးခြား သည် ဟုထင်မိပါသည်။ ရွှေစကားရုပ်ပွားတော်များကို ရုပ်ပွားတော်ဟုမရေးဘဲ မြတ်စွာဘုရားဟု ရေးထား ခြင်းမှာ သက်တော် ထင်ရှားမြတ်စွာ ဘုရား အလား သဒ္ဓါထက်သန်စွာ ရေးထားခြင်းဖြစ်သည်ဟု ပြောနိုင် ပါသည်။

ကျွန်တော်တို့သည် တိုတောင်း သော အချိန်အတွင်း ရွှေစကားမြတ် စွာဘုရားဆယ်ဆူတို့၏ သမိုင်း နောက်ခံကို သိရသော်လည်း မင်း ကင်းမြို့ မဟာမင်းကျောင်းတွင် ခွဲမရ အောင် တူညီသော ရုပ်ပွားတော်နှစ် ဆူ အပူဇော်ခံနေခြင်း အကြောင်း ရင်းကို တိကျစွာ မသိရသဖြင့် ဆရာတော်ရှင်းပြချိန်ကို စောင့်မျှော် နေကြပါသည်။ ရွှေစကားဆယ်ဆူ ထုလုပ်ပူဇော်ပြီးနောက် မြို့ဆယ် မြို့တွင် ပင့်ဆောင်ပူဇော်သော သမိုင်းသည် အလွန်ရှင်းလင်း၊ အ လွန်ခိုင်မာသဖြင့် စာရေးဆရာအဖွဲ့ စောဒကတက်စရာ မရှိသော်လည်း မင်း ကင်းမြို့တွင် ရွှေစကားမြတ်စွာ ဘုရားရုပ်ပွားတော်နှစ်ဆူ ပူဇော်နေ ခြင်းသည် ပုစ္ဆာတစ်ခုသဖွယ်ဖြစ် နေခဲ့ပါ သည်။

သို့ရာတွင် သမိုင်းကြောင်းကို ပီပြင်စွာ ရှင်းပြနိုင်သော ဆရာ တော် ဘဒ္ဒန္တဇဝနက ထိုသမိုင်း မြှုပ်ကွက်ကို ထုတ်ဖော်မိန့်ကြား သ ဖြင့် ကျွန်တော်တို့ စာရေးဆရာ အဖွဲ့ ဝမ်းမြောက်နေကြပါသည်။ ဆရာတော်က ''ရွှေစကား ရုပ် ပွား တော်နှစ်ဆူဖြစ်နေတာ ကတော့ ပုဂံခေတ်နဲ့ မသက်ဆိုင်ဘဲ နောက် ပိုင်း သမိုင်းဖြစ်ရပ်တွေနဲ့ပဲ သက် ဆိုင်ပါတယ်''ဟု မိန့်ပါသည်။

မင်းကင်းမြို့သို့ ပင့်ဆောင်လာသည့် ရွှေစကားမြတ်စွာဘုရားကို မဏိရတနာတောင်ပေါ်တွင် တည်ထားကိုးကွယ်စဉ် လူနေ အိမ် ခြေနည်းပါးသည့်အတွက် ၁၃ဝဝ ပြည့်နှစ်ခန့်တွင် မသမာသူများ ခိုး ယူခြင်းခံရပြီး ထူးဆန်းစွာ ပျောက် ဆုံးသွားခဲ့ပါသည်။ မြို့ဝန် ဦးမင်းကလေးလက်ထက်တွင် ရွှေစကားရုပ်ပွားတော် ပျောက်ဆုံးခြင်းဖြစ်ပါသည်။ ထိုရုပ်ပွားတော်ကို ကလေးစော်ဘွားအဖွဲ့ က ကျွန်း တောကိုင်းတောအတွင်း တွေ့ရှိသ ဖြင့် ကလေးမြို့သို့ ပင်ဆောင်သွားခဲ့သည်ဟု သိရပါသည်။ ထိုသတင်းကို ကြားသော အခါ မင်းကင်းစော်ဘွားနှင့် အဖွဲ့လိုက်လာပြီး  အချင်းများကြပါသည်။ ထို့ကြောင့် ရွှေစကား ရုပ်ပွားတော်များ ကို ဖောင်ဖြင့် တင်၍ မျှောသောအခါ ဖောင် တော်ဆန်တက်သဖြင့် ကလေးစော်ဘွားအနိုင်ရပြီး ရေဆန်ဘုရား ရွှေစကားဟု ထင်ရှားလာခဲ့ပါ သည်။

ပူဇော်ရန် ဘုရားမရှိသဖြင့် စိတ်နှလုံးပူပန်နေသော မင်းကင်း မြို့နယ်သူနယ်သားများသည် ကလေးစော်ဘွားပင့်သွားသော ရွှေ စကားမြတ်စွာဘုရား ရုပ်ပွားတော်ကို ပြန်လည်ပင့်ဆောင်ရန် ကြိုးစားကြပြီး လူစွမ်းကောင်းများ ရွေးချယ်စေလွှတ်ကာ ပင့်ဆောင်နိုင်ခဲ့ပါသည်။ ကလေးစော်ဘွားသိသော အခါ လောင်းလှေများ တပ်ခင်း၍ အပြင်းအထန်လိုက်လံသော်လည်း မြစ် အတွင်း ဆီးနှင်းလှိုင်းကြီးတိုက်ခတ်၍ မြင်ကွင်းပျောက်သွားသဖြင့် ကလေးစော်ဘွားတပ်များ လက် လျှော့ကာ ပြန်သွားခဲ့ရပါသည်။ ကလေးစော်ဘွား ပင့်ဆောင်သွား သော ရွှေစကားမြတ်စွာဘုရား ရုပ်ပွားတော်ကို သက္ကရာဇ် ၅၄၇ ခုနှစ် တွင် မင်းကင်းမြို့ သို့ ပြန်လည် ပင့် ဆောင်နိုင်ခဲ့ကြောင်း သိရပါသည်။

