18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန်  FOB  ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရပါသည်။

ဇယား - ၁                             ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 16-12-2017 22-12-2017

ထိုင်းဆန်ဖြူ  100%

395 395
ထိုင်းဆန်ဖြူ  5% 385 385
ထိုင်းဆန်ဖြူ  25% 360 360
ထိုင်းပေါင်းဆန် 437 437
ဗီယက်နမ် ဆန်ဖြူ 5% 388 387
ဗီယက်နမ် ဆန်ဖြူ 25% 365 365
ပါကစ္စတန်ဆန်ဖြူ 25% 337 342
ပါကစ္စတန်ပေါင်းဆန် 420 418
အိန္ဒိယဆန်ဖြူ 25% 370 375
အိန္ဒိယ ပေါင်းဆန် 410 415

အိန္ဒိယဈေးကွက်ပဲ ဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအ နေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား - ၂                       ဈေးနှုန်း US.D.PMT
ပဲအမျိုးအမည် 14-12-2017 22-12-2017
မတ်ပဲ 622 670
ပဲစင်းငုံ 556 660
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 646 734

မလေးရှား စားအုန်းဆီဈေးနှုန်းကျ

စားအုန်းဆီကုန်သွယ်မှုပြုရာတွင် အသုံးပြုသည့် ရင်းဂစ်ငွေကြေးခိုင်မာ နေမှုကြောင့် မလေးရှားစားအုန်းဆီ ဈေးနှုန်းများသည် ဒီဇင်ဘာ ၂ဝ ရက်အထိ ဈေးကျဆင်းလျက်ရှိသည်။ ရင်းဂစ်ငွေကြေး ခိုင်မာမှုသည်  အမေရိကန် ဒေါ် လာကို  ကိုင်ဆောင်၍ ဝယ်ရောင်းပြုလုပ်သူများအတွက် စားအုန်းဆီဈေးနှုန်း မြင့်တက်မှုကိုဖြစ်ပေါ်စေခဲ့သည်။ ဒီဇင်ဘာ ၂ဝ ရက် ဈေးကွက် ပိတ်ချိန် တွင် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ဝ၇၁ဝ ရင်းဂစ်နှုန်းရှိခဲ့သည်။ ယင်းပမာဏသည် ၁၄ လ အတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

ဘာဆာမလေးရှားကုန်စည်ဒိုင်တွင် မတ်လအတွက် စားအုန်းဆီ ကြို ရောင်းကြိုဝယ်ဈေးများသည် သုည ဒသမ ၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး တစ်တန် လျှင် ၂၄၉၉ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၁၃ ဒသမ ၈၅) ရှိခဲ့သည်။  တစ်နေ့တာအတွင်း စားအုန်းဆီရောင်းဝယ်မှု ပမာဏမှာ ၂၅ တန်အတွဲပေါင်း ၄၁၁၁၂ တွဲရှိခဲ့သည်။

ဒီဇင်ဘာလအတွင်း ထုတ်လုပ်မှုကျဆင်းမည်ဟူသော ခန့်မှန်းချက်ကြောင့် စားအုန်းဆီဈေးများ ပြန်လည်မြင့်တက်လာမည်ဟု မျှော်လင့်ထားကြသည်။

မြန်မာ့ပဲမျိုးစုံဈေးကွက် မြှင့်တင်ရေး ဖိုရမ်နန်နင်းတွင် ကျင်းပမည်

တရုတ်နိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ မြန်မာ့ ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးတွင် ''မြန်မာ့ ပဲမျိုးစုံဈေးကွက်မြှင့်တင်ရေး ဖိုရမ်''ကို ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် ကျင်းပရန် စီစဉ်ထားရှိသည် ဟု သိရသည်။ ယင်းဖိုရမ်တွင် တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့နိုင်ခြင်းမရှိ သေးသည့် မြန်မာနိုင်ငံထွက် ပဲမျိုးစုံများကို တရုတ်မုန့်များတွင် ထည့်သွင်းစမ်း သပ် ထုတ်လုပ်ခြင်း၊ ပဲများ၏ ဆေးဖက်ဝင်မှု၊ အာဟာရဖြစ်မှုတို့ကို ရှင်းလင်း တင်ပြမှုများနှင့် ပဲအသုံးပြုပြီး ထုတ်လုပ်နိုင်သည့် ကြာဆန်၊ ခေါက်ဆွဲ ၊ ပဲဆန် ထုတ်ကုန်နမူနာများအား ခင်းကျင်းပြသခြင်းအပြင် မြန်မာ့ပဲ၏ အရသာကို မြည်းစမ်းနိုင်မည့် အစီအစဉ်များ ပါဝင်မည်ဟု သိရပါသည်။


မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.