23 - 3 - 2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
လေးမြို့မြစ်ရေ တိုက်စားမှုကြောင့် မင်းပြားမြို့နယ် လက်မ(ရခိုင်) ကျေးရွာမှ နေအိမ် ၈ဝ ကျော် ဘေးလွှတ်ရာသို့ပြောင်း
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1006
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ကျောင်းကန်ဘုရား
ဓနုဖြူမြို့နယ် ပြည်လုံးချမ်းသာ စေတီတော်

ရန်ကုန်မြို့နှင့် ဓနုဖြူမြို့သည် မိုင် ၆၀ သာ ကွာဝေးသဖြင့် ခရီးသည်တင်ကားများ စီး၍ အလွယ်တကူ သွားလာနိုင်ကြပါသည်။ သို့သော် လည်း ယခုတစ်ခေါက် ဓနုဖြူမြို့သို့အပြန် တာဆုံမရောက်မီ လက်ဝဲဘက်တွင် လှမ်းမြင်ရသော စေတီတော် တစ်ဆူ၏ မြင် ကွင်းကြောင့် ကျွန်တော် မျက်လုံးများ ကျယ်သွားခဲ့ပါသည်။

ဤနေရာသည် ရှေးခေတ်ကတည်းက ပြည်လုံးချမ်းသာ စေတီတော်ဟောင်းနှင့် ကျောက်စာတိုက်ရှိကြောင်း ကျွန်တော် သိထားပါ သည်။ သို့သော်လည်း ယခု ဖူးတွေ့ရသော စေတီတော်သည် ခြုံနွယ်ပိတ်ပေါင်းများကြားမှ ပြည်လုံးချမ်းသာ စေတီတော် မဟုတ်တော့ ဘဲ ရွှေရောင် တ၀င်းဝင်း နှင့် တင့်တယ် သပ္ပာယ်စွာ အပူဇောခံနေသော စေတီတော်သစ် ဖြစ်နေပါသည်။ စေတီတော်ဟောင်းကို ယခုလို စေတီသစ် ဖြစ်လာစေရန် အသေးစား ပြင်ဆင်ရုံဖြင့် မရနိုင်ဘဲ ဘက်စုံ ပြုပြင် တည်ဆောက်ထားကြောင်း ပေါ်လွင်နေပါ သည်။  ကျွန်တော်သည် ဓနုဖြူသားဖြစ်သော်လည်း ပြည်လုံးချမ်းသာ စေတီတော် ဘက်စုံ ပြုပြင် မွမ်းမံခြင်းကို မသိခဲ့ကြောင်း ၀န်ခံရပါလိမ့်မည်။

ပြည်လုံးချမ်းသာစေတီတော်သည် ကျွန်တော်၏ မိဘဘိုးဘွားများ လက်ထက်မှစ၍ ရှိခဲ့သည့် စေတီတော် ဖြစ်သော်လည်း ဓနုဖြူမြို့ပြင် တွင် တည်ရှိသဖြင့် လူသူအရောက်အပေါက်နည်းကာ ပြည်တွင်းစစ်ဖြစ်ပွားချိန်၌ ပိုမိုပျက်စီးယိုယွင်းခဲ့ကြောင်း သိရပါ သည်။ ရှေး နှစ်ပေါင်း များစွာက တည်ထားသော မူလစေတီတော် ပြိုပျက်နေသဖြင့် ဘုရားတည်သော နှစ်နှင့် ဘုရား ဒါယကာကိုပင် မဖော်ထုတ် နိုင်အောင် ဖြစ်ခဲ့ပါသည်။

သို့သော်လည်း ဓနုဖြူမြို့ ခင်မကန်ကျောင်းတိုက် ပဓာန နာယက ဆရာတော်ကြီး ဘဒ္ဒန္တပုညသေဌ ကြွလာစဉ် စေတီပျက် ကို တွေ့သောအခါ တပည့် ဒါယကာ ဦးမောင်ကြီး၊ ဦးဘိုးရှိန် ၊ ဦးအောင်ဇံ + ဒေါ်နှင်းဆီတို့နှင့် တိုင်ပင်ကာ ကောဇာသက္ကရာဇ် ၁၂၇၅ ခုနှစ်တွင် ပြုပြင် တည်ဆောက်ခဲ့ရာ ၁၂၇၉ ခုနှစ်တွင် ပြီးစီးအောင်မြင်ခဲ့ပြီး ဘွဲ့တော်ကိုလည်း တစ်ပြည်လုံး အေးချမ်း သာယာစေရန် ရည်ရွယ်၍ ပြည်လုံးချမ်းသာစေတီတော်ဟု ခေါ်တွင်စေခဲ့ကြောင်း မှတ်သားရပါသည်။ တစ်နိုင်ငံလုံး လက်နက် ကိုင် ရောင်စုံသူပုန်များ ထကြွနေသဖြင့် အေးချမ်းသာယာစေရန် ရည်ရွယ်လျက်  ပြည်လုံးချမ်းသာဟု ဘွဲ့တော်ဆက်ကပ်ခြင်း ဖြစ်နိုင် ပါသည်။ ပြည်လုံးချမ်းသာ စေတီတော်သည် စေတီအသစ်မဟုတ်ဘဲ စေတီတော်ဟောင်းကို ပြုပြင် မွမ်းမံ တည်ထားခြင်း ဖြစ်ပြီး စေ တီဟောင်း ကို သိမီသူလည်း ယခုအချိန်တွင် မရှိနိုင်တော့ပါ။

