29-6-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
ရခိုင်ကမ်းရိုးတန်းတွင် ငါးဖမ်းဆီးရရှိမှုနည်းပါးလာသည့်အတွက် ငါးဖမ်းကိရိယာများ ပြောင်းလဲသုံးစွဲလာကြ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1017
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ပန်းတနော်မြို့နယ် မင်းတစ်စုကျေးရွာ ကျိုက္ခနိမ် စေတီတော်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ မင်းတစ်စုကျေးရွာသည် ငယ်စဉ်ကပင် ကျွန်တော်နှင့် ဆက်စပ်မှု ရှိခဲ့သော်လည်းတစ်ကြိမ်တစ်ခါမျှ အလည်အပတ်မသွားဖူးဘဲ အသက် ၇၀ကျော် ဇရာလွှမ်းချိန် တွင်မှ မင်းတစ်စုကျေးရွာသို့ ဘုရားဖူး သွားရောက်နိုင်ခဲ့ ပါသည်။

ဓနုဖြူမြို့ အစိုးရ အထက်တန်းကျောင်းကြီးတွင် ပညာသင်ကြားစဉ် မင်းတစ်စုကျေးရွာမှ ကျောင်းလာတက်သော သူငယ်ချင်းများ ရှိခဲ့ပြီး ကျွန်တော်နှင့် အလွန်ရင်းနှီးခဲ့ပါသည်။ မင်းတစ်စုကျေးရွာရှိ ကျိုက္ခနိမ် ဘုရားပွဲ အလွန်စည်ကားကြောင်း၊ တိုးမပေါက်ကြောင်း သူငယ်ချင်းများကပြောပြီး အလည်ခေါ်သော်လည်း ကျွန်တော် မလိုက်ဖြစ်ခဲ့ပါ။ သို့သော်လည်း ကျိုက္ခနိမ် ဘုရားပွဲ ရက်နီးကပ်လာချိန် ၂၀၁၅ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင် ကျွန်တော်မင်းတစ်စုရွာသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့ပါသည်။

ယခုအချိန်တွင် ကျွန်တော်လည်း အိုမင်းလျက်ရှိပြီး သူငယ်ချင်းများလည်း အိုမင်းနေမည်ဖြစ်သဖြင့် လမ်းပေါ်တွင် မတော်တဆ ကြုံတွေ့သည့်တိုင် မှတ်မိနိုင်မည် မဟုတ်ပါ။ အတန်းတူ သူငယ်ချင်းများအနက် နာမည်အားလုံးလိုလိုကို မေ့နေသော်လည်း ကြာညို ဟုခေါ်သော သူငယ်ချင်း၏ အမည်ကိုသာ ကျွန်တော်မှတ်မိနေပါသည်။ ကြာညို အကြောင်းမေးသောအခါ မင်းတစ်စုတွင် မနေကြောင်း သိရသဖြင့် အခြားအမည်များကို စုံစမ်းလိုစိတ်မရှိတော့ပါ။

ကျွန်တော်၏ အရွယ်က သူငယ်ချင်းများထံ အလည်သွားရမည့် အရွယ်မဟုတ်သဖြင့် ကျိုက္ခနိမ် ဘုရားကို ဖူးရလျှင်လာရကျိုးနပ်ပြီဟု ထင်မိပါသည်။

မင်းတစ်စုကျေးရွာ အုပ်စုသည် ပန်းတစ်နော်မြို့နယ်၏ မြောက်ဘက် အစွန်အဖျားတွင်ရှိပြီး ဓနုဖြူမြို့နယ်၏ အနောက် တောင်ဘက် ဖုန်းဆိုးတောင်ကျေးရွာအုပ်စုနှင့် ကပ်လျက်တည်ရှိနေကြောင်း သိရပါသည်။ ဓနုဖြူမြို့မှ ကျုံတနီးကျေးရွာသို့  ၁၄ မိုင်ခရီးမော်တော် ဆိုင်ကယ်ဖြင့် လာခဲ့ပြီးနောက် ကျုံတနီးမှ မင်းတစ်စုသို့ ခြောက်မိုင်ခန့် တက်လာခဲ့ရသော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်း သဖြင့် မပင်ပန်းခဲ့ပါ။

