18-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1046
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

 အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB  ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရပါသည်။

ဇယား - 1                              ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 1-12-2017 8-12-2017
ထိုင်းဆန်ဖြူ 100% 402 400
ထိုင်းဆန်ဖြူ 5% 392 390
ထိုင်းဆန်ဖြူ 25% 365 367
ထိုင်းပေါင်းဆန် 437 437
ဗီယက်နမ် ဆန်ဖြူ 5% 387 385
ဗီယက်နမ် ဆန်ဖြူ 25% 362 362
ပါကစ္စတန် ဆန်ဖြူ 25% 342 342
ပါကစ္စတန် ပေါင်းဆန် 428 428
အိန္ဒိယဆန်ဖြူ 25% 370 370
အိန္ဒိယ ပေါင်းဆန် 395 400


အိန္ဒိယ ဈေးကွက်ပဲဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေအ နေကို ဇယား - ၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား - 2                                        ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 1-12-2017 8-12-2017
မတ်ပဲ 620 628
ပဲစင်းငုံ 555 562
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 737 714

ကနေဒါနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းပဲတင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ရာ အိန္ဒိယအစိုးရက ပြည်တွင်းဈေးကွက်ပေါက်ဈေးကို မြှင့်တင်ရန်အတွက် ကာလတို ဖော်ဆောင်ချက်များသည် အိန္ဒိယနိုင်ငံ၏  ရေရှည်စားနပ်ရိက္ခာ လိုအပ်ချက်အပေါ် သက်ရောက်မှု ရှိနိုင်သည်ဟု ကနေဒါပြည်ပ ကုန်သွယ် ရေးဝန်ကြီးက ပြောကြားပါသည်။ ကနေဒါနိုင်ငံ၌ နွေသီးနှံစိုက်ပျိုးမှု၏ ၃ဝ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းတို့မှာ ပဲလုံးနှင့် ပဲနီလေး စိုက်ဧကတို့ဖြစ်ရာ အိန္ဒိယအစိုးရအနေဖြင့် ပဲလုံးတင်သွင်းမှုအပေါ် သွင်းကုန်ခွန်စည်းကြပ်သကဲ့  သို့ ပဲနီလေးအပေါ်တွင်လည်း အလားတူ သွင်းကုန်ခွန်တိုးမြှင့်မည်ကို ကနေဒါ အစိုးရက စိုးရိမ်ပူပန်နေကြောင်း သိရှိရပါသည်။

ယခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ပဲဈေးနှုန်းများမှာ အစိုးရက သတ်မှတ်ပေး သည့် အနိမ့်ဆုံးအထောက်အကူပြု ဈေးနှုန်းအောက်သို့ပင် ကျဆင်းလျက်ရှိ သည့်အတွက် အိန္ဒိယ အစိုးရသည် ပဲလုံးတင်သွင်းမှုအပေါ် သွင်းကုန်ခွန် သုံည ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းသို့ ယခုလအစောပိုင်းက တိုးမြှင့်၍ စည်းကြပ်ခဲ့ ပါသည်။ ထိုသို့ တိုးမြှင့်ရသည့် ရည်ရွယ်ချက်မှာ ပြည်တွင်းပဲ ဈေးနှုန်းများ မြှင့်တက်လာစေရန်၊ အိန္ဒိယလယ်သမားများ အဆင်ပြေမှုရှိစေရန်၊ ပဲစိုက်ပျိုး မှုကို အားပေးမြှင့်တင်ရန်နှင့် ၂ဝ၁၈ ခုနှစ်တွင် ပဲတင်သွင်းမှု လျှော့ချရန် တို့ကြောင့် ဖြစ်သည်ဟု အိန္ဒိယအစိုးရက ဖော်ပြထားပါသည်။


စားအုန်းဆီဈေး ဆက်လက်ကျဆင်း

ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ ဖလှယ်နှုန်းမြင့်တက်လာမှုကြောင့် မလေးရှား စားအုန်းဆီဈေးနှုန်းများလည်း ဆက်လက်ကျဆင်းခဲ့သည်။ ထိုကဲ့သို့ ကျဆင်းမှုသည် လေးလကျော်အတွင်း ဆက်လက်ကျဆင်းခြင်းဖြစ်သည်။ စောစောပိုင်းကာလများက စားအုန်းဆီ စာချုပ် ချုပ်ဆို ဈေးသည် ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စားအုန်းဆီတစ်တန်လျှင် ၂၅၄၄ ရင်းဂစ်ရှိခဲ့ရာ ယင်းဈေးနှုန်းသည် ဇူလိုင် ၂၄ ရက်ကတည်းက ကျဆင်းခဲ့သည့် ဈေးနှုန်း ဖြစ်ခဲ့သည်။ မလေးရှားငွေကြေးဖြစ်သော ရင်းဂစ်နှင့် အမေရိကန် ဒေါ်လာတို့၏ ဖလှယ်နှုန်းများသည် နိုဝင်ဘာလ ၁ ရက်က ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ယခုနှစ်အတွင်း ၁ဝ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။ မလေးရှား နိုင်ငံသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်သည့်နိုင်ငံများအနက် ဒုတိယ အများ ဆုံး ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလထုတ် လုပ်မှုသည် ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကာ တန်ချိန်နှစ်သန်း အထိရှိသည်။


မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
Mr soe said...
Friday 22 December 2017, 9:18 am
Hi
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.