၁၂၇၉ ခုနှစ်တွင် စေတီတော်သစ် တည်ထားပြီးသောအခါ စိန်ဖူးတော် နှင့် ငှက်မြတ်နားတော်ကို ထုံးတမ်းစဉ်လာ နှင့်အညီ တင်လှူ ပူဇော်ခဲ့သော်လည်း ထိုအချိန်က မြို့ပြင်တွင်ရှိနေသော ဘုရားပရ၀ုဏ်သည် လုံခြုံမှုမရှိဘဲ နယ်မြေ တစ်ခုလုံးလည်း အေးချမ်းတည်ငြိမ် မှု မရှိသဖြင့် ဆရာတော်ကြီးများနှင့် ဂေါပက အဖွဲ့ဝင်များ တိုင်ပင်ကာ စိန်ဖူးတော်အတုနှင့် လဲလှယ် တပ်ဆင်ကာ စိန်ဖူးတော် အစစ်ကို ဖြုတ်ယူသိမ်းဆည်းထားခဲ့ကြောင်း လူကြီးမိဘများထံမှ မှတ်သားရသဖြင့် ကျွန်တော့်အတွက် အထူးအဆန်း ဖြစ်ခဲ့ပါ သည်။ ကျောင်းသား အရွယ်တွင် သူငယ်ချင်းများနှင့်အတူ ပြည်လုံးချမ်းသာ စေတီတော်သို့ သွား၍ စာကျက်ခဲ့ဖူးသော်လည်း စိန်ဖူးတော် အတု၊ တင်လှူထားကြောင်း မသိခဲ့ပါ။

သို့သော်လည်း တစ်နိုင်ငံလုံး သောင်းကျန်းသူ အန္တရာယ်ချုပ်ငြိမ်းပြီး တစ်မြို့လုံးတစ်နယ်လုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသော မျက်မှောက်ခေတ်တွင် ပြည်လုံး ချမ်းသာ စေတီတော်ကို ပြုပြင် တည်ဆောက်ပြီး စိန်ဖူးတော်၊ ငှက် မြတ်နားတော် အစစ် များ ပြန် လည် တင်လှူပူဇော်ရန် အခွင့်ကောင်း အခါကောင်းကြုံလာပါသည်။ သြဝါဒစရိယ ဆရာတော်များ၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များ၊ ဂေါပ က အဖွဲ့ဝင်များနှင့် အလှူရှင်များ၏ လက်တွဲညီညီ ဆောင်ရွက်မှု ကြောင့် စေတီတော်တစ်ဆူ လုံး ဘက်စုံပြုပြင်တည်ဆောက်နိုင် ခဲ့ ပြီး ၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့် ကျော် ၈ ရက် ၂၃-၄-၂ဝ၁၄ တနင်္ဂနွေနေ့တွင် ထီးတင်ပွဲကျင်းပ ကာ မူလစိန်ဖူးတော်၊ ငှက်မြတ် နား တော်တို့ကို အောင်မြင်စွာ တင်လှူ ပူဇော်နိုင်ခဲ့ပါသည်။

