19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ကချင်ပြည်နယ် ပူတာအို ခရိုင်တွင် တည်ထားမည့် ရွှေတိဂုံပုံတူ စေတီတော် သုံးဆူ

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်သော နိုင်ငံဖြစ်ပါသည်။ တိုင်းနှင့် ပြည်နယ် ၁၄ ခုရှိသော မြန်မာနိုင် ငံ မြေပုံကိုကြည့်လျှင် မြန်မာပြည်မြောက်ပိုင်းရှိ ကချင်ပြည်နယ်ကို လှပစွာ တွေ့မြင်နိုင်ပါသည်။

တနှစ်ပတ်လုံး ရေခဲနေသော နှင်းဖုံးနေသော ဒေသဖြစ်သဖြင့် အခြားပြည်နယ် တိုင်းများနှင့်မတူဘဲ တစ်မူထူးခြားနေသည်ဟု ဆိုနိုင် ပါသည်။

ကချင်ပြည်နယ်သည် မြောက်ဘက်တွင် တိဘက်၊ အရှေ့ဘက်တွင် တရုတ်ပြည်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်နေပြီး မြန်မာနိုင်ငံတွင်  အမြင့်ဆုံး ခါကာဘိုရာဇီတောင် (၅၈၈၁ မီတာ) သည် ကချင်ပြည်နယ်အတွင်း တိဘက်နယ်စပ်၌ ရှိနေပါသည်။ မြန်မာနိုင်ငံ မြောက်ဘက်စွန်း အဝေးဆုံးနေရာတွင် တည်ရှိသော တောင်ဖြစ်ပါသည်။

အလွန်ဝေးကွာသော လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ပူတာအို ခရိုင်ရှိ တိဘက်ကျေးရွာ သုံးရွာတွင် ရွှေတိဂုံ ပုံတူစေတီတော် သုံးဆူတည်မည်ဟု ပြောလျှင် မဖြစ်နိုင်ဟု ထင်သောကြောင့် ငြင်းမိမည် ဖြစ်သော်လည်း အမှန်တကယ် တည်ထားမည့် ရွှေတိဂုံ ပုံတူစေတီသုံးဆူကို အောက်တိုဘာ ၁၁ရက် တနင်္ဂနွေနေ့တွင် ရွှေတိဂုံ စေတီတော် ရင်ပြင်၌ ဖူးရသောအခါ မယုံ၍ မရတော့ဘဲ ယုံခဲ့ရပါသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင်  ရွှေတိဂုံ ပုံတူစေတီတော်များ တစ်ဆူပြီး တစ်ဆူ တည်နေစဉ် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝခေါ်သံ ဖောင်ဒေးရှင်းက ပူတာအိုခရိုင် နောင်မွန်းမြို့နယ်၊ ပန်နုန်းဒင်မြို့နယ်ခွဲ တအွန်ဒမ်း၊ ဂူဘားနှင့် မဒိန်းရွာများ တွင်  ရွှေတိဂုံ ပုံတူစေတီတော် များတည်ရန် ကြိုးပမ်း အားထုတ်ခြင်းသည် အလွန်အံ့သြ ဖွယ်ကောင်းသော လုပ်ရပ်ဖြစ်ပါသည်။ မဟာသက္ကရာဇ် ၁၀၃ခုနှစ်တွင် ဥက္ကလာပမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရွှေတိဂုံ စေတီတော်၏ ပုံတူစေတီတော်ကို မြန် မာနိုင်ငံ ၏ အဝေးဆုံးနှင့် အမြင့်ဆုံးဒေသတွင် တည်ထားရန် ပထမအကြိမ် ကြိုးစားခြင်းဖြစ်သည်ဟု မှတ်တမ်းတင်ရပါလိမ့်မည်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးအားလုံး ၀မ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ရမည့် ထူးမြတ်သော အလှူတော်လည်း ဖြစ်ပါသည်။

