1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

အာရှဆန်တင်ပို့နေသည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရပါသည်။

ဇယား-1                                    ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 12-1-2018 18-1-2018
ထိုင်းဆန်ဖြူ    100% 410 440
ထိုင်းဆန်ဖြူ 5% 400 410
ထိုင်းဆန်ဖြူ 25% 370 400
ထိုင်းပေါင်းဆန် 441 462
ဗီယက်နမ်ဆန်ဖြူ 5% 380 410
ဗီယက်နမ်ဆန်ဖြူ 25% 370 395
ပါကစ္စတန်ဆန်ဖြူ 25% 350 367
ပါကစ္စတန်ပေါင်းဆန် 418 420
အိန္ဒိယဆန်ဖြူ 25% 380 390
အိန္ဒိယ ပေါင်းဆန် 415 418

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအနေ ကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား - 2                          ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 11-1-2018 18-1-2018
မတ်ပဲ 643 619
ပဲစင်းငုံ 643 619
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 612 583

မလေးရှားစားအုန်းဆီဈေး ရက်သတ္တပတ်အတွင်း အနိမ့်ဆုံးကျဆင်း

ဥရောပသမဂ္ဂ (အီးယူ) က ဇီဝလောင်စာဆီ ထုတ်လုပ်ရာတွင် စားအုန်း ဆီသုံးစွဲမှုကို ပိတ်ပင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ထိုအခြေအနေက ဝယ်လိုအားကို ဂယက်ရိုက်ခတ်လာမည်ကို စိုးရိမ်မှုကြောင့် ဇန်နဝါရီ ၁၈ ရက်တွင် မလေးရှားစားအုန်းဆီကြိုရောင်းဈေးသည် ရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့သည်။

ဘာဆာမလေးရှားကုန်စည်ဒိုင်မှ ဧပြီလတွင်ဖြန့်ဖြူးမည့် စားအုန်းဆီ၏ အခြေခံစံထားဈေးနှုန်းမှာ သုည ဒသမ လေးရာခိုင်နှုန်းကျဆင်းပြီး ညနေ ဘက်ဈေးပိတ်ချိန်တွင် စားအုန်းဆီတစ်တန်လျှင် ၂၄၇၆ ရင်းဂစ် (အမေရိ ကန်ဒေါ်လာ ၆၂၆ ဒသမ ၂ဝ) နှုန်းသို့ တတိယ မြောက်နေ့အဖြစ် ဆက်တိုက် ကျဆင်းခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၈ ရက် နံနက်စောစောပိုင်းက တစ်တန် လျှင် ၂၄၆၂ ရင်းဂစ်နှုန်းအထိ ရောက်ရှိရာ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၆ ရက် နောက်ပိုင်းအနိမ့်ဆုံးနှုန်းဖြစ်ခဲ့သည်။ ဈေးနှုန်းများကျဆင်းရခြင်းမှာ ဥရောပသမဂ္ဂရှ ဥပဒေပြုအမတ်များက ၂ဝ၂၁ ခုနှစ်မှစ၍ လောင်စာဆီ ထုတ်လုပ်ရာတွင် စားအုန်းဆီအသုံးပြုမှုကို ပိတ်ပင်ရန် အတည်ပြုမည့် အခြေအနေကြောင့်ဖြစ်ကြောင်း ကုန်သည်များက ပြောပါသည်။ ဇီဝလောင်စာ ဆီထုတ်လုပ်ရာတွင် စားအုန်းဆီသုံးစွဲမှုကိုပိတ်ပင်ရန် ဥရောပသမဂ္ဂလွှတ် တော်၏ကြိုးပမ်းမှုကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က ကိုယ်ကျိုးစီးပွား ကာကွယ်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ဝေဖန်ခဲ့ပါသည်။ ဥရောပမှဝယ်ယူတင် သွင်းနေသည့် စားအုန်းဆီအများစုမှာ ဇီဝလောင်စာဆီပြုလုပ်ရန် အသုံးပြုခဲ့သည့်အတွက် ဥရောပ၏ ဝယ်လိုအားကျဆင်းမှုက စားအုန်းဆီ ထုတ်လုပ်သူ အများစုကို စိုးရိမ်စရာဖြစ်ခဲ့သည်။

ဗီယက်နမ်တွင်လယ်ယာစိုက်ပျိုးရေး သမအသင်း ၅ဝဝ ဖွဲ့စည်း

ဗီယက်နမ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ် မတိုင်မီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ နည်းပညာအဆင့်မြင့် သမဝါယမ အသင်းပေါင်း ၅ဝဝ ကိုဖွဲ့စည်းပြီး အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်သော လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၏တန်ဖိုးကို ငါးဆအထိ မြှင့်တင်သွားမည်ဟု ကြေညာထားပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.