ကျိုက္ခနိမ်စေတီတော်အနီးရှိ ဘုရားကြီးကျောင်းတိုက်သို့ ရောက်သောအခါ ဆရာတော်ကိုကန်တော့ပြီးနောက် အသက် ၇၃နှစ် ရှိ ဦးပဉ္စင်းကြီး ဦးဝါယမ နှင့် တွေ့ဆုံရပါသည်။

သမိုင်းအချက်အလက်များ မှတ်သားရန် ၀ါသနာပါသော ဦးဝါယမက ကျွန်တော်တို့ကို အားပါးတရ ကြိုဆိုလက်ခံပြီး " ကျိုက္ခနိမ်စေ တီတော်တည်ထားတဲ့ နှစ်ကာလ အပိုင်းအခြားကို လေ့လာရင် မွန်ယဉ်ကျေးမှုထွန်းကားတဲ့ ခေတ်မှာ မွန်ဘုရင်၊ မွန်မင်းသမီး တည်ထားကိုး ကွယ်တယ်လို့ ယူဆနိုင်ပါတယ်။ အဲဒီအချိန်တုန်းက ကျောက်စာ အ ရေးအသားမပေါ်သေးတဲ့အတွက် အထောက် အထား ရှာဖွေရခက်ခဲ ပေမယ့် ပုသိမ် သမုဒ္ဒဃောသမင်းရဲ့ မိဖုရား ဥမ္မာဒန္တီ မင်းသမီး သာသ နာသက္ကရာဇ် ၇၃ဝ မှ ၇၃၅ ခုနှစ် အတွင်း တည်ထားကိုးကွယ်တယ် လို့ ယူဆကြပါတယ်။ ဧရာဝတီ တိုင်း၊ မြို့ရွာတွေမှာ ဥမ္မာဒန္တီမင်း သမီးတည်ထား ကိုးကွယ်တဲ့ ဘုရား စေတီတွေရှိတဲ့အတွက် သမိုင်း အ ထောက်အထားတွေ ပေါင်းစပ်ပြီး ခန့်မှန်းခြင်းဖြစ်ပါတယ်''ဟု ရှင်းပြ ပါသည်။

ဧရာဝတီတိုင်းသည် မြစ် ချောင်းပေါများသော ဒေသဖြစ်ပြီး မြစ်ချောင်းများအနီးတွင် ဥမ္မာဒန္တီ မင်းသမီးတည်ခဲ့သည့် ဘုရားစေတီ များ
ယခုတိုင်ရှိနေပါသည်။ ကျွန် တော်၏ မွေးရပ်မြေ ဓနုဖြူမြို့တွင် ဥမ္မာဒန္တီမင်းသမီး မွမ်းမံပြင်ဆင် တည်ထားသည့် ကျိုက္ကလွန်ပွန်းစေ တီတော်ရှိပြီး အရှေ့ဘက်ကမ်း စံ ကင်းကျေးရွာတွင် မြကျိုက်ပျံစေတီ တော်ရှိပါသည်။ ဓနုဖြူမြို့အ နောက်ဘက် ခနောင်ရိုက်ကျေးရွာ ရှိ ကျိုက်ခနိမ်စေတီတော်သည် ဥမ္မာဒန္တီမင်းသမီး၏ ကောင်းမှုဖြစ် ပြီး ဓနုဖြူမြို့ မြောက်ပိုင်းရှိ ရွှေ ရောင်ပြစေတီကိုလည်း ဥမ္မာဒန္တီ မင်းသမီးတည်သည်ဟု ယုံကြည် ကြပါသည်။

ဥမ္မာဒန္တီမင်းသမီးသည် ပုသိမ် ဘုရင် သမုဒ္ဒဃောသနှင့် လက်မ ထပ်မီ အပျိုစင်ဘဝကပင် ဘုရား တည်ကျောင်းဆောက်သော သာ သနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပြီး ဓနုဖြူမြို့ ကျိုက္ကလွန်ပွန်းစေတီ တော်ကို အပျိုစင်မင်းသမီးဘဝ တွင် တစ်ကြိမ်၊ မိဖုရားဘဝတွင် တစ်ကြိမ် လာရောက်ပြုပြင်မွမ်းမံ ခဲ့ကြောင်း သိရပါသည်။ မြောင်းမြ မြို့အဝင် မြစ်ကမ်းပါးပေါ်ရှိ စကြာ နန္ဒာစေတီတော်နှင့် မြောင်းမြ မြို့ နယ် လပွတ်ကုလားကျေးရွာရှိ ကျိုက်မောင်းစေတီတော်တို့ကိုလည်း ဥမ္မာဒန္တီတည်ခဲ့သည်ဟု ယခုတိုင် လက်ခံထားကြပါသည်။