ကျွန်တော်နှင့်အတူ ပါလာသည့် ဘာသာရေး စာရေးဆရာကြီး တစ်ယောက်က "ဒါဟာ ခြေလျင်တောင်တက်သမားလူငယ်တွေရဲ့ ဘာသာရေး စွမ်းဆောင်ချက်ဖြစ်ပြီး သူတို့ရဲ့ ခြေလှမ်းတွေဟာ သာသနာပြု ခြေလှမ်းတွေ ဖြစ်လာပြီ၊ သူတို့ဟာ ကချင်ပြည်နယ် ရဲ့ ရေမြေသဘာဝကို စူးစမ်းလေ့လာရုံနဲ့ မပြီးဘဲ အဲဒီဒေသမှာ ရွှေတိဂုံ ပုံတူစေတီ သုံးဆူ တည်တာဟာ အလွန်ထူးခြားတယ်။ တိဘက်ကျေးရွာတွေမှာ ရွှေတိဂုံ ပုံတူစေတီသုံးဆူတည်တာဟာ သာသနာတော် သမိုင်းမှာ ပထမအကြိမ်ဖြစ်တဲ့အတွက် မှတ်တမ်း တင်ထားသင့်တယ်"ဟု ပြောခဲ့ပါသည်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ပူတာအို ခရိုင် တိဘက်ကျေးရွာ သုံးရွာတွင် တည်ထားကိုးကွယ်မည့် ရွှေတိဂုံ ပုံတူ
စေတီတော် သုံးဆူနှင့် ရုပ်ပွားတော် များကို ရွှေတိဂုံရင်ပြင်တော်ပေါ် တွင် သုံးပတ်လှည့်လည် အပူဇော် ခံပြီးနောက် အောင်မြေတွင် ရင် ငွေ့လှုံပူဇော်ပွဲပြုလုပ်သော အခါ တွင် ဘုရားဖူး ပရိသတ်များ စိတ် ဝင်စားစွာ လေ့လာဖူးမြော်ကြပြီး အံ့သြဝမ်းမြောက်နေကြပါ သည်။ တအွန်ဒမ်း၊ ဂူဘားနှင့် မဒိန်းဟူ သော တိဘက်ကျေးရွာ အမည် များမှာ အလွန်ထူးဆန်းသဖြင့် မှတ် သားနေသူများလည်း ရှိပါသည်။

ခရီးလမ်းပန်းခက်ခဲသော ပူတာအိုခရိုင်သို့ လုံခြုံရေးတပ်ဖွဲ့များနှင့် အစိုးရဝန်ထမ်းများသာ အရောက်အပေါက်များခဲ့ပြီး သာမန် လူများ တစ်ခါတစ်ခေါက်သွား ရောက်ရန် မလွယ်ကူနိုင်ပါ။ တိဘက်ဗုဒ္ဓဘာသာဝင်များသည် ၁၈၉၂ ခုနှစ်ခန့်မှစ၍ ပူတာအိုခရိုင် အတွင်း ရွှေ့ပြောင်းရောက်ရှိ လာပြီး အခြေချနေထိုင်ကာ နွား မွေးမြူခြင်း၊ ဂျုံ၊ ပြောင်း၊ ပဲ၊ အာလူး၊ လူး၊ ဆတ်များစိုက်ပျိုးခြင်းဖြင့်  အ သက်မွေးကာ မဟာယာနဗုဒ္ဓဘာ သာနှင့် ထေရဝါဒ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်လျက်ရှိ ကြောင်း သဘာဝခေါ် သံ ဖောင် ဒေးရှင်း၏ လက်ကမ်းစာစောင်တွင် ဖတ်ရှုမှတ်သားရပါသည်။ ထိုရွာများသည် မြန်မာနိုင်ငံမြောက်ဘက်ဖျားရှိ ဗုဒ္ဓသာသနာ ခံတပ် ကျေးရွာများဖြစ်သည်ဟုလည်း ဖော်ပြထားပါသည်။ ထိုကျေးရွာများတွင် ရွှေတိဂုံပုံတူစေတီတော်များ တည်ထား ကိုးကွယ်ခြင်း သည် ဗုဒ္ဓသာသနာခံတပ်များ ပိုမိုအား ကောင်းစေရန်အားဖြည့်ပေးခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။

တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း၊ သဘာဝ ခေါ်သံဖောင်ဒေးရှင်းနာယက သမားတော်ကြီးဒေါက်တာ ဒေါ် ခင်မေအုန်းနှင့် ဥက္ကဋ္ဌ ဦးမျိုးသန့် တို့ ဦးဆောင်၍ ကျေးရွာလူထုကို ဆေးကုသပေးသော လူထုအကျိုး ပြု ခရီးသွားရောက်စဉ် ဂူဘား ကျေးရွာအတွက် ဘုရားဓာတ် တော်မွေတော်နှင့် ဌာပနာပစ္စည်းများ ပင့်ဆောင်သွားရာ ဒေသခံ တိဘက်မြန်မာတို့က ဂူဘားရွာ တွင်သာမက တအွန်ဒမ်းနှင့် မဒိန်း ရွာများတွင်ပါ စေတီတော်များ တည်ထားပေးရန် မေတ္တာရပ်ခံသ ဖြင့် ပူတာအိုမြို့နယ် သံဃာ့နာယ က သြဝါဒ စရိယ သာယာကုန်း ကျောင်းဆရာတော် ဦးတိလောက ကို လျှောက်ထားညှိနှိုင်းပြီး စေတီ တော်သုံးဆူတည်ရန် စီစဉ်ခြင်း ဖြစ်ပါ သည်။

ထိုကျေးရွာများတွင် စေတီ တော်များ တည်ထားသောအခါ သမားရိုးကျ ဘိလပ်မြေ၊ သဲ၊ အုတ် များဖြင့် တည်ထားရန် မလွယ်ကူ သဖြင့် နည်းလမ်း ရှာသောအခါ နိုင်ငံခြားမှ တင်သွင်းသော ရွှေ ရောင်စတီးလ်ပြားများဖြင့် စေတီ တည်နိုင်ကြောင်း သိရပါ သည်။ ရွှေရောင် စတီးလ်ပြားများကို မြန်မာ့ရိုးရာ ပန်းတဉ်းပညာရှင်များ၏ အနုပညာနှင့် ပေါင်းစပ်ပုံဖော် သောအခါ ရွှေရောင် တဖိတ်ဖိတ် ဝင်းလက်နေသော စေတီတော်များ ပေါ်ထွန်းလာခဲ့ပါသည်။ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ကြည့်မြင်တိုင် လမ်းရှိ ပန်းတဉ်းတန်းတွင် ပန်းဆယ်မျိုးလုပ် ငန်းများ ထွန်းကားပြီး ဘုရားစေတီ များ၊ ထီး၊ ငှက်မြတ်နား၊ စိန်ဖူးများ ကို  စတီးလ်ပြား များဖြင့် လက်ရာ မြောက်စွာ ပြုလုပ်ပေးနေပါသည်။

စတီးလ်ပြားများဖြင့် တည် ထားသော ရွှေတိဂုံပုံတူစေတီတော်များကို ရန်ကုန်တိုင်းအတွင်း အလုံ မြို့နယ်၊ ကမာရွတ်မြို့နယ် ဘုန်း တော် ကြီး ကျောင်းများတွင် ရွှေ ရောင်တဝင်းဝင်းဖြင့် ဖူးမြော်နိုင်ပြီး ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူး တိုင်း၊ စစ်ကိုင်းတိုင်း တွင်လည်း ရွှေတိဂုံပုံတူစေတီတော်များ အပူဇော်ခံနေကြောင်း သိရပါသည်။

စတီးလ်ပြားဖြင့် ဘုရားတည်ခြင်းကို ဥာဏ်တော်ခြောက်ပေဖြင့် စတင်ခဲ့ပြီး ဥာဏ်တော် ၃၈ ပေ အမြင့်ထိ တည်ထားပေးနိုင်ကြောင်း လည်း သိရပါသည်။ စတီးလ်ပြား များဖြင့်တည်သော ရွှေတိဂုံပုံတူ စေတီတော်များသည် အပိုင်း အကန့်ရှိသဖြင့် ဖြတ်ရန်တပ်ရန် သယ်ယူရန် လွယ်ကူပြီး လျင်မြန်စွာ တည်ထောက်နိုင်ခြင်း၊ ပေါ့ပါးစွာ သယ်ယူနိုင်ခြင်းကြောင့် လူကြိုက်များလာခြင်းဖြစ်ပါ သည်။ ရွှေတိဂုံ ပုံတူစေတီတော်များကို ဝေး လံခေါင်ဖျား ဒေသများတွင် တည် ထားပူဇော်လိုလျှင် စတီးလ်ပြား သည် အကောင်း ဆုံး ဖြစ်သည်ဟု ယူဆကြပါသည်။

