1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန်ဈေးကွက်သတင်း

ဆန်    

၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၃ဝ ရက်မှ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ ကုန်သွယ်ရေးစခန်းများမှ ဆန်ဖြူနှင့် ကောက်ညှင်းဆန် ၅၈၉၉၆ တန်ကျော် တင်ပို့ခဲ့ပါသည်။

စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ငစိန် ၂၁၃ တန်၊ ဧည့်မထ ၄၄၃၁၇ တန်နှင့် ကောက်ညှင်းဆန် ၁၆၇ တန်၊ ချင်းရွှေဟော်မှ ဧည့်မထ တန် ၃ဝဝ၊ ငစိန် ၅၆၇ တန်၊ လွယ်ဂျယ်မှ ဧည့်မထ ၁၂ဝ၅၁ တန်၊ ကန်ပိုက်တီးမှ ဧည့်မထ တန် ၉ဝ၊ စစ်တွေမှ ဧည့်မထ တန် ၇ဝဝ၊ မောင်တောမှ ဧည့်မထ  ၅၉၁ တန် တင်ပို့ခဲ့ပါသည်။

ပင်လယ်ရေကြောင်းမှ ယခု သီတင်းပတ်အတွင်း ဆန်ဖြူနှင့် ပေါင်းဆန် ၁၅၅၆၇ တန် တင်ပို့ခဲ့ပါသည်။

ယခုတစ်ပတ်ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောအသစ်များဈေးငြိမ် နေပြီး ဆန်ကြမ်းအသစ်များ ဈေးအနည်းငယ်ကျပါသည်။

ဖျာပုံပေါ်ဆန်းအသစ် ထိပ်စတစ်အိတ်လျှင် ကျပ် ၃၃ဝဝဝ၊ လတ်စတစ် အိတ်လျှင် ကျပ် ၃၂ဝဝဝ၊ ရွှေဘိုပေါ်ဆန်းအဟောင်းတစ်အိတ်လျှင် ကျပ် ၅၇ဝဝဝ မှ ၆ဝဝဝဝ ၊ ပေါ်ဆန်းအသစ် တစ်အိတ်လျှင် ကျပ် ၃ဝဝဝဝ မှ ၃၃ဝဝဝ ရှိပြီး ယခင်တစ် ပတ်အတိုင်း ဈေးငြိမ်နေပါသည်။

ဆန်ချောဈေးငြိမ်နေသော်လည်း ဆန်ကြမ်းအသစ်ဈေးအနည်းငယ်ကျပါသည်။ ဆန်အဝင်ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေးနေသဖြင့် ဈေးကျ ခြင်းဖြစ်ပါသည်။ ကုန်စည်ဒိုင်၏ လက်ကားဈေးနှုန်းများအရ ဆန်ဟောင်းဧည့် မထထိပ်စ တစ်အိတ်လျှင် ကျပ် ၂၃၅ဝဝ မှ ၂၅ဝဝဝ ဆန်သစ်ရှယ်တစ်အိတ် လျှင် ကျပ် ၂ဝဝဝဝ မှ ၂ဝ၅ဝဝ ရှိပါသည်။

ယခုတစ်ပတ် ရန်ကုန်ဆန် ဈေးကွက်သာမက မူဆယ်ဆန်ဈေးတွင် လည်း ဆန်ကြမ်းဈေးအနည်းငယ်ကျပါသည်။

မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ၄၈၂၇၁ တန်ရှိသဖြင့် ယခင် တစ်ပတ်ထက် ဆန်အဝင်ပိုမိုကာ ဆန်အရောင်းအဝယ်လည်း ပုံမှန်ရှိပါ သည်။


ပဲမျိုးစုံတင်ပို့မှု

ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၆ဝ၈၄ တန်၊ ပဲတီစိမ်း ၁၄၄ဝ တန်၊ ပဲစင်းငုံ ၂၄၆၁ တန်၊ ကုလားပဲ ၂၉ တန်၊ ပဲလွန်းဖြူ ၁၃ဝ၊ မြေထောက်ပဲ ၇ တန်ရှိပါသည်။

ယခုတစ်ပတ် ၁၅-၁-၂ဝ၁၈ နေ့ထိ ဘုရင့်နောင် ပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံနီတို့ ဈေးကျပါသည်။

ယခင်တစ်ပတ်က မတ်ပဲ FAQ (RC) တစ်တန်လျှင် ကျပ် ၅၈၃ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၆ဝဝဝဝ အထိ၊ မတ်ပဲ SQ(RC) တစ်တန်လျှင် ကျပ် ၇၂၃ဝဝဝ  ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၇ဝ၃ဝဝဝ သို့ ကျခဲ့ပြီး ပဲစင်းငုံနီ ဈေးမှာ ယခင်တစ် ပတ်က တစ်တန်လျှင် ကျပ် ၃၉ဝဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၃၆၈ဝဝဝ အထိဈေးကျခဲ့ပါသည်။


မူဆယ်ဈေးကွက် အစေ့ထုတ်ပြောင်းဈေးငြိမ်  အရောင်းအဝယ်အနည်းငယ်ကျ

ယခုတစ်ပတ် မူဆယ် ဈေးကွက်တွင် အစေ့ထုတ်ပြောင်း ၅ဝ ကီလိုဂရမ် တစ်အိတ်လျှင် မြန်မာဘက်တွင် ၇၅ ယွမ်မှ ရွှေလီဘက်တွင် ၈၂ ယွမ်နှင့် ယခင်တစ်ပတ်က ဈေးအတိုင်း အပြောင်းအလဲမရှိချေ။ ယခင်တစ်ပတ်က အစေ့ထုတ်ပြောင်းအရောင်းအဝယ် ၅၄၃၅၃ တန်ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၅၂၇၂၄ တန်သာ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ တစ်ယွမ်လျှင် မြန်မာငွေ ၂ဝ၄ ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်တစ်ပတ်ကအတိုင်း ငွေလဲနှုန်းအတက် အကျမရှိကြောင်း သိရပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.