19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ဟိမဝန္တာမှ ပင့်ဆောင်လာသည့် မြတ်စွာဘုရား၏ အရိုးဓာတ်တော်

ရန်ကုန်မြို့ ရွှေတိဂုံစေတီ ရင် ပြင်တော် အောင်မြေအနီးရှိ ချမ်း သာကြီး တန်ဆောင်းတွင် အပူဇော် ခံနေသော မြတ်စွာဘုရား၏ အရိုး ဓာတ်တော်ကို မရေမတွက်နိုင် သော ဗုဒ္ဓဘာသာဝင်ပြည်သူများ မိုးမလင်းမီ တန်းစီကာ စည်းကမ်း တကျဖူးမြော်နေ ကြပါ သည်။ တ ဖြည်းဖြည်း တရွေ့ရွေ့တိုးသွားရင်း တန်ဆောင်းအတွင်းရောက်ရှိသော  အခါ မြတ်စွာဘုရား၏ ဓာတ် တော်ကို ခဏမျှ သာ လက်အုပ်ချီ မိုး ရှိခိုးကန်တော့ခွင့်ရကြပါသည်။

 မြတ်စွာဘုရား၏ အရိုးဓာတ် တော်ကို မှန်ဘီရိုငယ်ဖြင့် ထည့် သွင်းအပူဇော်ခံခြင်းဖြစ်ပြီး မှန်ဘီ ရိုအတွင်း သလင်းကျောက်ဖြင့် ထုဆစ်ထားဟန်တူသော စေတီကိုယ်လုံးပုံတစ်ခုရှိပါသည်။ သလင်း ကျောက်အတွင်း ပုလင်းနှင့်သာ အရာဝတ္ထုတစ်ခု တွေ့ရသော် လည်း မည်သည့်အရာဝတ္ထုဖြစ် ကြောင်း မသိရပါ။ ထိုပုလင်းပုံအတွင်း၌ ညိုမည်းသော ပစ္စည်းအချို့ရှိသော်လည်း မည်သည့် ပစ္စည်း ဖြစ်ကြောင်း မသိရပါ။ သလင်း ကျောက်ပေါ်တွင် ရွှေကြာပွင့်တစ်ခု ပီပြင်စွာ ထုဆစ်ပုံဖော်ထားပြီး ကြာပွင့်ပေါ်တွင် ဗုဒ္ဓ အရိုးတော်ကို  ဖန်ပေါင်းချောင်ဖြင့်တင်ထားသည် ကို တွေ့ရပါသည်။

ကျွန်တော်တို့သည် ဗုဒ္ဓ၏ ကျောရိုးမှကြွင်းကျန်သော ကျောရိုးဓာတ်တော်ကို ဖူးရန်လာရောက် ခြင်း ဖြစ်သော်လည်း ပကတိကျော ရိုးပုံစံမဟုတ်ဘဲ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပုံလေးကိုဖူးရသဖြင့် အံ့သြနေမိပါသည်။ ဖန်ပေါင်းချောင် နှင့် မှန်ဘီရိုကို အဝါရောင် ပိုးပဝါ ဖြင့်လွှမ်းအုပ်ထားသဖြင့် ရုပ်ပွားတော်ကို အနည်းငယ်သာမြင်ရပါသည်။ အနီးကပ် ပူဇော်ကန် တော့ သူတို့သည် မြင်ရန် ခက်ခဲပြီး မုခ်ဦးတန်ဆောင်းများတွင် ပြသ ထားသော CCTV  များတွင်သာ ပီပီ ပြင်ပြင်ဖူးမြော်ကြရပါသည်။