ကျိုက္ခနိမ်စေတီတော်ကို ဥမ္မာဒန္တီမင်းသမီးတည်ထားသည်ဟု သားစဉ်မြေးဆက် ယုံကြည်ထားသော်လည်း စေတီတည်သည့် သက္ကရာဇ် အတိအကျကို ခန့်မှန်းရန်ခက်ခဲ နေပြီး သာသနာ သက္ကရာဇ် ၇ဝဝ-၇၅ဝ တွင် တည်သည်ဟူဟော အ ယူအဆသည် ပထမဆုံး အယူအ ဆဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သို့ သော်လည်း မှတ်တမ်းအချို့တွင် သက္ကရာဇ် ၆၂၅ ခုနှစ်တွင် တည် သည် ဟု ရေးမှတ်ထားရာ ထို သက္ကရာဇ်မှန်ကန်လျှင် သမုဒ္ဒဃော

သဘုရင်နှင့် ဥမ္မာဒန္တီတို့ ပုသိမ်တွင် ထီးနန်းစိုးစံစဉ် တည်ခဲ့ခြင်းဖြစ်နိုင်ပါသည်။ ကျိုက္ခနိမ်စေတီတော်ကို အေဒီ ၉ဝဝ တွင် တည်သည် ဟု မှတ်တမ်း အချို့တွင် ရေးထားသော် လည်း အင်္ဂလိပ်သက္ကရာဇ်ဖြစ်နေ သဖြင့် နှောင်းခေတ်သမိုင်းဆရာ တို့၏ အယူအဆကို အတည်ပြု ရန်ခက်ခဲနေခဲ့ပါသည်။

ကျွန်တော်တို့ သွားရောက်၍ အနီးကပ်ဖူးခဲ့ရသော ကျိုက္ခနိမ်စေ တီတော်သည် ချောင်းကပ်စပ်တွင် တည်ထားသော သမားရိုးကျ မြေ
စိုက်စေတီတော်တစ်ဆူသာဖြစ်သ ဖြင့် ကျေးလက် အငွေ့အသက်များ ဖုံးလွှမ်းကာ ငြိမ်းချမ်းမှုရသကို အ ပြည့်အဝပေးဝေနေသည်ဟု ထင်မိ ပါသည်။

ဖိနပ်တော်မှ စိန်ဖူးတော်အထိဥာဏ်တော် ၆၄ တောင်၊ နှစ် မိုက်ရှိပြီး ငှက်ပျောဖူး ခြောက် တောင်၊ ထီးတော်စု ကိုးဆင့်၊ စေတီ လုံးပတ်တော် ၁၇၄ ပေ၊ ၈ လက်မ ရှိကြောင်း စနစ်တကျ မှတ်တမ်း တင်ထားသည်မှာ ကျေနပ်ဖွယ်ဖြစ် ပါသည်။ ဦးပဉ္စင်းကြီး ဦးဝါယမက 'ကျိုက္ခနိမ်စေတီတော်ကို မွန်မင်းသမီး ဥမ္မာဒန္တီတည်ခဲ့တယ်လို့ ခေတ်အဆက်ဆက် ယုံကြည်တဲ့အတွက် အငြင်းပွားစရာ မရှိပါဘူး။ ဥမ္မာဒန္တီကို ယှဉ်နိုင်တဲ့ တစ်ခြား မင်းသမီးလည်း မရှိပါဘူး။

ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်က ဘုရား စေတီတွေရဲ့ ဘွဲ့တော်မှာ ကျိုက်ပါတာဟာ ထုံးစံဖြစ်ပါတယ်။ ကျိုက် ဆိုတာက ဘုရားဖြစ် ပါတယ်။ ကျိုက္ခနိမ် ဘုရားဘွဲ့မှာ ခနိမ်က ကမ်းစပ်လို့ အဓိပ္ပာယ်ရပါတယ်။ ကမ်းစပ်ချောင်းစပ်မှာ တည်ထား တဲ့ ဘုရားလို့ ဘွဲ့တော် ဆက်ကပ် ထားခြင်းဖြစ်ပါတယ်။ ဘုရားဘွဲ့ တော်နဲ့ လက်ရှိအနေအထား အ လွန်လိုက်ဖက်ညီနေတာတွေ့နိုင်ပါ တယ်။ ချောင်း ကမ်းပါးမှာ တည် ထားပေမယ့် ကမ်းမပြိုဘဲ နှစ် ပေါင်းရာချီပြီး အပူဇော်ခံနေတာ ဟာ အလွန်ထူးခြားပါတယ်''ဟု မိန့်ကြားပါသည်။

အလှနှင့်ဒါနကောင်းမှုတွင် ပြိုင်ဘက်ကင်းသော ဥမ္မာဒန္တီ မင်းသမီး (သို့မဟုတ်) ဥမ္မာဒန္တီမိဖုရား တည်ထားခဲ့သည့် ကျိုက္ခနိမ်စေ တီ တော်၏ ပုံရိပ်ကို အနီးကပ်လေ့ လာသောအခါ ပုံတော်ကြီးမြင့်ခြင်း ကို အဓိကမထားဘဲ ပုံတော်ပြေ ပြစ်ခြင်း၊ ပျော့ပျောင်းခြင်း၊ သွယ်လျခြင်းကို ဦးစားပေးတည်ထားခဲ့ သည်ဟု ကျွန်တော်ထင်မိပါသည်။ ဘုရားကို ဝိုင်းပတ်တည်ထားသည့် စေတီစုံ ၂၇ ဆူသည် လည်း ကျိုက္ခ နိမ်စေတီတော်နှင့် ပုံတူဖြစ်ပါ သည်။ ကိုယ်လုံးတော် ရင်စည်း အောက်တွင် ဘီလူးပန်းဆွဲများထု ဆစ်ထားပုံမှာ အလွန် အသက်ဝင် စေပါသည်။ မူလစေတီတော်မှာ ၁၂ ရာစုလက်ရာဖြစ်သော်လည်း အထောက်အထားများ မကျန်ရှိ တော့ပါ။ မူလ လက်ရာ မူလစေတီသည် ရှေးဟောင်းလက်ရာ ရှေး ခေတ်စေတီဖြစ်သော်လည်း ခေတ်အဆက်ဆက်တွင် နှောင်း လူများ ပြင် ဆင်သောအခါ အပြောင်းအ လဲများဖြစ်နိုင်ပါသည်။

 စေတီတော် စတင်တည်ထား သည့် ကျောက်စာမရှိသော်လည်း နှောင်းခေတ် တွင် ပြုပြင်မွမ်းမံစဉ် ရေးထိုးသော ကျောက်စာ များ သည်လည်း သမိုင်းအထောက်အပံ့ဖြစ် နိုင်ပါသည်။ ကျိုက္ခနိမ်စေတီတော် ကို ၁၃ဝ၂ ခုနှစ်တွင် ရွှေလှေကျေး ရွာမှ ဦးရွှေလုံးမိသားစု က အုတ်အင်္ဂတေများဖြင့် မွမ်းမံပြင်ဆင် ကာ ရွှေသင်္ကန်းကပ်လှူပူဇော် ကြောင်း အလှူမှတ်တမ်းကျောက် စာတစ်ခု ရွှေလှေကျေးရွာ တွင်ရှိ ကြောင်း သိရပါသည်။ ၁၃ဝ၂ ခုနှစ်တွင် ရေးထိုးသော ထို ကျောက်စာသည်ပင် ယခုအချိန် တွင် သက်တမ်းအားဖြင့် ၇၅ နှစ် ကြာညောင်းနေသဖြင့် စေတီတော် ၏ သက်တမ်းသည် နှစ်ပေါင်းရာ ကျော်ရန် သေချာနေပါသည်။ သက္ကရာဇ် ၆၂၅ ခုနှစ်တွင် တည် သည့် မှတ်တမ်းမှန်ကန်လျှင် စေတီတော်၏ သက်တမ်းသည် နှစ် ပေါင်း ၇၅၂ နှစ်အထိ ရှိသဖြင့် ရှေး ဟောင်းစေတီ တစ်ဆူဖြစ်ကြောင်း ထင်ရှားနိုင်ပါသည်။