 ရွှေတိဂုံပုံတူစေတီတော် သုံးဆူတည်ထားမည့် တိဘက် ကျေးရွာသုံးရွာသည် ပူတာအိုခရိုင် အတွင်း၌ တည်ရှိသော်လည်း ပူ တာအိုနှင့် မိုင် ၁၇ဝ ခန့် ကွာဝေးပြီး ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်ကြီးအတွင်းတည်ရှိ ကြောင်း အိန္ဒိယနယ်စပ်နှင့် နီး ကြောင်း မြေပုံတွင် အထင်အရှား တွေ့မြင်ရပါသည်။ ကျေးရွာသုံးရွာ တွင် တည်ထားမည့် စေတီသုံးဆူ အနက် မဒိန်းရွာတွင် တည် ထား မည့် လောကသယမ္ဘူစေတီ တော်ကို တက်လမ်းဆောက်လုပ် ရေးမှ ဦးရှိန်ဝင်း၊ ဒေါ်ခင်ချိုဦး မိသားစုက လှူဒါန်းပါသည်။ ဂူ ဘားကျေးရွာတွင် တည်ထားမည့် လောကရံသီ စေတီတော်ကို ပါမောက္ခ ဒေါက်တာဒေါ်ခင်မေ အုန်းက လှူဒါန်းပါသည်။ တအွန် ဒမ်းရွာ တွင် တည်ထားမည့် လောက ဝိဒူစေတီတော်ကို သဘာဝခေါ်သံ ဖောင်ဒေးရှင်းက လှူဒါန်းပါသည်။ စေတီတော်များ၏ ဘွဲ့တော်နှင့် အလှူရှင်အမည်များကို စနစ်တကျ ရေးထိုးထားသဖြင့် ကချင်ပြည်နယ် တွင် သာသနာတော် အစဉ်ထာဝရ ထွန်းလင်းစေ ရန် ရည်ရွယ်ချက်ရှိ ကြောင်း ပေါ်လွင်နေပါသည်။

 စေတီတည်ထားမည့် နေရာကို ဒေသခံကျေးရွာလူကြီးများ နှင့် ညှိနှိုင်းရွေးချယ်ထားပြီးဖြစ်ပါသည်။ မြေမာပေါ်တွင် တစ်ပေ ထူ သော ကျောက်ပြားဖြင့် ရင်ပြင်ခင်းပြီး အလယ်တွင် ခြောက်ပေမြင့် သော ဂန္ဓကုဋီတိုက်တည်ကာ ဂန္ဓ ကုဋီတိုက် ၏ လေးဖက် မျက်နှာတွင် လိုဏ်မုခ်ဖောက်၍ ကိုးလက် မရှိသော ပလ္လင်တောင်ပေါ်တွင် ဥာဏ်တော်တစ်ပေရှိသည့် ကြေး ဆင်းတုတစ်ဆူစီ ပူဇော် ထားမည် ဖြစ်ကြောင်း သိရပါသည်။ ဖိနပ် တော်မှ စိန်ဖူးတော်အထိ အမြင့် ဥာဏ်တော် ခုနစ်ပေရှိသော ရွှေတိ ဂုံပုံတူစေတီတော်ကို ဂန္ဓကုဋီတိုက် ပေါ်တွင် ပင့်ဆောင် တင်လှူလိုက် သောအခါ ရင်ပြင်တော်မှ စိန်ဖူး တော်အထိ အမြင့် ၁၅ ပေရှိသွား မည်ဖြစ်ပါသည်။ လိုဏ်မုဒ်ခံစေတီ တော်ပုံကို ပန်းချီရေးဆွဲဖော်ပြထားသဖြင့် ဗုဒ္ဓဘာသာဝင်များ အပီအ ပြင်ဖူးခွင့်ရပြီး သိသင့်သော အချက် အလက် အားလုံး သိခွင့်ရခဲ့ပါ သည်။

