1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်

ဇန်နဝါရီ ၁၃ ရက်မှ  ၁၉ ရက်အထိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စုစုပေါင်း ဆန် ၅၃၅၂၈ တန် တင်ပို့ခဲ့ပါသည်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ငစိန်ဆန် ၈၆ တန်၊ ဧည့်မထ ၃၈၂၆၅ တန်၊ ချင်းရွှေဟော်မှ ဧည့် မထ တန် ၂ဝဝ နှင့် ငစိန် ၂၁၈ တန်၊ လွယ်ဂျယ်မှ ဧည့်မထ ၁၂၈၈၈ တန်၊ စစ်တွေမှ ဧည့်မထတန် ၅ဝဝ နှင့် မောင်တောမှ ဧည့်မထ ၁၃၇၄ တန် တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်က စုစုပေါင်းဆန် ၆ဝ၆၂၉ တန် တင်ပို့ခဲ့ သဖြင့် ယခုတစ်ပတ်တွင် ဆန် ၇၁ဝ၁ တန် လျော့ကျခဲ့ပါသည်။

ပင်လယ်ရေကြောင်းမှ ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အတွင်း ဆန်ဖြူနှင့်  ပေါင်းဆန် ၂ဝ၃၆ဝ တန် တင်ပို့ခဲ့ပါသည်။ ယခုတစ်ပတ်တွင် ဂီနီနိုင်ငံသို့ ဧည့်မထ တန်ချိန် ၁၅ဝဝဝ ဖြင့် အများဆုံး တင်ပို့ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်သို့ ဧည့်မထ ၁၃၅ဝ၊ ဗီယက်နမ်သို့ ဧည့်မထ ၂၅ဝ တန် တင်ပို့ခဲ့ကြောင်း သိရပါ သည်။ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းမှ ဆန်တန်ချိန် ၂၁၄၃၈ တင်ပို့ ခဲ့သဖြင့်  ယခုတစ်ပတ်တွင် ၇၇ တန် လျော့နည်းတင်ပို့ခဲ့ပါသည်။

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းနှင့် ဆန်ကြမ်းများ အဝင်နည်းသဖြင့် ဈေးတက်လာပါသည်။ လက်ကားဈေးနှုန်းအရ ရွှေဘိုပေါ်ဆန်းအဟောင်း တစ်အိတ်လျှင် ကျပ် ၆ဝဝဝဝ မှ ၆၆ဝဝဝ အထိ ရှိပြီး ပစ္စည်းအဝင်မရှိသဖြင့် တစ်အိတ်လျှင် ကျပ် ၆ဝဝဝ ခန့် ဈေးတက်ပါ သည်။ ရွှေဘိုပေါ်ဆန်း အသစ်ထပ်မံဝင်ရောက်လာပြီး တစ်အိတ်လျှင်  ကျပ် ၄၄ဝဝဝ မှ ၄၅ဝဝဝ ရှိပါသည်။ ပေါ်ဆန်းအသစ်လည်း အဝင်နည်းသေးသ ဖြင့် တစ်အိတ်လျှင်ကျပ် ၂ဝဝဝ မှ ၃ဝဝဝ အထိ ဈေးတက်လာပါသည်။  ဆန်ကြမ်းဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၉ဝဝဝ မှ ၁၉၅ဝဝ ရှိပြီး တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၂ဝဝဝ အထိ ဈေးတက်ပါသည်။

ယခုတစ်ပတ်မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင် ၃၃၃၉၇ တန်ရှိသဖြင့် ယခင်တစ်ပတ်ထက် အဝင်လျော့နည်းလာသော်လည်း အရောင်းအဝယ်မှာ ပုံမှန်ရှိပါသည်။

ပဲမျိုးစုံတင်ပို့မှု

ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင် မတ်ပဲ ၅၈၈၅ တန်၊ ပဲတီစိမ်း ၁၉၇ဝ တန်၊ ပဲစင်းငုံ ၃၆၇၄ တန်၊ ပဲလွန်းဖြူ ၁၁၉ တန်နှင့် မြေ ထောက်ပဲ ခြောက်တန် ရှိပါသည်။

ယခုတစ်ပတ် ၂၉-၁-၂ဝ၁၈ နေ့ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲ ဈေးကျနေပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ (RC)တစ်တန်လျှင် ကျပ် ၅၅၃ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၃၉ဝဝဝ အထိ ဈေးကျခဲ့ပြီး ယခင်တစ်ပတ်က မတ်ပဲ SQ(RC) တစ်တန်လျှင် ကျပ် ၇ဝ၈ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၆၉၄ဝဝဝ ဖြင့် ဈေးကျခဲ့ပါသည်။

ယခင်တစ်ပတ်က ပဲစင်းငုံနီတစ်တန်လျှင် ကျပ် ၃၈ဝဝဝဝ ရှိခဲ့ရာမှ ယခု တစ်ပတ်တွင် ကျပ် ၃၈၃ဝဝဝ အထိ ဈေးတက်လာခဲ့ပါသည်။

မူဆယ် ဈေးကွက် အစေ့ထုတ်ပြောင်းအရောင်းအဝယ်ကျ

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် အစေ့ထုတ် ပြောင်းဈေးအနည်းငယ် တက်သော်လည်း အရောင်းအဝယ်ကျလာပါသည်။ ယခင်တစ်ပတ်က အစေ့ ထုတ်ပြောင်း ၅ဝ ကီလိုဂရမ်  တစ်အိတ်လျှင် မြန်မာဘက်တွင် ၇၅ ယွမ်နှင့် ရွှေလီဘက်တွင် ၈၂ ယွမ်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် အစေ့ထုတ်ပြောင်း ၅ဝ ကီလိုဂရမ်တစ်အိတ်လျှင် မြန်မာဘက်၌ ၇၅ ယွမ်နှင့် ရွှေလီဘက်၌ ၈၇ ယွမ် အထိရှိခဲ့ပါသည်။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်း ၅ဝ၄၆၈ တန် အရောင်းအဝယ် ရှိခဲ့ရာမှ ယခုတစ်ပတ်တွင်  ၃၉၆၉ဝ တန်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။

 ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် မြန်မာငွေ ၂ဝ၄ ကျပ် ပေါက်ဈေးရှိသဖြင့် ယခင်တစ်ပတ်အတိုင်း အတက်အကျ မရှိချေ။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.