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင် ရိုးရှိ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် တွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ကမ္ဘာ့ဗုဒ္ဓဘာသာ ငြိမ်း ချမ်းရေးညီလာခံကြီး ကျင်းပစဉ် ကြွရောက်လာသည့် အိန္ဒိယနိုင်ငံ ဟိမဝန္တာမှ တိဘက်ရဟန်းတော် များက မြတ်စွာဘုရား၏ အရိုး ဓာတ်တော်ကို ပင့်ဆောင်လာခြင်း ဖြစ်ပါသည်။ ကမ္ဘာ့ ဗုဒ္ဓဘာသာ ငြိမ်းချမ်းရေး ညီလာခံကြီးသည် ပထမအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဟိမဝန္တာမှ မြတ်စွာဘုရား၏ အရိုးဓာတ်တော် ကြွရောက်တော်မူလာခြင်း သည်လည်း ပထမအကြိမ်ဖြစ်ပါသည်။ ဤတိုက်ဆိုင်မှု သည် အလွန်ထူးခြားသော တိုက်ဆိုင်မှုဖြစ် ပြီး မြန်မာ့ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ သယ်ဆောင်လာ သည့် တိုက်ဆိုင်မှု ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 မြတ်စွာဘုရား၏ အရိုးဓာတ် တော်သည် သီတဂူ ဗုဒ္ဓ တက္ကသိုလ်တွင် အပူဇော်ခံပြီးနောက် စစ်ကိုင်း ကောင်းမူတော်၊ မန္တလေး သုဓမ္မာ ကျောင်းတိုက်၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ငူ ရွှေဆံတော်ဘုရားတို့တွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၆ ရက် အထိ လှည့်လည်အပူဇော်ခံပြီးနောက် ဇန်နဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်တွင် ကိန်းဝပ် အပူဇော်ခံခြင်းဖြစ်ပါသည်။ မြတ်စွာဘုရား၏ အရိုး ဓာတ်တော် ဒေသစာရီ လှည့်လည် အပူဇော်ခံစဉ် ဒေသခံ ဗုဒ္ဓဘာသာ ဝင်များ ၏ ပူဇော်မှုမှာ အလွန်အား ရဖွယ်ကောင်းပြီး အယုတ်အလတ် အမြတ်မရွေး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် စည်ကား သိုက် မြိုက်စွာ ပူဇော်ကန်တော့ခဲ့ကြောင်း သိရပါသည်။ မြန်မာနိုင်ငံတွင် ဘုရားပုထိုးစေတီပေါများသဖြင့် စေတီပုထိုးများနိုင်ငံ Land of Pagoda  ဟု အမည်တွင်ခဲ့ပြီး

ဟိမဝန္တာမှ မြတ်စွာဘုရား၏ အရိုးဓာတ်တော်ကို တိဘက်ဘုန်းတော်ကြီးများ အံ့သြရသည်အထိ အကြီးအကျယ် ပူဇော် ကန်တော့ ခဲ့ကြ ပါသည်။ စစ်ကိုင်းသီတဂူ တက္ကသိုလ်မှ ဆရာတော် ဦးသုဒ္ဒရ က ''ဓာတ်တော်ကြွလာတယ်ဆို ပေမယ့် ဘုန်းဘုန်းကတော့ ဘုရား ကြွလာတယ်လို့ပဲ မှတ်ယူတယ်''ဟု မိန့်ကြားပါသည်။

 မြတ်စွာဘုရား၏ အရိုးဓာတ် တော် မြန်မာနိုင်ငံသို့ ပင့်ဆောင် နိုင်ခြင်းကြောင့် အနာဂတ်တိုင်း ပြည်မှာ သစ္စာတရား ထွန်း ကား ပြန့်ပွားပြီး မကောင်းမှုအဂတိတရား တွေ ချုပ်ငြိမ်းမည်ဟု ယုံကြည်ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အလွန်ကောင်းမြတ်သော အရာ တစ်ခုဖြစ်ကြောင်းလည်း ဆရာ တော်က ဆက်လက်မိန့်ကြားပါ သည်။မြတ်စွာဘုရား၏ အရိုး ဓာတ်တော် ဒေသာရီကြွရောက်သည့် မြို့တိုင်းတွင် ဘုရားဖူး ပရိသတ်အလွန်များပြားသော်လည်း စနစ်တကျ တန်းစီဖူးမြော် ကာ နိုင်ငံကြီးသား ပီသကြောင်းပြနိုင် ခဲ့သည်ဟု သိရပါသည်။

 တောင်ငူမြို့မှ အသက် ၅ဝ ကျော် အမျိုးသမီးတစ်ဦးက ''အခု လို မြတ်ဗုဒ္ဓရဲ့ ဓာတ်တော်ကို ဖူး မြော်ခွင့်ရဖို့ဆိုတာ မလွယ်ပါဘူး။ အန်တီတို့ အသက် ၅ဝ ကျော်နေ ပြီ။ အခုမှ ပထမဆုံး ဖူးမြော်ခွင့်ရ လိုက်တာပဲ၊ ဖူးမြော်သူတွေ အရမ်း များတော့ ခဏလေးပဲ ဖူးလိုက်ရပါ တယ်''ဟု ပြောခဲ့သည်။