၁၂၇၉ ခုနှစ်တွင် တင်လှူ ပူဇော်ခဲ့သည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို နှစ်ပေါင်း ၉၆ နှစ်ကြာ သိမ်းဆည်းထားပြီး နောက် ဘက်စုံပြုပြင်တည် ဆောက်ပြီးချိန်တွင် ပြန်လည်တင် လှူပူဇော်ခြင်းသည်အခြား ဘုရား စေတီများနှင့် လုံးဝမတူညီသော ထူးခြား ချက်ဖြစ်နေပါသည်။ မူလ စိန်ဖူးတော်နှင့် ငှက်မြတ်နား တော်ကို နှစ်ပေါင်း ၉၆ နှစ်ကြာ မပျောက်မပျက်ထိန်းသိမ်းပေးခဲ့ သော ဆရာတော်များ၊ ရပ်ရွာ လူကြီးများကို ကျေးဇူးတင်သင့်ပါသည်။ နိုင်ငံမငြိမ်သက်လျှင် ပြည် သူလူထု ဆင်းရဲဒုက္ခရောက်သည် သာမက ဘုရားစေတီပင် စိန်ဖူး တော်၊ ငှက်မြတ်နားတော်အစစ်များ မတင်လှူနိုင်ဘဲ စိန်ဖူးတော်အတု၊ ပုံတူစိန်ဖူးတော်နှင့် နေ ရ ကြောင်း ပြည်လုံး ချမ်းသာစေတီ တော်က သက်သေခံနေပါသည်။ ပြန်လည်ပြုပြင်မွမ်းမံထားသော ရင်ပြင်တော်ပေါ်တွင် အပူဇော် ခံ နေသော ပြည်လုံးချမ်းသာ စေတီတော်ကို အနီးကပ်ဖူးမြော် ကန်တော့သောအခါ မူလစေတီ ဟောင်း၏ ပုံရိပ်များမရှိတော့ ဘဲ  စေတီတော်တစ်ဆူလုံး အသစ်တစ် ဖန် ပြန်လည်တည်ထားကြောင်း တွေ့ရပါသည်။ ပြည်လုံးချမ်းသာ စေတီတော် အသစ်သည် ထုထည် ကြီးမားမှုကို ဦးစားမပေးဘဲ ကြော့ ရှင်းသွယ်မှုကို ဦးစားပေးတည်ထား သည်ဟု ထင်မိပါသည်။ ပစ္စယံ အဆင့်ဆင့်ပေါ်တွင် ကျည်းဝန်း ခံပြီး ခေါင်းလောင်းနှင့် သပိတ် မှောက်တည်ထားပုံမှာ အလွန် လက်ရာမြောက်ပြီး ဖောင်းရစ်ကိုး ရစ်ဆင့်တက်ကာ ကြာမှောက်၊ ကြာလှန်၊ ရွဲ၊ ငှက် ပျော့ဖူးများ အနုစိတ်တည်ဆောက်ထား ကြောင်းတွေ့ရပါသည်။

ဘုရားစေတီ အများစုသည် အောက်ခြေဖိနပ်တော် ပြန့်ကားပြီး သပိတ်မှောက်နှင့် ခေါင်းလောင်း ကြီးမားသော်လည်း ပြည်လုံး ချမ်းသာ စေတီတော်တွင်ဖိနပ်တော်လည်းမကား၊ သပိတ် မှောက်နှင့် ခေါင်းလောင်းတော်လည်း ကျစ်လျစ်သေးငယ်နေ ကြောင်း တွေ့ ရပါသည်။

ရံစေတီ ၂၄ ဆူသည်လည်း ပင်မစေတီ တော်နည်းတူ ကြော့ရှင်းသွယ်လျ နေပါသည်။ ပြည်လုံးချမ်းသာ စေတီတော်ကို ၁၂၇၉ ခုနှစ်တွင်တည်ထားခဲ့ရာ ယခုအချိန်တွင် သက်တမ်းအားဖြင့် ၉၈ နှစ်ကြာ မြင့်နေသဖြင့် ရှေးဟောင်း စေတီ တစ်ဆူဖြစ်နေသော် လည်း မူလ စေတီပျက် သက်တမ်းနှင့် ပေါင်း လျှင် သက်တမ်းအားဖြင့် နှစ် ပေါင်းရာကျော်သွားပါလိမ့်မည်။

 ပြည်လုံးချမ်းသာစေတီ တော်ကိုဗဟိုပြု၍ တည်ဆောက်ထားသော တိုက်တန် ဆောင်းရှစ် ဆောင်ထဲတွင် ပိဋကတ် ကျောက် စာပေါင်း ၃၉၉ ချပ်စိုက်ထူးထားသဖြင့် ကျွန်တော်တို့ငယ်စဉ်က ကျောက်စာတိုက်ဟု အလွယ်တကူ ခေါ်ခဲ့ကြပါသည်။ ထို ကျောက်စာ များကို ဦးအောင်ဇံ+ ဒေါ်နှင်းအိ ဇနီးမောင်နှံကပင် လှူ ဒါန်းခြင်းဖြစ်ပါသည်။ ထိုကျောက် စာများနှင့် ပတ်သက်၍ ''သုတ်၊ ဝိနည်း၊ အဘိဓမ္မာ သုံးဖြာပိဋ ကတ်၊ သုံးရာမောက်ဖြိုး ကိုးဆယ့် ကိုး မလျှိုးကျောက်စာချပ်၊ တစ်ရာ ငါးဆယ်၊ တစ်ချပ်ဝယ် စင်ကြယ် ဒါနမြတ်၊ နတ် လူ ဗိုလ်ထု ကောင်း ချီးပြု သာဓုခေါ်စေအပ်''ဟု ကဗျာရေးဖွဲ့မှတ်တမ်းတင်ထားပါ သည်။