 ရွှေတိဂုံပုံတူစေတီသုံးဆူ ရန်ကုန်မြို့တွင် တည်ဆောက်ပြီး သော်လည်း ကချင်ပြည်နယ်ပူတာ အိုခရိုင် တိဘက်ကျေးရွာများသို့ အလွယ်တကူ မသယ်ယူနိုင်ဘဲ အ ချိန်စောင့်ရလိမ့်မည်ဟု သဘာဝ ခေါ်သံဖောင်ဒေးရှင်းအဖွဲ့ဝင်တစ် ဦးက ရှင်းပြပါသည်။ ကချင်ပြည် နယ်တွင် မိုးပြတ်သွားမည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းနှင့် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလ ဆန်း ပိုင်းအတွင်း ပင့်ဆောင် ရန် စီစဉ်ထားကြောင်းလည်း သိရပါသည်။ ထိုအချိန်သည် ကချင်ပြည်နယ် တွင် ခြေခင်းလက်ခင်းသာချိန်ဖြစ် ပြီး တိဘက်ကျေးရွာများ တွင် ယာခင်းများရိတ်သိမ်းပြီးချိန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ဘုရားပင့် သောလုပ်ငန်း၊ ဘုရားတည်သော လုပ်ငန်းများ တွင် ဒေသခံ များ အား သွန်ခွန်စိုက်ပါဝင်ဆောင်ရွက်ရန် မျှော်လင့်ထားကြပါသည်။

သဘာဝခေါ်သံဖောင်  ဒေးရှင်းသည် ရွှေတိဂုံပုံတူစေတီ သုံးဆူလက်တွေ့ မပင့်ဆောင်မီ လမ်းပန်းဆက်သွယ်ရေး အခြေအ နေ လေ့လာရန် ရှေ့ပြေးအဖွဲ့စေ လွှတ်ခြင်း အပါအဝင် အသေး စိတ် အစီအစဉ်များ ရေးဆွဲထား သဖြင့် တိဘက်ကျေးရွာသုံးရွာသို့ ရွှေတိဂုံပုံတူစေတီသုံးဆူ အောင် မြင်စွာ ပင့်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ လမ်းခရီး တစ်လျှောက်တွင် ရေစီးသန်သော မြစ်ချောင်းများ၊ ကြိုးတံတားများ၊ လျှိုမြောင်ချောက်ကမ်းပါးများ၊ တောင်စဉ်တောင်တန်း အထပ် ထပ်ကို ကျော်ဖြတ်ရမည်ဖြစ်ပါ သည်။

 ရွှေတိဂုံပုံတူစေတီတော် သုံးဆူကို အလွန်ဝေးကွာသော ကချင်ပြည်နယ်ပူတာအိုခရိုင် တိဘက်ကျေးရွာများသို့ ပင့်ဆောင် တည် ထားကြောင်း ရန်ကုန်မြို့၊ ရွှေ တိဂုံစေတီတော်ကြီး၏ ဒါယကာ ဥက္ကလာပမင်းကြီးသိလျှင် ဝမ်း မြောက်ဝမ်းသာ သာဓုအနုမောဒ နာ ခေါ်လိမ့်မည်ဟု ယုံကြည်မိပါ သည်။

သိဂုင်္တ္တရတောင်ကုန်း ပေါ်တွင် တည်ထားသည့် ရွှေတိဂုံ စေတီတော်ကြီး၏ ပုံတူစေတီတော် များကို ကချင်တောင်တန်းများ ပေါ်တွင် ပင့်ဆောင်တည်ထား ခြင်းသည် သာသနာတော် ထွန်း ကားပြန့်ပွားခြင်း၏ အတိတ်နိမိတ် ဖြစ်ပါသည်။

ဗုဒ္ဓသာသနာ အဓွန့်ရှည် စွာ တည်ပါစေသတည်း။

ဘသန်းတင်
 
Untitled Document
asdf said...
Monday 21 December 2015, 5:36 am
alert();
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.