1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ကမ္ဘာတွင် ထိုင်းနိုင်ငံသည် ပြည်ပဆန်တင်ပို့မှု ဦးဆောင်နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး လယ်ယာကဏ္ဍတွင် အားသာချက်များစွာရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ပါ သည်။ ၂ဝ၁၅ ခုနှစ်က လယ်ယာကဏ္ဍကို မှီခိုလျက်ရှိသူ ဦးရေမှာ ၂၅ သန်း ခန့် ရှိရာ နိုင်ငံလူဦးရေ၏ ၃၈ ရာခိုင်နှုန်းခန့်ရှိသော်လည်း နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (ဂျီဒီပီ)၏  ၁ဝ ရာခိုင်နှုန်းပြည့်အောင် ထုတ်လုပ်နိုင် ခြင်းမရှိကြောင်း သိရှိရပါသည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် အစားအစာထုတ်လုပ် သော ကုမ္ပဏီကြီးများ ရှိနေသော်လည်း လယ်ယာကဏ္ဍတွင် လုပ်ကိုင်နေသူ  အများစုမှာ ဝင်ငွေနည်းပါးသူများဖြစ်ကြပါသည်။

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရပါသည်။

ဇယား-1                                                       ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 28-12-2017 4-1-2018
ုထိုင်းဆန်ဖြူ 100% 395 398
ထိုင်းဆန်ဖြူ 5% 385 388
ထိုင်းဆန်ဖြူ 25% 360 364
ထိုင်းပေါင်းဆန် 430 430
ဗီယက်နမ်ဆန်ဖြူ 5% 385 388
ဗီယက်နမ်ဆန်ဖြူ 25% 365 368
ပါကစ္စတန် ဆန်ဖြူ 25% 343 348
ပါကစ္စတန် ပေါင်းဆန် 410 410
အိန္ဒိယဆန်ဖြူ  25% 340 340
အိန္ဒိယ ပေါင်းဆန် 415 415


အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများအခြေအနေ ကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-2                ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 28-12-2017 4-1-2018
မတ်ပဲ 647  
ပဲစင်းငုံ 609 647
ပဲတီစိမ်း - 627
ကုလားပဲဖြူလုံးကြီး 647 655-

မလေးရှားစားအုန်းဆီဈေး နှစ်ပတ်အတွင်း အနိမ့်ဆုံးသို့ကျ

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် တစ်လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာမှ ဇန်နဝါရီ ၄ ရက်တွင် ပြန်လည်ကျဆင်းလာခဲ့ပါသည်။ လက်ကျန်များမည်ဟု  ခန့်မှန်းချက်များက ဈေးကွက်အပေါ် အကျိုးသက် ရောက်မှု ရှိခဲ့ပါသည်။ မလေးရှားကုန်စည်ဒိုင်တွင် မတ်လအတွက် ပေးချေရန် စာချုပ်အရ စားအုန်းဆီ၏ အခြေခံဈေးနှုန်းမှာ သုည ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်လျှင် ၂၅၈၅ ရင်းဂစ် (ဒေါ်လာ ၆၄၅ ဒသမ ၄၇)  နှုန်း ရှိခဲ့ပါသည်။ ¤င်းဈေးနှုန်းသည် သုံးရက်အတွင်း အနိမ့်ဆုံး ကျဆင်းသည့် ဈေးနှုန်းဖြစ်ပြီး ရက်သတ္တနှစ်ပတ်အတွင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် ဝယ်လိုအားမြင့်တက်လာလိမ့်မည်ဟူသော ခန့်မှန်းချက်ကြောင့် ယခုရက်သတ္တပတ်တွင် စားအုန်းဆီဈေးနှုန်းသည် ၃ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်လာခဲ့ရ သည်။

ပဲလုံးဖြူနှင့် ပဲနီလေးတင်သွင်းမှုအပေါ် အိန္ဒိယအစိုးရ သွင်းကုန်ခွန် ၃ဝ ရာ ခိုင်နှုန်း တိုးမြှင့်သတ်မှတ်

အိန္ဒိယနိုင်ငံတွင် လာမည့်သီးနှံပေါ်ချိန်၌ ကုလားပဲလုံးဖြူနှင့် ပဲနီလေး အထွက်နှုန်းမြင့်တက်လာမည်ဟု ခန့်မှန်းထားသဖြင့် တောင်သူ လယ်သမားများ၏  အကျိုးစီးပွားကို ကာကွယ်ရန် ၄င်းပဲများတင်သွင်းမှုအပေါ်တွင် သွင်းကုန်ခွန် ၃ဝ ရာခိုင်နှုန်း စည်းကြပ်ရန် အိန္ဒိယ အစိုးရက ကြေညာထားပါ သည်။

မောင်သုံးသပ်

မောင်သုံးသပ်-
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.