14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

ဂျပန်နိုင်ငံသည် ပြည်ပသို့ နှစ်စဉ်ဆန်တင်ပို့လျက်ရှိရာ ၂ဝ၁၉ ခုနှစ်တွင် ဆန်တန်ချိန် တစ်သိန်းအထိ တင်ပို့နိုင်ရန် ရည်မှန်းထားသည်။ ပြည်တွင်း၌ ဆန်စားသုံးမှု ကျဆင်းလျက်ရှိနေချိန်တွင် ဂျပန်စားသောက်ကုန် ပစ္စည်းများ အား ပိုမိုနှစ်သက်လာသည့် ပြည်ပဈေးကွက်များတွင် ဆန်များ ရောင်းချနိုင် ရေးအတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်သွားမည်ဟု သိရသည်။ အဓိက စားသောက်ကုန်ဖြစ်သည့် ဆန်နှင့် ဆန်ဖြင့်ပြုလုပ်သော မုန့်များ၊ ဆာကေး (ဂျပန်အရက်) များကဲ့သို့ တင်ပို့ရန် ရည်မှန်ထားသည်ဟု ဆိုသည်။ ဂျပန် နိုင်ငံသည် ၂ဝ၁၆ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် တစ်သောင်းတင်ပို့ခဲ့ပြီး ဆန်ဖြင့် ပြုလုပ်သော စားသောက်ကုန်များပါဝင်မည်ဆိုပါက တန်ချိန် ၂၄ဝဝဝ အထိ တင်ပို့ခဲ့သည်ဟု သိရသည်။ လက်ရှိတွင် ဂျပန်ဆန်များကို ဟောင်ကောင်နှင့် စင်ကာပူသို့ အဓိကထားတင်ပို့လျက်ရှိပြီး ပြည်ပရှိ ဂျပန် စားသောက်ဆိုင်များမှ ဝယ်လိုအားအသစ်များ ရရှိရန် မျှော်လင့်လျက်ရှိသည်။

ယခုအခါ ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် အိန္ဒိယနိုင်ငံမှ ဘာစမာတီ ဆန်တင်သွင်းမှုကို ပိတ်ပစ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ ထိုသို့ ပိတ်ပစ် ရခြင်းမှာ အီးယူနိုင်ငံများအနေဖြင့် အိန္ဒိယနိုင်ငံမှ တင်သွင်းလာသည့် ဘာစမာတီဆန်များတွင် မှိုသတ်ဆေးများကို အသုံးပြုထားခြင်းကြောင့် ဖြစ် သည်ဟု ဆိုသည်။

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB  ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား - 1               ဈေးနှုန်း USD.PMT
ဆန်အမျိုးအမည် 6-9-2017 13-9-2017
ထိုင်းဆန်ဖြူ 100 % 405 455
ထိုင်းဆန်ဖြူ 5 % 390 400
ထိုင်းဆန်ဖြူ 25 % 378 386
ထိုင်းပေါင်းဆန် 420 420
ဗီယက်နမ်ဆန်ဖြူ 5% 395 380
ဗီယက်နမ် ဆန်ဖြူ 25 % 368 358
ပါကစ္စတန်ဆန်ဖြူ 25% 340 350
ပါကစ္စတန်ပေါင်းဆန် 415 415
အိန္ဒိယဆန်ဖြူ 25% 365 365
အိန္ဒိယ ပေါင်းဆန် 410 410

အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေ အနေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား - 2               ဈေးနှုန်း USD.PMT
့ပဲအမျိုးအမည် 8-9-2017 15-9-2017
မတ်ပဲ 658 796
ပဲစင်းငုံ 610 601
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 924 925

အိန္ဒိယနိုင်ငံတွင် ယခုနှစ် မိုးသီးနှံများအနက် ပဲအမျိုးမျိုးနှင့် ဆီထွက် သီးနှံများ၏ စိုက်ဧကမှာ ကျဆင်းခဲ့သည့်အတွက် ¤င်းသီးနှံများ၏ ထုတ်လုပ် မှု ပမာဏမှာလည်း ကျဆင်းမည်ဟု ခန့်မှန်းထားပါသည်။

 Agri Value Chain Ltd ကုမ္ပဏီက အိန္ဒိယနိုင်ငံ၏ ယခု နှစ် မိုးရာသီ ပဲထုတ်လုပ်မှုပမာဏမှာ ယခင်နှစ်တန်ချိန် ၉ ဒသမ ၄၂ သန်း အောက် ၁ဝ  ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်သည်ဟု ခန့်မှန်းပါသည်။ အိန္ဒိယနိုင်ငံ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း၏  ဥက္ကဋ္ဌ Pravin Dongre က အိန္ဒိယနိုင်ငံ၏ ယခုနှစ် မိုးရာသီပဲထုတ်လုပ်မှု အနေဖြင့် ယခင်နှစ် ထက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ ကျဆင်းမည့်ဟု ခန့်မှန်းထားပါသည်။ သို့ရာတွင် အစိုးရက ပဲစင်းငုံတန်ချိန် ၁ ဒသမ ၄ သန်းခန့် သိုလှောင်ထားပြီး ပြည်တွင်းဈေးကွက်၌လည်း အမြောက်အမြားရှိနေသေးသည့်အတွက် ဈေးနှုန်း မြင့်တက်နိုင်ဖွယ်မရှိကြောင်း၊ ရေရှည်တွင် အစိုးရအနေနှင့် ပြည်ပမှ ပဲတင်သွင်းမှုကန့်သတ်ချက်များအား ဖယ်ရှားပေးရလိမ့်မည်ဟုလည်း ပြောကြားပါ သည်။ ပဲစိုက်ဧကအနေဖြင့် ယခင်နှစ်က ပဲဈေးနှုန်းကျဆင်းခဲ့သည့်အတွက် လယ်သမားများက စိုက်ဧက လျှော့၍ စိုက်ပျိုးလာကြသဖြင့် ယခင်နှစ်ထက် ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရပါသည်။

 မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.