 ကျောက်စာတိုက်တွင် စိုက်ထူထားသော ကျောက်စာချပ် များသည် ထို့ကဗျာစာတိုင်းပင် ဖြစ်ပါသည်။ သုတ္တန်ပါဠိတော် ၄၁ ချပ်၊ ဝိနည်းပါဠိတော် ၁၂၈ ချပ်၊ အဘိဓမ္မာပါဠိတော် ၁၈၇ ချပ်၊ ပဌာန်းပါဠိတော် ၄၃ ချပ်ရှိပါ သည်။ သုံးရာမောက်ဖြိုး ကိုးဆယ့် ကိုးဟူသော ကဗျာအတိုင်း ကျောက်စာချပ်စုစုပေါင်း ၃၉၉ ချပ်ရှိပါသည်။ ကမ္ဘာ့အကြီးဆုံး စာအုပ်ဟု တင်စားခံရသော မန္တ လေးမြို့ ကုသိုလ်တော် ကျောက်စာများသည် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုဖြစ်သော်လည်း ဓနုဖြူကျောက်စာတိုက်မှ ကျောက် စာများ ကို မင်းမိဖုရားမပါဘဲသာ မန်အရပ်သူအရပ်သား ဇနီးမောင် နှံ လှူဒါန်းခြင်းဖြစ်သဖြင့် ဓနုဖြူ မြို့အတွက် ဂုဏ်ယူ စရာကောင်း နေ ပါသည်။ ကျွန်တော်တို့ ငယ် စဉ်က ''ငါတို့မြို့မှာလည်း ကမ္ဘာ့ အကြီးဆုံး စာအုပ်ရှိတယ်၊ အ ဖျောက်မြို့မှာလည်းရှိတယ်''ဟု ကြီးကြီးကျယ်ကျယ် ပြောလေ့ရှိ သော်လည်း ထိုစကားသည် ချဲ့ ကားပြောခြင်းမဟုတ်ဘဲ အမှန်ကို ပြောခြင်းဖြစ်သည်ဟု ယူဆမိပါ သည်။ ဓနုဖြူမြို့သို့ အလည်လာ သော စာရေးဆရာများနှင့် ပညာ ရှင်များလည်း  ကျောက်စာတိုက် ကို သွားရောက်လေ့လာလေ့ရှိခဲ့ပါ သည်။

 ပြည်လုံးချမ်းသာ စေတီ တော်သည် ယခင်ကမြို့အပြင်ဘက်၊ ရေကာတာအပြင်ဘက်တွင် ရှိသဖြင့် လူသွားလူလာနည်း ခဲ့ သော် လည်း ယခုအခါ ဘုရားအနီး တွင် လူနေရပ်ကွက်များတိုးချဲ့ခြင်း ကားလမ်းများဖောက်ခြင်းကြောင့် ဘုရားဝင်းအတွင်း ရင်ပြင်တော် တွင် ဘုရားဖူးများ စည်ကားနေ ကြောင်းတွေ့ရပါသည်။ရှေးဟောင်း စေတီတော်တစ်ဆူကို ဘက်စုံပြု ပြင်မွမ်းမံတည်ဆောက်ခြင်း သည် အလွန်အရေးကြီးသည့် သာသနာ့ တာဝန်ထမ်းဆောင်ခြင်းဖြစ်ပြီး စေတီအသစ်တည်ခြင်းထက် စေတီအဟောင်းပြင်ခြင်းက ပိုမို ကုသိုလ်ရနိုင်သည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

ဘုရားဓာတ်တော်၊ ရဟန္တ ဓာတ်တော်များ ဌာပနာထားသည်၊ စေတီဟောင်းကို ပြုပြင်တည်ထား ခြင်းသည် သာသနာ၏ အမွေ အ နှစ်ကို ထိန်းသိမ်းစောင့်ရှောက် ခြင်းဖြစ်ပါသည်။

ဘသန်းတင်
 
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: zaygwet1997@gmail.com Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.