19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်

အိန္ဒိယနိုင်ငံတွင် ယခုနှစ် မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုများနှင့် မိုး ခေါင်မှုများကြောင့် မိုးစပါးအထွက်နှုန်း လျော့ကျနိုင်သည်ဟု အစိုးရတာဝန် ရှိသူများ၏ ပြောကြားချက်အားကိုးကား၍ တိုင်းမ်အော့ဖ် အိန္ဒိယသတင်းတွင် ဖော်ပြထားပါသည်။ ယခုနှစ် မုတ်သုံရာသီတွင် အိန္ဒိယနိုင်ငံ၌ စပါးမက်ထရစ် တန်ချိန် ၁ ဒသမ ၉ သန်းအထိ ကျဆင်းနိုင်ဖွယ်ရာရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ၂ဝ၁၇-၂ဝ၁၈ သီးနှံရာသီတွင် စပါးတန်ချိန် ၉၄ ဒသမ ၄၈ မက်ထရစ်တန်ထွက်ရှိမည်ဟု ခန့်မှန်းထားရာ ယခင်နှစ်က ခန့်မှန်းထားသည့် တန်ချိန်ထက် လျော့နည်းခဲ့ကြောင်း အမည်မဖော်လိုသူ အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယခင်နှစ်က စပါး ၉၆ ဒသမ ၃၉ မက်ထရစ်တန် ထွက်ရှိခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ဆန်မဟာဗျူဟာရေးဆွဲလျက်ရှိရာတွင် အရေအတွက် ပမာဏအပေါ် အခြေပြုခြင်းထက် တန်ဖိုးမြှင့်ထုတ်ကုန် တီထွင်မှုအ ပေါ် အခြေပြုရန် ရည်ရွယ်ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ ရေးဆွဲလျက် ရှိသည့် ထိုမဟာဗျူဟာအရ လက်ရှိနှစ်စဉ် တင်ပို့နေသည့် ဆန်တန်ချိန် ၁ဝ သန်းအစား တန်ချိန် ခုနစ်သန်းကိုသာ တင်ပို့ရန်ရည်ရွယ်ပြီး ကျန်တန်းမြင့် ဆန်တန်ချိန် သုံးသန်းအား တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ် လုပ် တင်ပို့သွားရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

 အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား - ၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား - 1                    ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 22-9-2017 29-9-2017
ထိုင်းဆန်ဖြူ 100 % 430 419

ထိုင်းဆန်ဖြူ 5 %

415 404
ထိုင်းဆန်ဖြူ 25 % 390 380
ထိုင်းပေါင်းဆန် 452 434
ဗီယက်နမ်ဆန်ဖြူ 5 % 370 393
ဗီယက်နမ်ဆန်ဖြူ 25 % 350 373
ပါကစ္စတန်ဆန်ဖြူ 25 % 350 340
ပါကစ္စဆန် ပေါင်းဆန် 415 420
အိန္ဒိယဆန်ဖြူ  25 % 365 360
အိန္ဒိယ ပေါင်းဆန် 430 415

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများအခြေအနေ ကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-2                 ဈေးနှုန်း USD.PMT
ပဲအမျိုးအမည် 22-9-2017 28-9-2017
မတ်ပဲ 677 639
ပဲစင်းငုံ 585 563
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 885 836

အိန္ဒိယနိုင်ငံ၌ အရန်သိုလှောင်ထားသော ပဲတန်ချိန် ၁၈ သိန်းကို ဖြန့် ဖြူးရောင်းချနိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန် ညွှန်ကြား ထားကြောင်း စားနပ်ရိက္ခာဝန်ကြီးက ပြောကြားပါသည်။ ထို့ပြင် လက်ရှိရာသီ တွင် ပဲမျိုးစုံ ဈေးနှုန်းများ သတ်မှတ်ထားသည့် ရောင်းဈေးအောက်ကျဆင်း ပါက အစိုးရက ဝယ်ယူပေးမည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရသည် ပဲစိုက်တောင် သူများ ပိုမိုကောင်းမွန်သည့် ဈေးနှုန်းရရှိစေရန်နှင့် ပြည်တွင်း၌ ဈေးနှုန်းမြင့် တက်လာချိန်တွင် ဈေးနှုန်းထိန်းညှိနှိုင်းရေး ထောက်ပံ့ရောင်းချရန်တို့အတွက် အရန်ပဲ သိုလှောင်ရန် ပြီးခဲ့သည့်နှစ်က ပထမဆုံးအကြိမ်ဆုံးဖြတ်ခဲ့ပါသည်။ သို့ဖြစ်၍ အရန်ပဲတန်ချိန် သိန်း ၂ဝ ခန့်ကို ပြည်တွင်းမှ ဝယ်ယူခြင်း၊ ပြည်ပမှ တင်သွင်းခြင်းများဖြင့် ဖြည့်ဆည်းထားခဲ့ကြောင်း၊ လက်ရှိတွင် အရန်ပဲတန် ချိန် ၁၈ သိန်းကျန်ရှိနေသေးကြောင်း၊ ကာလတိုအတွင်းသာ  သိုလှောင်ထား နိုင်သည့်အတွက် အမြန်ဆုံး ထုတ်ရောင်းရန် စီစဉ်နေကြောင်း သိရပါသည်။ အိန္ဒိယနိုင်ငံတွင် အရန်ပဲများ သိုလှောင် ထားခြင်းနှင့် အနိမ့်ဆုံး ဈေးနှုန်းများ ကျဆင်းခြင်းတို့ကြောင့် ပဲစိုက်တောင်သူများ၏ စိုက်ပျိုးလိုစိတ်များ လျော့ကျ လာမှုကြောင့် ၂ဝ၁၇-၂ဝ၁၈ သီးနှံရာသီတွင် ပဲအမျိုးမျိုးစိုက်ဧကများ လျော့ နည်းလာခဲ့ကြောင်း သိရသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.