16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ကောက်ပဲသီးနှံဈေးကွက်သတင်း

ဆန်

 ဖိလစ်ပိုင်နိုင်ငံက ဆန်ပိုမိုသိုလှောင်ထားရှိရန် ဆန်တန်ချိန် နှစ်သိန်းခွဲ ဝယ်ယူသွားမည်ဟု သိရသည်။ ဗီယက်နမ်၊ ထိုင်းနှင့် စင်ကာပူနိုင်ငံတို့ရှိ ဝယ်လက်များထံမှ ယင်းဆန်များကို ဝယ်ယူသွားမည်ဟု ခန့်မှန်းရသည်။ ဆန် တစ်တန်လျှင် ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၄၅၁ ဒသမ ဝ၈ အောက် သို့ လျှော့ချ၍ ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄ဝ၉ မှ ၄၃၁ ဒသမ ၇ဝ ကြား ဈေးဖြင့် တင်သွင်းနိုင်သူများသည် တင်ဒါအောင်မြင်နိုင်ပြီး ဆန် တန်ချိန် နှစ်သိန်းခွဲတင်ပို့ခွင့်ရရှိမည်ဟု ဆိုသည်။ ဆန်တင်သွင်းခွင့် ရရှိသူ သည် စက်တင်ဘာလအတွင်း ဆန်အားလုံးကို အပြီးသတ် တင်ပို့ရမည်ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ်တွင် ရေလွှမ်းမိုးမှုများကြောင့် ပြည်တွင်း၌ ဆန်ဈေးနှုန်းများ အဆမတန်မြင့်တက်သွားပြီး လက်ကျန်ဆန်များ ပြတ်လပ် ကုန်ပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် စားနပ်ရိက္ခာ ဝန်ကြီးက ဆန်တင်သွင်းမှုများ ပြုလုပ်ကြရန် ဆန်တင်သွင်းသူများအား တိုက်တွန်းခဲ့သည်။ ¤င်းက ထိုင်းဆန် များက ဈေးနှုန်းမြင့်မားနေသဖြင့် တင်သွင်းရန် ဆန္ဒမရှိကြောင်း၊ လာမည့်နှစ် တွင် ကမ္ဘောဒီးယားက ဆန်ကို ဝယ်ယူနိုင်အောင် ကြိုးစားရပါတော့မည်ဟု ပြောကြားခဲ့သည်။

အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် FOB ဈေးနှုန်းများကို ဇယား - ၁ အတိုင်းတွေ့ရှိရပါသည်။

ဇယား-1                       ဈေးနှုန်း USE.PMT
ထိုင်းဆန်ဖြူ 100% 406 402
ထိုင်းဆန်ဖြူ 5% 390 386
ထိုင်းဆန်ဖြူ 25% 375 385
ထိုင်းပေါင်းဆန် 412 405
ဗီယက်နမ် ဆန်ဖြူ 5% 395 395
ဗီယက်နမ် ဆန်ဖြူ 25% 368 368
ပါကစ္စတန် ဆန်ဖြူ 25% 340 340
ပါကစ္စတန် ပေါင်းဆန် 415 415
အိန္ဒိယဆန်ဖြူ 25% 365 365
အိန္ဒိယ ပေါင်းဆန် 408 408
     

အိန္ဒိယဈေးကွက် ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများ အခြေအ နေကို ဇယား-၂ အတိုင်း တွေ့ရှိရပါသည်။

ဇယား-2               ဈေးနှုန်း USD.PMT

ပဲအမျိုးအမည်

25-8-2017 31-8-2017
မတ်ပဲ 780 734
ပဲစင်းငုံ 679 648
ပဲတီစိမ်း 796 750
ကုလားပဲဖြူလုံးကြီး 936 922

အိန္ဒိယနိုင်ငံ၌ ပြည်တွင်း ပဲရိတ်သိမ်းချိန် မတိုင်မီ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတင်သွင်းမှု ပမာဏကို ကန့်သတ်လိုက်ခြင်းကြောင့် ပဲဈေးနှုန်းများ စတင်မြင့်တက်လာကြောင်း သိရပါသည်။ အစိုးရက ထုတ်ပြန်သော အချက် အလက်များအရ မွမ်ဘိုင်းလက်ကားဈေး၌ သြဂုတ်လအတွင်း ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းဈေးနှုန်းများ ၅ ရာခိုင်နှုန်းမှ ၁ဝ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အချို့ဈေးများတွင် မြင့်တက်မှု မရှိသေးကြောင်း သိရသည်။ သြဂုတ် ၂၁ ရက် ညနေ ဈေးနှုန်းများအရ ပဲစင်းငုံနှင့် ပဲတီစိမ်းလက်ကားဈေးမှာ ကီလို ဂရမ် ၁ဝဝ လျှင် ရူပီး ၄၈ဝဝ နှင့် ၅ဝဝဝ အသီးသီးရှိခဲ့ပြီး ယခင်ထက် ရူပီး ၂ဝဝ မှ ၃ဝဝ ထိ မြင့်တက်လာကြောင်း အိန္ဒိယ၏ တင်သွင်းမှု ကန့်သတ် လိုက်ခြင်းကြောင့် နိုင်ငံတကာ ပဲဈေးကွက်၌ ယခုလအတွင်း ပဲစင်းငုံဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄ဝဝ မှ ၃ဝဝ သို့ ကျဆင်းသွားပြီး၊ ယခင် ရက်သတ္တပတ် အနည်းငယ်အတွင်း ပဲအများစု၏ ဈေးနှုန်းမှာ ၁ဝ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရှိရပါသည်။ အိန္ဒိယ လုပ် ငန်းရှင်တစ်ဦးက အိန္ဒိယနိုင်ငံအတွင်းသို့ ပဲစင်းငုံတင်သွင်းမှု ပမာဏမှာ ဧပြီလ ကတည်းက သတ်မှတ်ခွဲတမ်းတန်ချိန် နှစ်သိန်းပြည့်နေပြီဖြစ်ကြောင်း၊ မတ်ပဲ နှင့် ပဲတီစိမ်းတင်သွင်းမှု ပမာဏမှာလည်း ကိုတာ၏ ထက်ဝက်ခန့် တင်သွင်း ထားပြီးဖြစ်ကြောင်း ပြောပါသည်။                           

 မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
Tun Nay Aung said...
Tuesday 12 September 2017, 2:09 am
ok
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.