14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်
    ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချောအရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးငြိမ်နေပါသည်။ အဝယ်လိုက်နေသည့် ဆန်ကြမ်းနွေသီးထပ်ရှယ် နှင့် ဧည့်မထ ၂၅ မှတ်တို့ ဈေးထပ်မံတက်လာပါသည်။ ဆန်ချောဖျာပုံပေါ် ဆန်း ထိပ်စတစ်အိတ်လျှင် ၃၄ဝဝဝ၊ လတ်စတစ်အိတ်လျှင် ကျပ် ၃၃ဝဝဝ၊ ပုသိမ်-မြောင်းမြပေါ်ဆန်း ထိပ်စတစ်အိတ်လျှင် ကျပ် ၃၆ဝဝဝ နှင့် လတ် စတစ်အိတ်လျှင် ကျပ် ၃၃၅ဝဝ၊ ရွှေဘိုပေါ်ဆန်း၊ တစ်အိတ်လျှင် ကျပ် ၄၈ဝဝဝ မှ ၄၉ဝဝဝ ဖြစ်ပြီး အရောင်းအဝယ်အေးသဖြင့် ဈေးလည်းငြိမ်နေ ပါသည်။ ဆန်ကြမ်းနှစ်မျိုးမှာ အဝင်နည်းပြီး သင်္ဘောတင်လည်း ရှိသဖြင့် အဝယ်လိုက်ကာ ဈေးတက်လာပါသည်။ နွေသီးထပ်ရှယ်တစ်အိတ်လျှင် ကျပ် ၂၂၅ဝဝ မှ ၂၂၈ဝဝ၊ ဧည့်မထ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၂ဝ၅ဝဝ မှ ၂၁ဝဝဝ ဖြစ်သဖြင့် တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ကျပ် ၇ဝဝ အထိ ဈေး တက်လာပါသည်။
    မူဆယ်ဈေးကွက်တွင် အရောင်းအဝယ်လိုက်သည့် ဧည့်မထ ငါးမှတ် မှော်ဘီတစ်အိတ်လျှင် ၁၃၈ ယွမ်မှ ၁၄၁ ယွမ်၊ ဧည့်မထ ၁ဝ မှတ် စူပါတစ် အိတ်လျှင် ၁၃၄ ယွမ်မှ ၁၃၉ ယွမ်ရှိပါသည်။  စက်တင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ မြို့နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ ၂၁၆၉၂ တန်ရှိပြီး ဆန်အ ရောင်းအဝယ် ပုံမှန်ရှိပါသည်။ ကုန်သွယ်ရေး စခန်းများမှ စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ဆန်နှင့် ကောက်ညှင်းဆန် ၂၃၈၄၅ တန်ကျော် တင်ပို့ခဲ့ ရာတွင် မူဆယ်မှ ဧည့်မထ ၂၁၁၂၅ တန်၊ ကောက်ညှင်းဆန်တန် ၃ဝ၊ ချင်း ရွှေဟော်မှ ငစိန် ၁၃၅ တန်၊ လွယ်ဂျယ်မှ ငစိန် ၂ဝဝ၅ တန်နှင့် စစ်တွေမှာ ဧည့်မထတန် ၅၅ဝ တန် တင်ပို့ခဲ့ပါသည်။ ယခင်တစ်ပတ်ထက် စုစုပေါင်း ၃၄၈၅ တန်လျော့နည်းခဲ့ပါသည်။ စက်တင်ဘာ ၁ဝ ရက်မှ ၁၆ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ဆန်ဖြူနှင့် ပေါင်းဆန်စုစုပေါင်း ၂၁၂၄၆ တန် တင်ပို့ ခဲ့သဖြင့် ယခင်တစ်ပတ်ထက် တန်ချိန် ၄၅၇ဝ တန် ပိုမိုတင်ပို့ခဲ့ပါသည်။

ပဲမျိုးစုံတင်ပို့မှု
    စက်တင်ဘာ ၁ဝ ရက်မှ ၁၆ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု FOB အရောင်းအဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၇၂၁၈ တန်၊ ပဲတီစိမ်း ၄၆၄ တန်၊ ပဲစင်းငုံ ၁ဝ၉၃ တန်၊ ကုလားပဲ ၃၇၈ တန်၊ ပဲလွန်းဖြူ သုံးတန်နှင့် မြေထောက်ပဲ ၄၈ တန် ရှိပါသည်။
    ယခုတစ်ပတ် ၂၂-၉-၂ဝ၁၇ နေ့ထိ ဘုရင့်နောင့် ဈေးကွက်တွင် မတ်ပဲ FAQ(RC)  ၊ မတ်ပဲ SQ(RC) နှင့် ပဲစင်းငုံနီတို့ ယခင်တစ်ပတ်ထက် ဈေး အနည်းငယ်တက်လာပါသည်။ ယခင်တစ်ပတ်က မတ်ပဲ င်္FAQ (RC) တစ်တန် လျှင် ကျပ် ၅၅၄ဝဝဝ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကျပ် ၅၆၅ဝဝဝ အထိလည်း ကောင်း၊ မတ်ပဲ SQ(RC)က ယခင်တစ်ပတ်တွင် တစ်တန်လျှင် ကျပ် ၇၄၄ဝဝဝ အထိ ရှိခဲ့ပြီး ယခုတစ်တွင် ကျပ် ၇၄၇ဝဝဝ ထိ ဈေးပြန်တက်လာပါ သည်။ ပဲစင်းငုံနီမှာ ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၄၁၈၅ဝဝ ရှိခဲ့ ရာမှ ယခုတစ်ပတ်တွင် ကျပ် ၄၂၇ဝဝဝ နှင့် ဈေးပြန်တက်လာပါသည်။
    ယခုတစ်ပတ် မန္တလေးဈေးကွက်တွင် မတ်ပဲဈေးအနည်းငယ်တက်လာ သော်လည်း ပဲစင်းငုံနီမှာ အရောင်းအဝယ်အေးနေပါသည်။

လားရှိုးပြောင်းဈေးကျသော်လည်း အရောင်းအဝယ်ကောင်း


    ယခုတစ်ပတ် လားရှိုးဈေးကွက်တွင် ပြောင်းဈေးကျနေသော်လည်း အရောင်းအဝယ်ကောင်းနေပါသည်။ ယခင်တစ်ပတ်က ပြောင်းတစ်ပိဿာ ကျပ် ၅၉ဝ မှ ယခုတစ်ပတ်တွင် ကျပ် ၅၂ဝ ထိ ဈေးကျဆင်းခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှုမှာ ယခင်တစ်ပတ်က ပိဿာချိန် ၂၈ဝ၂၉ဝဝ သာ ရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ပိဿာချိန် ၃၂၄၂၆ဝဝ ထိရှိခဲ့ပြီး အရောင်း အဝယ်လည်း သွက်ခဲ့ပါသည်။ သယ်ယူပို့ဆောင်ရေးအနေနှင့် လားရှိုးမှ မူဆယ် အထိ ပြောင်းတစ်ပိဿာ ၂၉ ကျပ်ရှိပြီး အတက်အကျမရှိကြောင်း သိရပါ သည်။

မောင်သုံးသပ်

ဈေးကွက်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.