ကျိုက္ခနိမ်စေတီတော်၏ ထူး ခြားချက်တစ်ခုမှာ နယ်ချဲ့ဆန့် ကျင်ရေး မျိုးချစ်ခေါင်းဆောင် ဗိုလ် မြတ်ထွန်း၏ တပ်မှူးဗိုလ်မြတ်စု တည်ထားခဲ့သည့် စေတီတစ်ဆူရှိ နေခြင်းဖြစ်ပါသည်။ အောင်စေတီဟု ဘွဲ့တော်တွင်သော ထိုစေတီသည်လည်း သမိုင်းဝင်စေ တီဖြစ်ပြီး မြန်မာလူမျိုးတို့၏ နယ်ချဲ့ဆန့်ကျင် ရေး စိတ်ဓာတ်ကို သက်သေခံနေ သည်ဟု ပြောနိုင်ပါသည်။ ဗိုလ် မြတ်စုသည် မင်းတစ်စုရွာသားဖြစ် ပြီး ဗိုလ်မြတ်ထွန်း၏ တပ်တွင် အင်အား ၁ဝဝဝ ရှိသော တပ်ဗိုလ် တစ်ဦးဖြစ်ပါသည်။ မင်းတစ်စု ကျေးရွာ သည် ခေတ်အဆက်ဆက် ရေပတ်လည်ဝိုင်းနေသဖြင့် ဒေသခံ ယောက်ျားအားလုံးသည် လှေလှော်ကျွမ်းကျင်ကြပါသည်။

အား ကောင်းမောင်း သန် လှေသမားလူ ငယ်များသည် ဗိုလ်မြတ်စု၏ တပ် ဖွဲ့တွင် ပါဝင်ပြီးနောက် နယ်ချဲ့ဗြိတိ သျှတို့ကို ရွပ်ရွပ်ချွံချွံ ခုခံတိုက် ခိုက်ခဲ့ကြပါသည်။

 ဗြိတိသျှတို့၏ လက်ချက်ဖြင့် ဗိုလ်မြတ်ထွန်းကျဆုံးပြီးနောက် တပ်မှူးဗိုလ်မြတ်စုသည် မင်းတစ်စု ကျေးရွာသို့ ပြန်လာကာ မထင်မ ရှားနေထိုင်စဉ် သက္ကရာဇ် ၁၂၄၄ ခုနှစ်တွင် အောင်စေတီကို တည် ထားခြင်းဖြစ်ပါသည်။ ဥမ္မာဒန္တီ မင်းသမီးတည်ခဲ့သည့် ဘုရား ရင် ပြင်တွင် ဗိုလ်မြတ်စုက စေတီ တော် တစ်ဆူထပ်မံတည်ထားခြင်း သည် ထူးခြားပြီး ကျိုက္ခနိမ်စေတီ တော်၏ သမိုင်းပုံရိပ်ကို ပိုမို ခိုင် မာစေသည်ဟု ထင်မိပါသည်။ ဗိုလ်မြတ်ထွန်း၏ မျိုးချစ်တပ်ဖွဲ့ ဆင်နွှဲခဲ့သော ကျုံကဇင်းတိုက်ပွဲ သည် အလွန်ပြင်းထန်ပြီး ကျုံက ဇင်းချောင်းတွင် သွေးရောင်လွှမ်းခဲ့သည်ဟု အဆိုရှိပါသည်။ ဗိုလ် မြတ်စုသည် မင်းတစ်စုကျေးရွာသို့ ပြန်လာ ပြီးနောက် အောင်စေတီ ကို တည်ခဲ့သဖြင့် ယခုအချိန်တွင် သက်တမ်းအားဖြင့် ၁၃၃ နှစ်ရှိနေ ပြီဖြစ်ပါသည်။ သမိုင်းဝင် ကျုံက ဇင်းတိုက်ပွဲကို သက်သေပြ လိုလျှင် ဗိုလ်မြတ်စု၏ အောင်စေတီသည် အခိုင်မာဆုံး အထောက်အထား ဖြစ်နိုင်ပါသည်။

