23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်

ထိုင်းဆန်၏ ပြည်ပဝယ်လိုအားမြင့်တက်လာမှုကြောင့် ၂ဝ၁၇ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၁ဝ ဒသမ ၈ သန်းအထိ တိုးတက်တင်ပို့လာနိုင်ခဲ့ သည်။ ယခုနှစ်တွင် ဆန်တန်ချိန် ၁၁ သန်းအထိ တင်ပို့နိုင်မည်ဟု ထိုင်း ဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌက ပြောပြပါသည်။ ထိုကဲ့သို့ တင်ပို့နိုင်ရန်  အတွက် တစ်လလျှင် ပျမ်းမျှဆန်တန်ချိန် ၈၂ဝဝဝဝ တင်ပို့ခဲ့ရာ ယခုအခါ  ဆန်တန်ချိန် ၈ ဒသမ ၂ သန်းတင်ပို့နိုင်ခဲ့ပြီး ဖြစ်သည်ဟု သိရပါသည်။ အရည်အသွေးမြင့် ပရီမီယံဆန်ဖြစ်သည့် ဟုမ္မလီဆန်ဈေးနှုန်းမှာ တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၇၅ဝ မှ ၈ဝဝ အထိ ရရှိခဲ့သဖြင့် ယခင်နှစ်ကထက် ပိုမိုဈေးရရှိလာကြောင်း။ အရည်အသွေးမြင့် ၅ မှတ် ဆန်ဖြူ၏ ဈေးနှုန်းမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅  မှ ၄ဝဝ ထိ ရှိပြီး ယခင်နှစ်ကတစ် တန်လျှင် ပျမ်းမျှ ဒေါ်လာ ၃၉၄ သာ ရရှိခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါ ထိုင်းဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တန်ချိန် တစ်သိန်းခွဲနှင့် သီရိလင်္ကာ နိုင်ငံမှ တန်ချိန် ၂၅ဝဝဝ ခန့် ဝယ်ယူလိုသည်ဟု  ကမ်းလှမ်းထားပါသည်။ ခိုင်မာသော ဈေးကွက်ဝယ်လိုအားကြောင့် ယခုနှစ်ကုန်ပိုင်းအထိ ဈေးနှုန်း ဆက်လက်တည်ငြိမ်လျက်ရှိမည်ဟု မျှော်မှန်းထားသည်ဟု သိရသည်။

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား-၁အတိုင်း တွေ့ရပါသည်။

ဆန်အမျိုးအမည်                     ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 20-10-2017 27-10-2017
ထိုင်းဆန်ဖြူ 100% 384 383
ထိုင်းဆန်ဖြူ 5% 374 373
ထိုင်းဆန်ဖြူ 25% 350 350
ထိုင်းပေါင်းဆန် 429 429
ဗီယက်နမ်ဆန်ဖြူ 5% 390 395
ဗီယက်နမ်ဆန်ဖြူ 25% 365 367
ပါကစ္စတန်ဆန်ဖြူ 25% 338 342
ပါကစ္စတန် ပေါင်းဆန် 410 410
အိန္ဒိယဆန်ဖြူ 25% 360 360
အိန္ဒိယ ပေါင်းဆန် 415 400


အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံဈေးနှုန်းများ အခြေအနေ ကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား - 2                     ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 18-10-2017 27-10-2017
မတ်ပဲ 605 535
ပဲစင်းငုံ 504 565
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 805 776

အိန္ဒိယနိုင်ငံတွင် နောင် နှစ်နှစ်ကြာလျှင် ပဲတင်သွင်းရန် လိုအပ်တော့ မည် မဟုတ်ကြောင်း၊ ပြည်တွင်း စားသုံးမှုကို ပြည့်မီအောင် ထုတ်လုပ်နိုင် တော့မည်ဖြစ်ကြောင်း  လယ်ယာစိုက်ပျိုးရေး ဝန်ကြီးရာဒါမိုဟန်ဆင်းက  ပြော ကြားခဲ့သည်ဟု သိရပါသည်။ အိန္ဒိယနိုင်ငံတွင်  ယခင်ဘဏ္ဍာနှစ်အတွင်းပဲမျိုး စုံ တန်ချိန် ၅ သန်းအထိ ပြည်ပမှ တင်သွင်းခဲ့ရာမှ ၂ဝ၁၆-၂ဝ၁၇ သီးနှံနှစ် ဇူလိုင်-ဇွန်၌ ပဲမျိုးစုံ တန်ချိန် ၂၂ ဒသမ ၃၅ သန်းအထိ စံချိန်တင်ထုတ်လုပ် နိုင်ခဲ့ပါသည်။ ထိုသို့ပဲမျိုးစုံအတွက် အလွန်ကောင်းပြီး ပြည်တွင်း၌ ပဲမျိုးစုံ ဈေးများကျဆင်းခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် ပြည်ပမှ  တင်သွင်းမှုကို ကန့် သတ်လာခဲ့သည်။ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဆင်းက ''ယခင်နှစ် ပဲမျိုးစုံ ထုတ်လုပ်မှုဟာ တန်ချိန် ၆ ဒသမ ၅ သန်းခန့် ပိုမိုထုတ်လုပ်ခဲ့တာကြောင့် နောင်နှစ်နှစ်ကြာရာပဲတင်သွင်းဖို့လိုတော့မှာ မဟုတ်ဘူး''ဟု Business Standard Newspaper က ကျင်းပခဲ့သော စိုက်ပျိုးရေး စားပွဲဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့သည်ဟု သိရသည်။


ဆန်စားသုံးမှု လျှော့ချရန် အင်ဒိုနီးရှားအစိုးရ တိုက်တွန်း

ဆန်ကို အဓိကထား၍  စားသုံးနေမှုအား  လျှော့ချကြရန် အင်ဒိုနီးရှား အစိုးရက ¤င်း၏ ပြည်သူများအား တိုက်တွန်းခဲ့ကြောင်း ဂျကာတာပို့စ်တွင် ဖော်ပြထားသည်။ အင်ဒိုနီးရှားတွင် လူတစ်ဦးချင်းဆန်စားသုံးမှုနှုန်းသည် အခြားအာရှနိုင်ငံများထက် ပိုမိုမြင့်တက်နေသဖြင့် အခြားနည်းလမ်းဖြင့် ရှာဖွေ စားသုံးကြရန် တိုက်တွန်းထားပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.