18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်


ဒီဇင်ဘာ ၂ ရက်မှ ၈ ရက်အထိ နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဆန်စုစုပေါင်း ၄၅၈၉၅ တန် တင်ပို့ခဲ့ပါသည်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ငစိန် ၁၄၅ တန်၊ ဧည့်မထ ၃၆၇၃၈ တန်၊ ကောက်ညှင်း တန် ၂ဝဝ၊ ချင်းရွှေဟော်မှ ဧည့်မထ ၁၁၂ တန်။ လွယ်ဂျယ်မှ ငစိန် ၇၈၄ဝ တန်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တွေမှ ဧည့်မထ တန် ၂၄ဝ နှင့် မောင်တော မှ ဧည့်မထတန် ၆၂ဝ တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်က ထိုနယ်စပ်စခန်း များမှ ဆန်စုစုပေါင်း ၅၄၂၇၈ တန် တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၈၃၈၃ တန် လျော့နည်းတင်ပို့ခဲ့ပါသည်။

 မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိ တန်ချိန် ၃၈၂ဝဝ ရှိသဖြင့် ယခင်တစ်ပတ်ထက် ၁၂၅၈ တန် လျော့နည်းသွား ပါသည်။ ဆန်အဝင်နည်းသော်လည်း ဆန်အရောင်းအဝယ်မှာ ပုံမှ န်ရှိပါ သည်။

ပင်လယ်ရေကြောင်းမှ ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ဆန်တန်ချိန် ၅၃၁ဝ တင်ပို့ခဲ့ရာ ယခုတစ်ပတ်တွင် မက်ဒါဂါးစကားနိုင်ငံသို့ ဧည့်မထ ၁၃၇၅ တန် တင်ပို့ခဲ့သဖြင့်  အများဆုံး တင်ပို့မှုဖြစ်သည်။ ယခုတစ်ပတ်တွင် နယ်စပ်စခန်းရော၊ ပင်လယ်ရေကြောင်းမှပါ ဆန်တင်ပို့မှု လျော့ကျလာခဲ့ပါ သည်။

ယခုတစ်ပတ်ရန်ကုန် ဆန်ကုန်စည်ဒိုင်တွင်  ဆန်ချောအဟောင်းများ ပစ္စည်းလက်ကျန်နည်းပြီးနောက် ထပ်အဝင်မရှိတော့ဘဲ ဆန်သစ်များ ဝင် ရောက်လာပြီဖြစ်သည်။ ထိုအသစ်ဝင်လာသော ဆန်ချောများ၏ ဈေးမှာ ဆန် ဟောင်းများထက် သက်သာလာပါသည်။

ဆန်ကြမ်းလက်ကားဈေးနှုန်းများအရ ဆန်ဟောင်းများ ဈေးငြိမ်နေပြီး ဆန်ကြမ်းသစ် (ရှယ်) အနည်းငယ် ဈေးတက်လာပါသည်။ ဆန်ကြမ်းအသစ် (ရှယ်) တစ်အိတ်လျှင်  ကျပ် ၂ဝ၅ဝဝ မှ ၂၁ဝဝဝ ဈေးရှိပြီးတစ်အိတ်လျှင် ကျပ် ၅ဝဝ ခန့် ဈေးတက်လာသည်။ ကျန်ဆန်သစ်များကတော့ ဈေးငြိမ်နေပါ သည်။

ပဲမျိုးစုံတင်ပို့မှု

ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု FOB အ ရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ  တန်ချိန်အားဖြင့် မတ်ပဲ ၅ဝ၆၉ တန်၊ ပဲတီစိမ်း ၁၂၅၈ တန်၊ ပဲစင်းငုံ ၁၈၃၆ တန်၊ ကုလားပဲ ၂၅၈ တန်၊ ပဲလွန်းဖြူ ၄၈ တန်၊ မြေထောက်ပဲ ၈ တန်ရှိပါသည်။

ယခုတစ်ပတ် ၁၈-၁၂-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲ ဈေးတက်ပြီး ပဲစင်းငုံဈေးအနည်းငယ်ကျလာပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ(RC) တစ်တန်လျှင် ကျပ် ၅၂၄ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၄၂ဝဝဝ ထိ ဈေးတက်လာပါသည်။

ယခင်တစ်ပတ်က မတ်ပဲ SQ(RC) တစ်တန်လျှင် ကျပ် ၆၈၉ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၆၉၂ဝဝဝ ဈေးတက်လာပါသည်။ ပဲစင်းငုံနီ ဈေးမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၃၇၈ဝဝဝ ရှိခဲ့ရာမှ ယခုတစ် ပတ်တွင် ကျပ် ၃၇၆ဝဝဝ နှင့် ဈေးအနည်းငယ်ကျလာပါသည်။

မူဆယ်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်ပြီး အရောင်းအဝယ် အနည်းငယ်ကျ

ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ် အနည်းငယ်ကျနေပါသည်။ အစေ့ထုတ်ပြောင်း ၅ဝ ကီလို ဂရမ်တစ်အိတ်လျှင် မြန်မာဘက်ကမ်းတွင် ၇၅ ယွမ်မှ ရွှေလီဘက်ကမ်းတွင် ၈၂ ယွမ်နှင့် ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲမရှိချေ။

အရောင်းအဝယ်ဖြစ်မှု အနေနှင့် ယခင်တစ်ပတ်က တန်ချိန် ၄၈၇ဝဝ ရှိခဲ့ရာမှ ယခု တစ်ပတ်တွင် တန်ချိန် ၄၅ဝ၁၉ အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ငွေလဲနှုန်းမှာ တစ်ယွမ်လျှင် မြန်မာငွေ ၂ဝ၄ ကျပ်ပေါက်ဈေးရှိသဖြင့် ယခင် တစ်ပတ်အတိုင်း ဈေးအတက်အကျမရှိချေ။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.