ကျွန်တော်ငယ်စဉ်က သူငယ် ချင်းများ နေထိုင်သော ကျေးရွာကို မင်းဂရုဟုသာ အလွယ်တကူခေါ် လေ့ရှိပြီး ယခုအခါ မင်းတစ်စုရွာ ဟု ခေါ်နေသဖြင့် လေ့လာမေးမြန်း သောအခါ ကျိုက္ခနိမ်စေတီတည် စဉ် မြို့စားရွာစားမင်းညီမင်းသား များ စုံညီစွာ ရောက်ရှိလာပြီး ပါဝင်လှူဒါန်းသောကြောင့် မင်းများစုဝေးခြင်းကို အကြောင်းပြု၍ မင်း တစ်စုရွာဟု ခေါ်တွင်ကြောင်း သိရပါသည်။ မင်းဂရု ဟု ခေါ်ခြင်း မှာ အရပ်အခေါ်၊ ကျေးလက်အခေါ် ဖြစ်ပြီး ယခုအခါ မင်းတစ်စုကျေး ရွာဟု တရားဝင်ခေါ်တွင်နေ ပါသည်။ မင်းတစ်စုကျေးရွာ၏ ကျက်သရေဆောင် ကျိုက္ခနိမ်ဘုရား ပွဲကို နှစ်စဉ်တော်သလင်း လဆန်း ၁၂ ရက်မှ တော်သလင်း လပြည့် နေ့အထိ ကျင်းပလေ့ရှိပြီး ကုန်းပွဲ ရေပွဲများဖြင့် အလွန်စည်ကားသ ဖြင့် ဗြိတိသျှ အစိုးရလက်ထက်တွင် ဧရာဝတီသင်္ဘောများ အထူးအစီအစဉ်ဖြင့် ခုတ်မောင်းပေးခဲ့ရ သည်ဟု သိရပါသည်။ မြန်မာ သတင်းစာ လောကတွင် အလွန် ထင်ရှားသော သတင်းစာ ဆရာကြီး

ဦးအုန်းခင် (မိုးကြိုး)သည် မင်းတစ် စုရွာသား မင်းတစ်စုချက်မြှုပ်ဖြစ် ကြောင်း သိရသဖြင့် ဂုဏ်ယူမိပါ သည်။

မင်းတစ်စုရွာ၏ ထူးခြားချက် မှာ အင်းလုပ်ငန်း၊ ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ခြင်းဖြစ်ပြီး၊ မင်း တစ်စုရွာ၏ ငါးလေးချဉ်လုပ်ငန်း အလွန်ထင်ရှားပါသည်။ မင်းတစ်စု ငါးလေးချဉ်သည် အခြားဒေသမှ  ငါးချဉ်များနှင့် လုံးဝမတူဘဲ ကျေးရွာ ငါးရွာမှ အိမ်ထောင်စု ၉ဝ ကျော် အသက်မွေးဝမ်းကျောင်း လုပ်ငန်းဖြစ်ကြောင်းလည်း သိရပါသည်။ ယခင်က ရေပတ်လည်ဝိုင်း နေသော် လည်း မော်တော် ကား လမ်းများပေါ်လာချိန်တွင် ဈေးကွက်သို့ ပိုမိုတင်ပို့နိုင်သဖြင့် နာမည်ကြီးလာခြင်းဖြစ်ပါသည်။ မင်းတစ်စု ငါးလေးချဉ်၏ အရသာ မှာ ချဉ်ပြုံးပြုံးဖြစ်သဖြင့် အမည်နှင့် လိုက်ဖက်ပါသည်။

မင်းတစ်စုငါး လေးချဉ်ကို ကြက်သွန်နီ၊ နံနံပင်၊ ရှမ်းနံနံ (သို့မဟုတ်) ကုလားနံနံ၊ ပင်စိမ်းရွက်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးစိမ်း ပါးပါး လှီး၍ ဆီရွှဲရွဲ ဆမ်းကာသုပ်စားပါက မိသားစု ခံတွင်းမြိန်သော ဟင်းကောင်းတစ် ခွက် ဖြစ်လာနိုင်ပါသည်။ ကျိုက္ခနိမ် ဘုရားပွဲမှ အပြန်တွင် မင်းတစ်စု ငါးလေးချဉ်ထုပ်များဝယ်လာပြီး အိမ်နီးချင်းများကို လက်ဆောင်ပေးလျှင် အကောင်ဆုံးရွာပြန် လက် ဆောင်ဖြစ် သဖြင့် ကျေးဇူးတင်ခံ ရပါလိမ့်မည်။   

ဘသန်းတင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.