14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်
    အိန္ဒိယနိုင်ငံ၏  ဥရောပဈေးကွက်သို့ ဆန်တင်ပို့မှုသည် ယခုနှစ်ဧပြီလ မှ စက်တင်ဘာလအတွင်း ၃ဝ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါသည်။ အိန္ဒိယ နိုင်ငံ၏ စုစုပေါင်းလယ်ယာထွက်ကုန် တင်ပို့မှုများအနက် ဘာစမာတီဆန် နှင့် ရိုးရိုးဆန်တင်ပို့မှုသည် ဧပြီလမှ စက်တင်ဘာလအထိ ၁၃ ရာခိုင်နှုန်း မြင့်တက်သွားခဲ့သည်။ နှစ်စဉ်စုစုပေါင်း စပါးအထွက်၏ ၄၄ ရာခိုင်နှုန်းသည် အိန္ဒိယနိုင်ငံ၏ ပို့ကုန်တင်ပို့မှုကို အထောက်အကူပြုလျက်ရှိသည်။ ဧပြီလမှ  စက်တင်ဘာလအထိ ဘာစမာတီဆန်တင်ပို့မှုတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၃ ဘီလီယံသို့ မြင့်တက်ခဲ့သည်။ ယခင်နှစ်ကာလတူက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆၃ ဘီလီယံသာရှိခဲ့သည်။ ဥရောပသို့ ဆန် တင်ပို့မှုသည် ယခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ တန်ချိန် ၂ ဒသမ ၁၃ သန်းတင်ပို့ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည်နှစ် အလားတူ ကာလတွင် ၂ ဒသမ ဝ၇ သန်းသာ တင်ပို့နိုင်ခဲ့ပါသည်။ အိန္ဒိယမှ တင်ပို့သည့် ဘာစမာတီဆန်များတွင် ပိုးသတ်ဆေးကြွင်းပါဝင်မှု ပမာဏများပြားခြင်းရှိ မရှိ ဥရောပစားနပ် ရိက္ခာလုံခြုံရေး အာဏာပိုင်အဖွဲ့က စစ်ဆေးလျက်ရှိကြောင်း သိရပါသည်။

 အာရှဆန်တင်ပို့နေသည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရပါသည်။

ဇယား - 2                              ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 4-11-2017 10-11-2017
ထိုင်းဆန်ဖြူ 100% 380 371
ထိုင်းဆန်ဖြူ 5% 370 360
ထိုင်းဆန်ဖြူ 25% 348 136
ထိုင်းပေါင်းဆန်
429 430
ဗီယက်နမ်ဆန်ဖြူ 5% 395 390
ဗီယက်နမ်ဆန်ဖြူ 25% 367 358
ပါကစ္စတန်ဆန်ဖြူ 25% 338 343
ပါကစ္စတန် ပေါင်းဆန် 410 410
အိန္ဒိယဆန်ဖြူ 25% 369 360
အိန္ဒိယ ပေါင်းဆန် 400 395

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း
 မွမ်ဘိုင်းဈေးကွက် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအနေကို ဇယား-၂ အတိုင်းတွေ့ရှိရပါသည်။

ဇယား - 2                              ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 1-11-2017 10-11-2017
မတ်ပဲ 577 573
ပဲစင်းငုံ 566 573
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 759 754

အိန္ဒိယနိုင်ငံတွင်  မိုးရာသီစိုက်ပဲထုတ်လုပ်မှု ပမာဏမှာ ယခင်နှစ်ထက် တန်ချိန် ခုနှစ်သိန်းခန့် လျော့နည်းကျဆင်းမည်ဟု ခန့်မှန်းထားရာ ထိုကဲ့သို့ လျော့နည်းသွားမည့် ပမာဏကို လာမည့် ဆောင်းရာသီစိုက် ပဲများဖြင့် ဖြည့် တင်းနိုင်မည်ဟု အိန္ဒိယစိုက်ပျိုးရေး ဝန်ကြီးဌာန ဝန်ကြီးမိုဟန်ဆင်းက ပြောကြားပါသည်။ မိုးရာသီတွင် ထုတ်လုပ်မှု ပမာဏကျဆင်းမည်ဖြစ်သော်လည်း ဆောင်းရာသီတွင် ပြန်လည်အစားထိုးနိုင်လိမ့်မည်ဟု ¤င်းတို့အနေဖြင့် မျှော် လင့်ထားသည်ဟု ဆိုပါသည်။


ဗီယက်နမ် သီဟိုဠ်ပင်စိုက်ပျိုးရေး ရာသီဥတုအန္တရာယ်ရင်ဆိုင်နေရ
    ဗီယက်နမ်နိုင်ငံ၏ သီဟိုဠ်စေ့ထုတ်လုပ်မှုသည် ယခုနှစ်တွင် တစ်ဟက် တာလျှင် ၁ဝ ဒသမ ၈ ကွင်တယ်သာရှိခဲ့သဖြင့် လွန်ခဲ့သည့်နှစ်က ထွက်ရှိ သည့် နှုန်းနှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ယခုနှစ်တွင် မိုးပိုမိုရွာသွန်းခြင်းနှင့် အပွင့်ပွင့်ချိန်တွင် မိုးခေါင်ခြောက်သွေ့မှုနှင့် ရင်ဆိုင်ခဲ့  ရသဖြင့် အထွက်နည်းကျဆင်းခဲ့သည်။ ထို့ပြင် သီးနှံဖျက်ပိုးများကလည်း သီဟိုဠ်ဖူးနှင့် အသီးကင်းလေးများအား ဖျက်ဆီးခဲ့ကြသဖြင့် အထွက်နှုန်းနှင့် အရည်အသွေးထိခိုက်စေသည်။ ဗီယက်နမ် တစ်နိုင်ငံလုံးတွင် ယခုနှစ်အတွင်း သီဟိုဠ်စိုက်ဧရိယာဟက်တာပေါင်း သုံးသိန်းကျော်မှ သီဟိုစေ့တန်ချိန် နှစ်သိန်း လေးသောင်းထွက်ရှိမည်ဟု ခန့်မှန်းထားသဖြင့် ယခင်နှစ်ကထက် တန်ချိန် တစ်သိန်းခန့်လျော့နည်းထွက်ရှိခဲ့သည်။
မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.