 မြတ်စွာဘုရားနှင့် အဂ္ဂသာဝ က၊ မဟာသာဝက ရဟန္တာ အရှင် မြတ်များ ပရိနိဗ္ဗာန်စံဝင်တော်မူ သောအခါ နောင်လာနောင်သား များ အစဉ်ထာဝရ ဓာတ်တော်မွေ တော်များ ကြွင်းကျန်ရစ်ပြီး တစ တစတိုးပွားလေ့ရှိသဖြင့် ဘုရား စေတီများတည်ရာတွင် အထွတ် အမြတ်ထား၍ ဌာပနာခဲ့ကြပါ သည်။ ဘုရားရဟန္တာတို့၏ ဓာတ် တော်မွေတော် အမျိုးမျိုးကို မြန်မာ နိုင်ငံမှ ဗုဒ္ဓဘာသာဝင် များ ဖူးမြော်ကန်တော့ဖူးသော်လည်း အိန္ဒိယ နိုင်ငံ လဒတ်ပြည်နယ်၊ လိမြို့ ဟမ်း မစ်ကျောင်းတော်မှ ပင့်ဆောင်လာ သော အရိုး ဓာတ်တော်ကို ယခုကဲ့သို့ ထူးထူးခြားခြားပူဇော်ကန်တော့ ခြင်းမှာ ဟိမဝန္တာနှင့် သက်ဆိုင်ပါသည်။ မြန်မာတို့သည် ဘိုးစဉ် ဘောင် ဆက် ဟိမဝန္တာကို စိတ်ဝင် စားခဲ့ပြီး ဟိမဝန္တာနှင့် ပတ်သက် သော ဘာသာရေးဇာတ်လမ်း များ ကိုလည်း ကြားဖူးနေကြပါသည်။

ဟိမဝန္တာသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် တည်ရှိသည့် နှင်း ဖုံးသော တောင်တန်းကြီးဖြစ်ပြီး အ ရှေ့မှ အနောက်သို့ မိုင်ပေါင်း ၁၅ဝဝ ရှည်လျား၍ အကျယ်မှာ မိုင် ၂ဝဝ ခန့်ရှိပါသည်။ ဟိမဝန္တာ တောင်တန်းသည် အလွန်မြင့်မား သဖြင့် ထင်ရှားပြီး အမြင့်ဆုံး  ဧဝရက်တောင်သည် ပေပေါင်း ၂၉ဝဝ၂ မြင့်သည်ဟု သိရပါ သည်။ ဟိမဝန္တာတောင်တန်းတွင် တောင်ထွတ်ပေါင်း ၅ဝ ခန့်ရှိပြီး အနိမ့်ဆုံးတောင်ထိပ်သည် ပေ ၂၃ဝဝဝ ကျော်မြင့်ပါသည်။ တစ် နှစ်ပတ်လုံး ရေခဲနေသော ဟိမဝန္တာတောင်တန်းတွင် ကမ္ဘာ့ အနက်ရှိုင်းဆုံး တောင်ကြားလမ်း များရှိသော်လည်း ဆီးနှင်းများ ဖုံး လွှမ်းနေသဖြင့် လူများမသွားလာ နိုင်ပါ။

အိန္ဒိယနိုင်ငံမှ ဂင်္ဂါ၊ ယမုံ နာ၊ ဗြဟ္မပုတ္တရနှင့် အိန္ဒုမြစ်များ သည် ဟိမဝန္တာတောင်မှ ရေခဲမြစ် များကို မြစ်များခံ စီးဆင်းလာခြင်းဖြစ် သည်။ မြတ်စွာဘုရား သက်တော် ထင်ရှားရှိစဉ်ကပင် ရဟန်းတော် များသည် ဟိမဝန္တာသို့ ခိုဝင်၍ တောရဆောက် တည်လေ့ ရှိသဖြင့်  ဗုဒ္ဓဘာသာဝင်များနှင့် ဟိမဝန္တာ သည် တစ်သားတည်းဖြစ်နေခဲ့ရ သည်ဟု ဆိုနိုင်ပါသည်။ ဆီးနှင်း များအမြဲတမ်း ဖုံး လွှမ်းနေသော ဒေသဟု အဓိပ္ပာယ်ရသည့် ဟိမဝန္တာ ကို ဗုဒ္ဓဘာသာဝင်များ ယခုတိုင် စိတ်ဝင်စားနေဆဲဖြစ်ကြောင်း ဓာတ်တော် ပူဇော်ပွဲက သက်သေခံ နေပါသည်။

