21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်
    ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ချော အရောင်းအဝယ် အေးပြီး ဈေးငြိမ်နေသော်လည်း ဆန်ကြမ်း အဝင်နည်း၍ အရောင်းသွက်သ ဖြင့် ဈေးအနည်းငယ်မြင့်တက်လာပါသည်။
    ကုန်စည်ဒိုင်၏ လက်ကားဈေးနှုန်းများအရ ရွှေဘိုပေါ်ဆန်း ဆန်တစ် အိတ်လျှင် ကျပ် ၄၈ဝဝဝ မှ ၄၉ဝဝဝ ဈေးရှိပါသည်။ ဆန်ချောမှာ ပြည်တွင်း စားသုံးမှုသာရှိသဖြင့် အရောင်းအဝယ်လည်း အေးပြီး ဈေးလည်းအေးကြောင်း တွေ့ရပါသည်။ ဆန်ကြမ်းမှာ အရောင်းသွက်ပြီး အဝင်လည်း နည်းသည့် အတွက် ဈေးအနည်းငယ်တက်လာပါသည်။                     ဧည့်မထဆန်ထိပ်စတစ်အိတ်လျှင် ကျပ် ၂ဝ၈ဝဝ နှင့် လတ်စတစ် အိတ်လျှင် ကျပ် ၁၉ဝဝဝ၊ နွေသီးထပ် ရှယ်တစ်အိတ်လျှင် ကျပ် ၂ဝ၈ဝဝ မှ ၂၁၁ဝဝ၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၈၈ဝဝ မှ ၁၉ဝဝဝ ရှိပြီး အရောင်းသွက်သဖြင့် တစ်အိတ်လျှင် ကျပ် ၂ဝဝ မှ ၃ဝဝ ထိ ဈေးတက် လာပါသည်။
    မူဆယ်ဆန်ဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ဖြစ်နေပါသည်။ နယ်စုံမှ မူဆယ်သို့ ဆန်အဝင်မှာ သြဂုတ် ၁၆ ရက်မှ ၂၂ ရက်အတွင်း ၁၈၂ဝ၁ တန် အဝင်ရှိပြီး အရောင်းအဝယ် ပုံမှန်ရှိပါသည်။
    မြန်မာ-တရုတ် နယ်စပ်နှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် စခန်းများမှ သြဂုတ် ၁၂ ရက်မှ ၁၈ ရက်အထိ သီတင်းပတ်အတွင်းဆန်နှင့် ကောက်ညှင်း ဆန် ၂၄၅၁၇ တန် တင်ပို့ခဲ့ပါသည်။
    ပင်လယ်ရေကြောင်း ကုန်သွယ်ရေးဖြင့် သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိ ဆန်ဖြူနှင့်ပေါင်း ဆန် ၃၇၅၇၄ တန်ကျော်ကို အရှေ့တောင်အာရှ၊ အာဖရိက နှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့သဖြင့် ယခင်တစ်ပတ်ထက် ၁၃၁၁၄ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဈေးကွက်သစ်အဖြစ် ကင်ညာနိုင်ငံသို့ ဧည့်မထဆန် ၈၇၅ တန် တင်ပို့နိုင်ခဲ့ပါသည်။



ပဲမျိုးစုံတင်ပို့မှု
    သြဂုတ် ၁၂ ရက်မှ ၁၉ ရက်ထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှု င်္ဥြ အရောင်း အဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၁၃၇၁၅ တန်၊ ပဲတီစိမ်း ၄၄၃ တန်။ ပဲစင်းငုံ ၈၃၄၃ တန်၊ ကုလားပဲ ၅၃၄ တန်၊ ပဲလွန်းဖြူ ၃၆ တန် နှင့် မြေထောက်ပဲ ၁၂၂ တန်ရှိပါသည်။
    ယခုတစ်ပတ် ၂၈-၈-၂ဝ၁၇ နေ့ထိ ဘုရင့်နောင် ဈေးကွက်တွင် အိန္ဒိယ နိုင်ငံက မတ်ပဲ၊ ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခြင်းကို တန်ချိန် ကန့်သတ် ကုန်စည်အမျိုးအစားသို့ ထည့်သွင်းခဲ့သောကြောင့် ဘုရင့်နောင် ကုန်စည် ဒိုင် တွင် ပဲရောင်းဝယ်မှုကို ယာယီရပ်နားထားပါသည်။
    ယခုတစ်ပတ်အတွင်း ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကျင်းပပြုလုပ်ခဲ့ သည့် အိန္ဒိယနိုင်ငံ၏ တင်သွင်းမှု တန်ချိန် ကန့်သတ်ချက်နှင့် ပတ်သက်၍ အစည်းအဝေးတွင် ပဲလုပ်ငန်းရှင်များက ပဲဈေးများ ကမောက်ကမ မဖြစ်စေ ရေးအတွက် ပဲဈေးကွက် ဖွင့်ရောင်းချမှုအား ယာယီရပ်နားထားရန် ဆုံးဖြတ်ခဲ့ ကြောင်း သိရသည်။         
    တင်သွင်းမှု ကန့်သတ်ခံရခြင်း၏ နောက်ဆက်တွဲအဖြစ် ပြည်တွင်းပဲမျိုးစုံ ဈေးနှုန်းများ ကျဆင်းခဲ့ပြီး အရောင်းအဝယ်အေးခဲ့ပါသည်။

မူဆယ်ပြောင်းဈေးကွက် လေးပတ်မြောက် ဆက်လက်ငြိမ်
    ယခုတစ်ပတ် မူဆယ်ဈေးကွက်တွင် ပြောင်းဈေးအတက်အကျ မရှိဘဲ ရက်သတ္တလေးပတ်မြောက် ဆက်လက်ဈေးငြိမ်နေပါသည်။
    ပြောင်းဈေးနှုန်း အနေနှင့် ၅ဝ ကီလို တစ်အိတ်လျှင် ၇၄ ယွမ်မှ ၈၃ ယွမ် (တစ်တန်လျှင် ယွမ် ၁၄၈ဝ မှ ၁၆၆ဝ) နှင့် အရောင်းအဝယ်ဖြစ်ခဲ့ ပါသည်။
    တရုတ်နိုင်ငံသို့ တင်ပို့နိုင်မှုမှာလည်း ယခင်တစ်ပတ်က တန်ချိန် ၈၇ဝဝ ကျော် တင်ပို့နိုင်ခဲ့ သော်လည်း  ယခုတစ်ပတ်တွင် တန်ချိန် ၇၃ဝဝ ကျော်သာ တင်ပို့နိုင်ခဲ့သဖြင့် ယခင်တစ်ပတ်ထက် လျော့နည်းခဲ့ပြီး ဈေးငြိမ်နေသကဲ့သို့ အရောင်းအဝယ် လည်း ဆက်လက်အေးနေပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.