23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်


ယခုတစ်ပတ်ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောရွှေဘိုပေါ်ဆန်း၊ ဆန် ကြမ်းနွေဆန်ရက် ၉ဝ နှင့် ဧည့်မထ  ၂၅ မှတ်ဆန်တို့ ဈေးအနည်းငယ်စီ တက်လာသည်။ ကုန်စည်ဒိုင် လက်ကားဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းထိပ်စ တစ်အိတ်လျှင် ကျပ် ၃၆၅ဝဝ နှင့် လတ်စတစ်အိတ်လျှင် ကျပ် ၃၅ဝဝဝ၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၄၈၅ဝဝ မှ ၅၁ဝဝဝ အထိ ရှိပြီး တစ်အိတ်လျှင် ကျပ် ၁ဝဝဝ ခန့် ဈေးတက်သည်။ ဆန်ကြမ်းနွေဆန် ရက် ၉ဝ တစ်အိတ်လျှင် ကျပ် ၂၄ဝဝဝ မှ ကျပ် ၂၄၅ဝဝ ဖြစ်ပြီး ဧည့်မထဆန် ၂၅ မှတ်တစ်အိတ်လျှင် ကျပ် ၂ဝ၅ဝဝ မှ ၂၁ဝဝဝ  ဖြစ်သဖြင့် တစ်အိတ်လျှင် ကျပ် ၂ဝဝ မှ ၅ဝဝ အထိ ဈေးတက်လာပါသည်။

ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ဟောင်းအဝင်နည်းသဖြင့် ဈေးအနည်း ငယ်မြင့်တက်လာသော်လည်း အရောင်းအဝယ်ခပ်ပါးပါးနှင့် ပုံမှန်သာရှိပါ သည်။ ဆန်သစ်မှာ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ အဝင်ရှိသော်လည်း ဝါးတန်း ကုန်စည်ဒိုင်တွင် မဝင်သေးကြောင်း တွေ့ရသည်။ မူဆယ်တွင် ဆန်အရောင်း အဝယ် ပုံမှန်သာရှိပြီး ဈေးအနည်းငယ်တက်ကြောင်း သိရသည်။ မြို့နယ်စုံမှ မူဆယ်သို့ အောက်တိုဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ဆန်တန်ချိန် ၁၆၂၅၁ တန်ဝင်သဖြင့် ယခင်တစ်ပတ်ထက်ဆန်အဝင်ပိုမိုပြီး ဆန်ဈေးလည်းမြင့် တက်ခဲ့ပါသည်။

 အောက်တိုဘာ ၇ ရက်မှ ၁၃ ရက်အထိ နယ်စပ်ကုန်သွယ်ရေး စခန်း များမှ  ဆန်တန်ချိန် ၁၁၆၂ဝ ကျော် တင်ပို့ခဲ့ရာတွင် မူဆယ်မှ ဧည့်မထ  ဆန် ၈၆၂၈ တန်နှင့် ကောက်ညှင်းဆန်တန် ၄ဝဝ၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၁၃၄  တန်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၁၇၉၃ တန်၊ စစ်တွေမှ ငစိန်ဆန် ၆၆၅ တန် တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်နှင့် စာလျှင် ယခုတစ်ပတ်တွင် ဆန်တန်ချိန် ၇ဝ၁၇ လျော့နည်းခဲ့ပါသည်။ ပင်လယ်ရေကြောင်းမှ ဆန်ဖြူ နှင့် ပေါင်းဆန် ၁၅ဝ၂၅ တန် တင်ပို့ခဲ့ပါသည်။

ယခုတစ်ပတ် ဆန်တင်ပို့သည် နိုင်ငံများအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့ပါသည်။ ဧည့်မထ ၆၄၅ဝ တန်နှင့် ပေါင်းဆန်တန် ၂ဝဝ တင်ပို့ခဲ့ပါသည်။

ပဲမျိုးစုံတင်ပို့မှု

 အောက်တိုဘာ ၈ ရက်မှ ၁၄ ရက်အထိ ပြည်ပသို့ပဲမျိုးစုံ တင်ပို့မှု FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၁၅၁၇ တန်၊ ပဲတီစိမ်း ၁၈၁ တန်၊ ပဲစင်းငုံ ၄၈ဝ တန်၊ ကုလားပဲ ၂၆ တန်၊ မြေထောက်ပဲ ၃၅  တန်သာရှိပါသည်။

ယခုတစ်ပတ် ၂၃-၁ဝ-၂ဝ၁၇ ထိ ဘုရင့်နောင် ဈေးကွက်တွင် မတ်ပဲ FAQ(RC) ၊ မတ်ပဲ SQ(RC) နှင့် ပဲစင်းငုံနီတို့ ဈေးဆက်လက်ကျဆင်းခဲ့သည်။         ယခင်တစ်ပတ်က  မတ်ပဲ FAQ(RC) တစ်တန်လျှင် ကျပ် ၄၉၇ဝဝဝ ရှိခဲ့ရာ မှ ယခုတစ်ပတ်တွင် ကျပ် ၄၇၈ဝဝဝ  အထိ၊ မတ်ပဲ SQ(RC) ယခင် တစ်ပတ်က တစ်တန်လျှင် ကျပ် ၆၄၅ဝဝဝ အထိ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၆ဝဝဝဝဝ ထိ ဈေးပြန်ကျခဲ့သည်။

ထို့အတူ ပဲစင်းငုံနီကလည်း ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၃၈ဝဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၃၂၅ဝဝဝ နှင့် ဈေးပြန်ကျဆင်း ခဲ့သည်။

လားရှိုးပြောင်းဈေးကွက်ဈေးတက်ပြီး အရောင်းအဝယ်သွယ်

ယခုတစ်ပတ် လားရှိုးဈေးကွက်တွင် ပြောင်းဈေးမြင့်တက်နေပြီး အရောင်း အဝယ်လည်းကောင်းနေပါသည်။ ယခင်တစ်ပတ်က ပြောင်းတစ်ပိဿာ ၄၄၅ ကျပ်မှ ယခုတစ်ပတ်တွင် ကျပ် ၄၇ဝ ထိ ဈေးတက်နေပြီး အရောင်းအဝယ် ဖြစ်မှုအနေဖြင့် ယခင်တစ်ပတ်က ၄၁၃၆၆၉၄ ပိဿာရှိခဲ့ရာမှ ယခုတစ်ပတ် တွင် ၄၉၃၅၂၅၁  ပိဿာထိရှိခဲ့သဖြင့် အရောင်းအဝယ်သွက်ခဲ့သည်။ သယ်ယူပို့ဆောင်ခအနေနှင့် လားရှိုးမှ မူဆယ်အထိ ပြောင်းတစ်ပိဿာလျှင် ကျပ် ၃ဝ ရှိပြီး အတက်အကျမရှိကြောင်း သိရပါသည်။


မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.