ဇန်နဝါ၇ီ ၂၈ ရက်နေ့က မြတ်စွာဘုရား၏ အရိုးဓာတ်တော် ကို ပူဇော်ရန်လာသူများသည် မိုးမ လင်းမီကပင် အုပ်စုဖွဲ့ရောက်လာ ကြပြီး ရင်ပြင်တော်ပေါ်တွင် မြွေလိမ်မြွေကာက်ပမာ နာရီများစွာ တန်းစီ၍ စောင့်ဆိုင်းနေခဲ့ကြပါသည်။ ဘုရားပွဲ၊ ရာသီပွဲကာလ များတွင် ရွှေတိဂုံစေတီရင်ပြင်တော် ပေါ်၌ ပရိသတ်များ စည်ကားလေ့ ရှိသော်လည်း ယခုစည်ကားပုံမှာ ယခင်ကလို စည်ကားနေခြင်းမျိုး မဟုတ်ပါ။ ရင်ပြင်တော်အပြည့်မြွေလိမ်မြွေကောက်တန်းစီနေသော် လည်း အနည်းငယ်သာ ရှေ့တိုး နိုင် သဖြင့် အချိန်များစွာ စောင့် ဆိုင်းရဦးမည်ဖြစ်ပါသည်။ သို့ သော်လည်း မည်သူမျှ စိတ်ပျက်ပုံ၊ အားလျော့ပုံမပေါ်ဘဲ အားလုံးပြုံး ပြုံးရွှင်ရွှင် ကြည်ကြည်သာသာ တန်း စီစောင့်ဆိုင်းနေခြင်းဖြစ်ပါ သည်။

တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ် တော် ရန်ကုန်မြို့သို့ ကြွရာက် စဉ်ကလည်း ဗုဒ္ဓဘာသာ မြန်မာ ပြည်သူများ အားပါးတရ  ဖူးမြော် ကန်တော့ခဲ့ကြပါသည်။ မြန်မာတို့၏ ဘာသာရေးထက်သန်မှုကိုသိ သော တရုတ်ဘာသာရေးခေါင်း ဆောင်တို့က မြန်မာဗုဒ္ဓ ဘာသာ ဝင်များ အစဉ်ထာဝရ ကိုးကွယ်နိုင် ရန် စွယ်တော်ပွားများပင် ပေးအပ် ခဲ့ရပါသည်။ သို့သော်လည်း မြန်မာ လူမျိုးတို့သည် ဟိမဝန္တာမှ ဘုရား ဓာတ်တော်မွေတော်များကို တစ်ကြိမ်တစ်ခါမျှ မဖူးရသေးပါ။ ဟိမ ဝန္တာတောင်တန်းကြီးပေါ်တွင်ရှိ သော တိဘက် ဘုန်းတော်ကြီး ကျောင်းများသည် မဟာယာနဗုဒ္ဓ ဘာသာများဖြစ်သဖြင့် မြတ်စွာ ဘုရား၏ ဓာတ်တော်အစစ်များရှိ မည်ဟုလည်း မထင်ခဲ့ပါ။ အိန္ဒိယ နိုင်ငံ မြောက်ပိုင်းလဒတ်ပြည်နယ်၊ လိမြို့ရှိ ဟမ်းမစ်ကျောင်း တော်သည် တိဘက်ဘုန်းတော် ကြီး ကျောင်းဖြစ်သော်လည်း မြတ်စွာ ဘုရား၏ ကျောရိုးဓာတ်တော်ကို အ စဉ်အဆက် ကိုးကွယ်ပြီး မြန်မာ နိုင်ငံမှ ဗုဒ္ဓ ဘာသာဝင် များ ပူဇော်ရန် ပင့်ဆောင်လာသောအခါ အလွန်ထူးဆန်းသဖြင့် စိတ်ဝင်စား လာခြင်းဖြစ်ပါသည်။ တိဘက်မှ မြတ်စွာဘုရား၏ ဓာတ်တော်ဟူ သော အသံကို ကြားစဉ်ကပင် မြန် မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်အားလုံး စိတ်ဝင်စားခဲ့ပြီး ယခုကဲ့သို့ အကြီး အကျယ် ပူဇော်ကန်တော့ကြခြင်း ဖြစ်ပါသည်။

