14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်းက အီးယူနိုင်ငံများသို့ အမေရိကန်ဒေါ်လာသန်း ၂၆ဝ တန်ဖိုးရှိ ဆန်တန်ချိန် သုံးသိန်းခွဲတင်ပို့ခဲ့ရာ ¤င်းဆန်များအနက် ၁ဝ ရာခိုင်နှုန်းကျော်တွင် ပိုးသတ်ဆေးပါဝင်မှုသည် တစ်ကီလို ဂရမ်လျှင် တစ်မီလီဂရမ်ပါဝင်ခဲ့ကြောင်း အီးယူက သတင်းထုတ် ပြန်ခဲ့သည်။ သို့သော် လာမည့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ကာ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တင်ပို့ရာတွင် မှိုသတ်ဆေးပါဝင်မှုကို တစ်ကီလို ဂရမ်တွင် သုည ဒသမ ဝ၁ မီလီဂရမ်သာ ခွင့်ပြုထားကြောင်း သိရပါသည်။ အိန္ဒိယလယ်သမားများသည်  ဘာစမာတီဆန်ကို ၇ဝ ရာခိုင်နှုန်းကျော် စိုက်ပျိုး လျက်ရှိရာ ယင်းလယ်သမားများသည် မှိုသတ်ဆေးကို အများဆုံး အသုံးပြုကြ သည်။ ပါကစ္စတန် လယ်သမားများမှာမူ သီးနှံဖျက်ပိုးရန်မှ ကာကွယ်ရန် အတွက် ပြုလုပ်ထားသည့် ဓာတုဗေဒဆေးများကို အသုံးမပြုကြဟု သိရသည်။ ထို့ကြောင့် ပါကစ္စတန်သည် အီးယူသို့ တင်ပို့မည့် အိန္ဒိယ၏ အမေရိကန် ဒေါ်လာ သန်း ၂၆ဝ တန်ဖိုးရှိ ဆန်ဈေးကွက်ကို သိမ်းပိုက်လိုက်ကြောင်း ပါကစ္စတန် နယူးစ်သတင်းတွင် ဖော်ပြထားပါသည်။

 

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော  ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား-၁အတိုင်း တွေ့ရပါသည်။

ဇယား-၁                                  ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 17-11-2017 24-11-2017
ထိုင်းဆန်ဖြူ 100% 384 400
ထိုင်းဆန်ဖြူ 5% 374 390
ထိုင်းဆန်ဖြူ 25% 349 365
ထိုင်းပေါင်းဆန် 419 343
ဗီယက်နမ်ဆန်ဖြူ 5% 392 392
ဗီယက်နမ်ဆန်ဖြူ 25% 350 365
ပါကစ္စတန် ဆန်ဖြူ 25% 345 342
ပါကစ္စ္စတန် ပေါင်းဆန် 428 425
အိန္ဒိယဆန်ဖြူ 25% 355 375
အိန္ဒိယ ပေါင်းဆန် 395 395

 

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေ အနေကို ဇယား - ၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-၂                                         ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 17-10-2017 23-10-2017
မတ်ပဲ 555 552
ပဲစင်းငုံ 570 552
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 756 764

အရန်သိုလှောင်ထားသည့် ပဲတန်ချိန် ၁၈ သိန်းအား ဖြန့်ဖြူးရောင်းချရေး အတွက် အိန္ဒိယဝန်ကြီးချုပ် ဦးဆောင်သည့် စီးပွားရေးရာ ကက်ဘီနက် ကော် မတီသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ ပဲနီလေး တန်ချိန် ငါးသိန်းခန့်အား ၂ဝ၁၈ ခုနှစ်၊ မတ်လ၌ အပြီးထုတ် ရောင်းရန်လျာ ထားသည်ဟု သိရသည်။

 

ပြည်ပမှ ကြက်သွန်နီ တင်သွင်းနေရသော အိန္ဒိယ

လက်ရှိကာလ၌ အိန္ဒိယဈေးကွက်အတွင်း ကြက်သွန်နီလက်ကျန်နည်း ပါးလာသည့်အတွက် လက်လီဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၆၅ ရူပီးမှ ၇ဝ ရူပီးအထိ မြင့်တက်လာခဲ့ပြီး နိုင်ငံတွင်း ကြက်သွန်နီလုံလောက်မှုရှိစေရန်  နှင့် လက်လီဈေးနှုန်းများ အေးလာစေရန်အတွက် ပြည်ပမှ တင်သွင်းနေ ကြောင်း သိရပါသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က နိုင်ငံပိုင် အစိုးရက အေ ဂျင်စီများအား အီဂျစ်နှင့် တရုတ်နိုင်ငံများမှ ကြက်သွန်နီ တင်သွင်းရန် အိန္ဒိယ အစိုးရက ခွင့်ပြုပေးခဲ့သည်ဟု သိရပါသည်။

 

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.