14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

 နိုဝင်ဘာ ၄ ရက်မှ ၁ဝ ရက်အထိ မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်တို့ရှိ ကုန်သွယ်ရေး စခန်းများမှ ဆန်စုစုပေါင်း ၄၉၂၂၄ တန်ကျော် တင်ပို့ခဲ့ပါသည်။ စခန်းအလိုက် တင်ပို့မှုမှာ မူဆယ်မှ ဧည့်မထ ၄ဝ၆၆၄ တန်နှင့် ကောက်ညှင်းဆန် ၃၁၇ တန်ကျော်၊ ချင်းရွှေဟော်မှ ဧည့် မထဆန်  ၂၉ တန်၊ လွယ်ဂျယ်မှ ငစိန် ၇၂၃၉ တန်ကျော်၊ စစ်တွေမှ ဧည့်မထ ၆၅ တန်၊ မောင်တောမှ ဧည့်မထ ၉၁ဝ တန်ကျော် တင်ပို့ခဲ့ပါသည်။ ယခင် တစ်ပတ်က  ကုန်သွယ်ရေး စခန်းများမှ ဆန်တန်ချိန် စုစုပေါင်း ၃၆၃၆ဝ တင်ပို့ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၁၂၈၆၄ တန်ပိုမိုတင်ပို့ခဲ့ပါသည်။

မူဆယ်ဆန်ဈေးကွက်တွင် ဆန်ဝယ်လိုအားများပြီး အရောင်းအဝယ် ကောင်းကြောင်းနှင့်  ဆန်တစ်အိတ်လျှင် တစ်ယွမ်မှ နှစ်ယွမ်အထိ ဈေးကျပါ သည်။  မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ နိုဝင်ဘာ ၉ ရက်မှ ၁၆ ရက် အထိ ၅၁၂ဝ၂ တန်ရှိပြီး ဆန်အဝင်ကောင်းသကဲ့သို့ အရောင်းအဝယ်လည်း လိုက်လာပါ သည်။

ယခုအချိန်သည် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းများတွင် မိုးရာသီ စိုက်စပါးများရင့်မှည့်၍ ရိတ်သိမ်းမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလဖြစ် ပါသည်။ စပါးပင်များကို စက်ကြီးများဖြင့် ရိတ်သိမ်ြးေ>ွခလှေကာ နေအနည်း ငယ် လှန်းလျက် ပီနံအိတ်များအတွင်း ထည့်သွင်း၍ လယ်ကွင်းများအထိ လာရောက်ဝယ်ယူနေသည့် စပါးပွဲစားများထံ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ စပါးဈေးနှုန်းမှာတင်းတစ်ရာလျှင် ကျပ် ၅ သိန်း ၃ သောင်းနှုန်းဖြင့် ဝယ်ယူလျက်ရှိပြီး ဆန်အဖြစ်ကြိတ်ခွဲရန်နှင့် စပါးအတိုင်း တရုတ်နိုင်ငံသို့ တင်ပို့ရန်အပြိုင်ဈေးပေးလျက် ဝယ်ယူနေကြပါသည်။

ယခင်နှစ်များက မိုးစပါး ပေါ်ချိန်တွင် နီးစပ်ရာ ဆန်စက်များတွင် ဆန်ကြိတ်ခွဲရန် ဝယ်ယူခြင်းဖြစ်ပြီး ကြိတ်ခွဲပြီး ဆန်များကိုသာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြခြင်းဖြစ် သည်။

ပဲမျိုးစုံ တင်ပို့မှု

 နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၅၂ဝ၄ တန်၊ ပဲတီစိမ်း ၄၉၃ တန်၊ ပဲစင်းငုံ ၂၇၄၇ တန်၊ ကုလားပဲ ၇၂ တန်၊ ပဲလွန်းဖြူ ၁ တန်နှင့် မြေထောက်ပဲ ၂၃ တန် ရှိပါသည်။

ယခုတစ်ပတ် ၂ဝ-၁၁-၂ဝ၁၇ နေ့ထိ ဘုရင့်နောင်ပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံနီဈေးများ ပြန်လည်ကျဆင်းလာခဲ့ပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ (RC) တစ်တန်လျှင် ကျပ် ၄၈၅ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၄၇၉ဝဝဝ အထိ ၊ မတ်ပဲ SQ(RC) ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၆၇၅ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၆၆၅ဝဝဝ အထိ ဈေးပြန်ကျလာပါသည်။ ပဲစင်းငုံနီကလည်း ယခင်တစ်ပတ်က တစ်တန် လျှင် ကျပ် ၃၃၅ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ၃၃ဝ၅ဝဝ ကျပ်နှင့် ဈေးပြန် လည်ကျဆင်းလာခဲ့ပါသည်။

မန္တလေးဈေးကွက်တွင် မတ်ပဲနှင့်ပဲစင်းငုံနီတို့ ဈေးငြိမ်နေပြီး ပဲတီစိမ်း (အညာရွှေဝါ) ဈေးအနည်းငယ်တက်လာပါသည်။ ပဲတီစိမ်း (အညာရွှေဝါ) ကို တရုတ်ဝယ်လက်များက ပုံမှန်ဝယ်ယူခဲ့ကြသဖြင့် အရောင်းအဝယ်ပုံ မှန်ဖြစ်ခဲ့ပါသည်။

မူဆယ်ဈေးကွက်တွင် အစေ့ထုတ်ပြောင်း အရောင်းအဝယ်ကောင်း

 ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေပြီး အရောင်းအဝယ်ကောင်းနေပါသည်။ အစေ့ထုတ်ပြောင်း ၅ဝ ကီလိုဂရမ်တစ် အိတ်လျှင် မြန်မာဘက်ကမ်းတွင် ၇၅ ယွမ်၊ ရွှေလီဘက်ကမ်းတွင် ၈၂ ယွမ်နှင့် ယခင်တစ်ပတ်က ဈေးအတိုင်း ရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ ယခင် တစ်ပတ်က အစေ့ထုတ်ပြောင်းတန်ချိန် ၃ဝဝဝဝ ကျော်ရှိခဲ့ရာမှ ယခုတစ်ပတ် တွင် တန်ချိန် ၅ဝဝဝဝ ကျော်အထိ အရောင်းအဝယ်ကောင်းနေပါသည်။         ငွေလဲနှုန်းအခြေအနေမှာ တစ်ယွမ်လျှင် မြန်မာငွေ ၂ဝ၄ ကျပ်အထိ ပေါက် ဈေးရှိပြီး ယခင်တစ်ပတ်အတိုင်း အတက်အကျမရှိပါ။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.