လူနတ်ဗြဟ္မာတို့ကို ၄၅ နှစ် တာ တရားဓမ္မများ ဟောကြား လမ်းညွှန်တော်မူခဲ့သည့် မြတ်စွာ ဘုရားသည် သက်တော် ၈ဝ အ ရွယ် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (ဘီစီ ၅၄၅) တွင် ကုသိနာရုံ အင်ကြင်း တော၌ ပရိနိဗ္ဗာန်စံလွန်တော် မူခဲ့  ကြောင်း ဗုဒ္ဓဘာသာဝင်အားလုံး သိထားကြပါသည်။ ထို့နောက် နယုန်လဆန်း ၄ ရက် တနင်္ဂနွေနေ့ တွင် တေဇော ဓာတ်လောင်ကျွမ်း သောအခါ နှောင်းလူများကိုးကွယ် ရန် ဓာတ်တော်များကြွင်းခဲ့ပါ သည်။ တေဇောဓာတ်လောင်ကျွမ်း စဉ် (၁) နဖူးသင်းကျစ်တော် (၂)လက်ယာညှပ်ရိုးတော် (၃)လက် ဝဲညှပ်ရိုးတော် (၄) လက်ယာအ ထက် စွယ်တော် (၅) လက်ဝဲအ ထက်စွယ်တော် (၆) လက်ယာ အောက်စွယ်တော် (၇) လက်ယာ အထက် စွယ်တော်တို့မှာ မီးမခဘဲ မူလပကတိအတိုင်း ကျန်ရစ်ခဲ့ ကြောင်း သိရပါသည်။

သို့သော်လည်း မြတ်စွာဘုရား ၏ ကျောရိုးဓာတ်တော်ကြွင်းကျန် ခြင်းနှင့် ပတ်သက်၍ ရေးသားမှတ် တမ်းတင်ထားခြင်း မရှိသဖြင့် ဗုဒ္ဓ ဘာသာဝင်များအပြည့်အဝ နား လည်ကြည်ညိုရန် ခက်ခဲသလို ဖြစ် ပါသည်။ ဗုဒ္ဓ၏ ဓာတ်တော်မွေ တော်များနှင့် ပတ်သက်၍ ကျယ် ကျယ်ပြန့်ပြန့်သိလျှင် ကျယ်ကျယ် ပြန့်ပြန့်ကြည် ညိုနိုင်ပါသည်။             

တရုတ်ပြည်မှ ပင့်ဆောင် သော စွယ်တော်နှင့် ပတ်သက်၍ သမိုင်းနောက်ခံနှင့်တကွ အတိုင်း အတာများ၊ အသေးစိတ် အချက် အလက်များသိရသဖြင့် အတိုင်းအဆမရှိ ကြည်ညိုသဒ္ဓါ ပွားနိုင်ကြပါ သည်။ ဟိမဝန္တာမှ မြတ်စွာဘုရား အရိုးတော်နှင့် ပတ်သက် သည့် လိုအပ်ချက်သမိုင်းကွင်းဆက်များကို သက်ဆိုင်သူများ ဖြည့်ဆည်းပေး နိုင်လိမ့်မည်ဟု မျှော်လင့်မိပါ သည်။ ကမ္ဘာ့ဗုဒ္ဓဘာ သာငြိမ်းချမ်းရေး ညီလာခံကြီးသည့် ဟိမဝန္တာမှ မြတ်စွာဘုရား အရိုးဓာတ်တော် ကြွရာက်ခြင်းအတွက် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ ဝင်ပြည်သူအားလုံး အ လွန်ကျေနပ်ဝမ်းမြောက်နေကြ ပါသည်။ သာဓုခေါ်နေကြပါသည်။

ဘသန်းတင်
 
Untitled Document
 said...
Monday 22 February 2016, 3:53 am
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.