19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
ကမ္ဘာ့ ကောက်ပဲသီးနှံ ဈေးကွက်သတင်း

ဆန်

 ပြည်ပရွှေ့ပြောင်းလုပ်သား ပြဿနာသည် ထိုင်းဆန်တင်ပို့မှုအပေါ်တွင် များစွာထိခိုက်လာနိုင်ပြီး ယခုနှစ်တွင် လျာထားသည့် တန်ချိန် ၁ဝ သန်း ပြည့်မီအောင် တင်ပို့နိုင်ရေးအတွက် အခက်အခဲဖြစ်စေနိုင်ကြောင်း၊ ယခုအခါ ရွှေ့ပြောင်းလုပ်သား အများအပြားမှာ လုပ်ငန်းခွင်မှ ထွက်ခွာလျက်ရှိပြီဖြစ် ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားပါသည်။ ထိုင်းဆန်များ အား သင်္ဘောတင်ရန်အတွက် လုပ်သား အင်အားလုံလောက်မှုမရှိဘဲဖြစ်နေ ကြောင်း ထိုင်းဆန်တင်ပို့သူများအသင်းဂုဏ်ထူးဆောင်နာယက မစ္စတာချိုကီ ရက ပြောပါသည်။ ဆိပ်ကမ်းတွင် သင်္ဘောများရှိသော်လည်း ကုန်တင်ရန် လုပ်သားရှားပါးနေသဖြင့် နှောင့်နှေးမှုများနှင့်  ရင်ဆိုင်နေရသည်ဟု သိရ သည်။ ထိုင်းနိုင်ငံ ဆန်တင်ပို့သည့် လုပ်ငန်းများတွင် ပြည်ပရွှေ့ပြောင်း အလုပ် သမားပေါင်းသုံးသောင်းမှ လေးသောင်းအထိရှိသည်ဟု ဆိုသည်။ ယခင်က သင်္ဘောတင်ချိန်မှာ ၇ ရက်မှာ ၁ဝ ရက်အထိသာ ကြာမြင့်သော်လည်း ယခု အခါ အချိန်တစ်လကြာမြင့်နိုင်သည်ဟု ခန့်မှန်းနေကြသည်။
    အာရှဆန်တင်ပို့နေသည့် နိုင်ငံများတွင် ဖြစ်ပေါ်နေသော ဆန်ပို့ကုန် င်္ဥြ ဈေးနှုန်းများကို ဇယား-၁ အတိုင်း တွေ့ရှိရပါသည်။

ဇယား - ၁    ဈေးနှုန်း     USD.PMT
ဆန်အမျိုးအမည် 5-7-2017 12-7-2017
ထိုင်းဆန်ဖြူ 100% 455 424
ထိုင်းဆန်ဖြူ 5% 439 430
ထိုင်းဆန်ဖြူ 25% 435 393
ထိုင်းပေါင်းဆန် 470 439
ဗီယက်နမ်ဆန်ဖြူ 5% 405 410
ဗီယက်နမ်ဆန်ဖြူ 25% 380 385
ပါကစ္စတန်ဆန်ဖြူ 25% 375 385
ပါကစ္စတန်ပေါင်းဆန် 425 425
အိန္ဒိယဆန်ဖြူ 25% 365 365
အိန္ဒိယပေါင်းဆန် 430 430


အိန္ဒိယဈေးကွက်ပဲဈေးနှုန်း

 မွမ်ဘိုင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် ပဲမျိုးစုံ ဈေးနှုန်းများအခြေအနေ ပြဇယား။

ဇယား - ၂              ဈေးနှုန်း US D. PMT
ပဲအမျိုးအမည် 4-7-2017 14-7-2017
မတ်ပဲ 687 667
ပဲစင်းငုံ 541 528
ပဲတီစိမ်း - -
ကုလားပဲဖြူလုံးကြီး 850 830

အိန္ဒိယနိုင်ငံ နွေသီးနှံစိုက်ပျိုး ဧရိယာတွင် ပဲစင်းငုံစိုက် ဧရိယာကျဆင်း လျက်ရှိနေစဉ် မတ်ပဲနှင့် ပဲတီရွှေဝါစိုက်ပျိုးမှု တိုးတက်လာလျက်ရှိသည်။ ယခု နှစ် ပဲစိုက်ရာသီတွင် ပဲမျိုးစုံစိုက်ဧရိယာသည် ၁၁ ဒသမ ၅၆ သန်းရှိကြောင်း အိန္ဒိယတိုင်းမ်တွင် ဖော်ပြထားပါသည်။

စားအုန်းဆီကိစ္စ ပြင်သစ်နှင့်မလေးရှားအငြင်းပွား

 ပြင်သစ်နိုင်ငံ၏ မကြာသေးမီက ထုတ်ပြန်ကြေညာခဲ့သည့် စားအုန်းဆီ ထည့်သွင်းအသုံးပြုထားသည့် ဇီဝလောင်စာဆီ တင်သွင်းမှုကို တားမြစ် ပိတ် ပင်သွားမည်ဟူသော ကြေညာချက်နှင့် ပတ်သက်၍ မလေးရှားနိုင်ငံကလည်း ပြင်သစ်နိုင်ငံနှင့် ကုန်သွယ်မှုများအား ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ ဖြစ်နိုင်လျှင် ပြင်သစ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ တင်သွင်းလာ သည့် ထုတ်ကုန်များအား လျှော့ချဖြတ်တောက်သွားမည်ဟု ဆိုသည်။ မကြာ သေးမီက ပြင်သစ်နိုင်ငံပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက စားအုန်းဆီကို အသုံးပြု၍ ထုတ်လုပ်ထားသော ဇီဝလောင်စာဆီ တင်သွင်းမှုကို တားမြစ်သွား ရန် စာအုန်းဆီထုတ်လုပ်သည့် နိုင်ငံများ၏ သစ်တောဖြုန်းတီးမှုများကို လျှော့ ချသည့်အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။
မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.