မဟာမင်းကျောင်းဆရာ တော် ဘဒ္ဒန္တဇဝနက ''ရွှေစကား ရုပ်ပွားတော် ပျောက်ဆုံးမှုဖြစ်ပွား ပြီးတဲ့အခါ ရှေးလူကြီးတွေက နောင် အခါ ထပ်မံမဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး ပုံစံတူအရွယ်တူ ရုပ် ပွားတော် တစ်ဆူထပ်မံ ထုလုပ် အပူဇော်ခံခြင်းဖြစ်ပါတယ်။ ရုပ် ပွားတော်နှစ်ဆူ ယှဉ်ပြီးအပူဇော်ခံရင် မင်းကင်းမြို့ ဒေသခံတွေ တောင် မခွဲခြားနိုင်အောင် တူညီပါ တယ်။ နှစ်စဉ် သီတင်းကျွတ် လ ပြည့်ကျော် ၅ ရက်မှ ၈ ရက်အထိ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပတဲ့အခါ မူရင်းရုပ်ပွားတော်နဲ့ ပုံတူရွယ်ပွား တော် တစ်လှည့်စီ ပင့်ဆောင်ပါတယ်။ အဲဒီအခါမှာ ထူးခြားချက် တွေလည်း ရှိပါတယ်''ဟု မိန့်ကြား ပါသည်။ ရှေးဟောင်း ပုဂံခေတ် ကတည်းက ကိုးကွယ်ခဲ့သည့် ရွှေစကားရုပ်ပွားတော်ကို ပုံတူပွား၍ နှစ်ဆူထုလုပ်ထားခြင်းအကြောင်းရင်းကို သိရသော်လည်း စံကျောင်းတော်နှစ် ခု အတွင်း မည်သည့်ရုပ် ပွားတော်သည် မူရင်းဖြစ်ကြောင်း ဆရာတော်က မမိန့်ကြားခဲ့ပါ။

ကျွန်တော်တို့ကလည်း သမိုင်း နောက်ခံ ဇာတ်လမ်းများကို ရှင်း လင်းစွာ မိန့်ကြားသော ဆရာတော် အား ထပ်မံမေးမြန်းရန် ဝန်လေးသဖြင့်မမေးဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လေ့လာစူးစမ်းမည်ဟု ဆုံး ဖြတ်ပြီး ပြန်လာခဲ့ပါသည်။  ရွှေ စကားမြတ်စွာဘုရား သမိုင်း စာအုပ် ငယ်နှင့် CD ခွေ ဓမ္မလက်ဆောင် ပေးသဖြင့် ကျွန်တော်တို့ အားလုံး ဝမ်းသာခဲ့ကြပါသည်။ ထိုညတွင် မင်းကင်းအထက်တန်းကျောင်း၌ စာပေဟောပြောပွဲ ကျင်းပသောအ ခါ မြို့ခံတစ်ဦးနှစ်ဦးကို အမှတ်မ ထင် မေးမြန်းကြည့်မိရာမှ လက်ယာဘက်ကျောင်းဆောင်တွင်းမှ ရုပ်ပွားတော်သည် မူရင်းရုပ်ပွား တော်ဖြစ်ပြီး လက်ဝဲဘက်ကျောင်း ဆောင်မှ ရုပ်ပွားတော် မှာ ပုံတူရုပ် ပွားတော်ဖြစ်ကြောင်း သိခဲ့ရပါ သည်။ ထို့ပြင် ဘုရားပွဲတော်တွင် ရုပ်ပွားတော်ပင့်ဆောင်စဉ် မူရင်း ရုပ်ပွားတော်၏ လက်ယာဘက်ပေါင် တွင် သမင်ရုပ်ပါသော မင်းတံဆိပ် ပေါ်လေ့ရှိပြီး ပုံတူရုပ်ပွားတော်တွင် မင်းတံဆိပ်မပေါ်ကြောင်းလည်း သိရ ပါသည်။

မူရင်းရုပ်ပွားတော်တွင် မင်း တံဆိပ်ပေါ်စဉ် မိမိတို့၏ ကောင်းမှု ကုသိုလ်များကို သစ္စာပြုတိုင်တည် ၍ ဆုတောင်းလျှင် ပြည့်စုံသည် ဟုလည်းသိရပါသည်။ သမိုင်းစာ အုပ်ထဲတွင် ဖတ်ခဲ့မှတ်ခဲ့ရသော အလောင်းစည်သူနှင့် နရပတိစည် သူ မင်းနှစ်ပါး၏ ကောင်း မှုတော် ရွှေစကားမြတ်စွာဘုရားရုပ်ပွား တော်ကို မမျှော်လင့်ဘဲဖူးရခြင်းသည်  ချင်းတွင်းခရီး၏ ထူးခြား ချက်ဖြစ်သော်လည်း အပြေးအလွှားဖူးရသဖြင့် သစ္စာပြုတိုင်တည် ခြင်း မပြုနိုင်ခဲ့ကြောင်း ဝန်ခံပါသည်။ ပုဂံခေတ်ဆယ်ဆူဘုရား ရွှေစကား ရုပ်ပွားတော် တို့ကို ဖူးထိုက်သည့် ကံရှိလျှင် ထပ်မံ၍ ဖူးခွင့်ကြုံလိမ့် မည်ဟု ယုံကြည်နေပါသည်။

ဘသန်းတင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.