24-8-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
၂ဝ၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့အထိ လေးလတာကာလအတွင်း တာချီလိတ်နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာ ခရီးသွားဧည့်သည်ရှစ်ထောင့်ငါးရာကျော်ဝင်ရောက်လည်ပတ်ခဲ့
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1025
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
Market Data
မြန်မာ့ပို့ကုန် ဈေးကွက်သတင်း

ဆန်

    ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်တွင် ဖျာပုံပေါ်ဆန်း ထိပ်စနှင့် ဆန် ကြမ်းထိပ်စ ဈေးတက်ပြီး ကျန်ဆန်ချောများဈေးမှာ ငြိမ်နေပါသည်။ ရွှေဘို ပေါ်ဆန်းတစ်အိတ်လျှင် ကျပ် ၄၂ဝဝဝ မှ ၄၄ဝဝဝ ဈေးပေါက်ပြီး ဖျာပုံပေါ် ဆန်းထိပ်စ တစ်အိတ်လျှင် ကျပ် ၅ဝဝ ခန့် ဈေးတက်ပါသည်။
    ဆန်ကြမ်း ဈေးကွက်တွင် ဧည့်မထဆန်ထိပ်စ တစ်အိတ်လျှင် ကျပ် ၂ဝ၅ဝဝ နှင့် လတ်စတစ်အိတ်လျှင် ကျပ် ၁၈ဝဝဝ၊ နွေသီးထပ်ရှယ်တစ် အိတ်လျှင် ကျပ် ၂ဝ၃ဝဝ မှ ၂ဝ၅ဝဝ၊ နွေဆန်ရက် ၉ဝ တစ်အိတ်လျှင် ကျပ် ၂ဝဝဝဝ မှ ၂၁ဝဝဝ၊ မနောသုခ တစ်အိတ်လျှင် ကျပ် ၂၄ဝဝဝ မှ ၂၅ဝဝဝ၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ်လျှင် ကျပ် ၁၇၈ဝဝ မှ ၁၈ဝဝဝ ရှိပြီး တစ်အိတ်လျှင် ကျပ် ၅ဝဝ မှ ၁ဝဝဝ ကြား ဈေးတက်ပါသည်။             မူဆယ်ဆန်ဈေးကွက်တွင် ယခင်တစ် ပတ်ဈေးနှုန်းများအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေပါ သည်။ မြို့နယ်စုံမှ မူဆယ်သို့ ဇူလိုင် ၆ ရက်မှ ၁၂ ရက်အထိ ကာလအတွင်းဆန် ၂ဝ၉၁၄ တန် ဝင်ရောက်ပါသည်။ ဆန် အဝင် ပုံမှန်ရှိပြီး အရောင်းအယ်လည်း ပုံမှန် ရှိပါသည်။ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ဇူလိုင် ၁ ရက်မှ ၇ ရက်အတွင်း ဆန်ဖြူနှင့် ကောင်ညှင်းဆန် ၂၅၃၈၄ တန်ခန့် တင်ပို့ခဲ့ရာ မူဆယ်မှ ငစိန်ဆန် ၁၅၂၁၆ တန်၊  ဧည့်မထ ဆန် ၆၈၅ဝ တန်နှင့် ကောက်ညှင်း ၃၂ တန်၊ ချင်းရွှေဟော်မှ ငစိန်ဆန် ၂၄ တန်၊ ဧည့်မထဆန် ၄၅ တန်၊ လွယ်ဂျယ်မှ ငစိန်ဆန် ၂၉၃၆ တန်၊ မောင်တော မှ ဧည့်မထဆန် ၂၂ဝ နှင့် စစ်တွေမှ ဧည့်မထ ဆန် ၆ဝ တန် ပို့ခဲ့ပါသည်။ ယင်းစခန်းများမှ ယခင်တစ်ပတ်ထက် ဆန် စုစုပေါင်း ၅၃ဝ၅ တန် ပိုမိုတင် ပို့နိုင်ခဲ့သည်။

ပဲမျိုးစုံတင်ပို့မှု

    ဇူလိုင်လ ၂ ရက်မှ ၈ ရက်နေ့ထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု င်္ဥြ အရောင်း အဝယ်ဖြစ်မှု အခြေအနေမှာ တန်ချိန်အားဖြင့် မတ်ပဲ ၈ဝ၈၃ တန်၊ ပဲတီစိမ်း ၅၆၈ တန်၊ ပဲစင်းငုံ ၆ဝဝ၉ တန်၊ ကုလားပဲ ၅၉ဝ တန်၊ ပဲလွန်းဖြူ  ၁၇၇ တန်၊ မြေထောက်ပဲ ၂၇၅ တန် အသီးသီးရှိပါသည်။ ၁-၁-၂ဝ၁၇ မှ ၈-၇-၂ဝ၁၇ အထိ ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုပေါင်းမှာ မတ်ပဲ ၂၈၄၂၃၄ တန်၊ ပဲတီစိမ်း ၉၃၇၈၁ တန်၊ ပဲစင်းငုံ ၁၆၄၆၉၅ တန်၊ ကုလားပဲ ၃ဝ၉၂၉ တန်၊ ပဲလွန်းဖြူ ၁၁၈၁၃ တန်၊ မြေထောက်ပဲ ၈၂၈၆ တန် ရှိပါသည်။
    ယခုတစ်ပတ် ၁၄-၇-၂ဝ၁၇ နေ့ထိ ဘုရင့်နောင်ပဲဈေးကွက်တွင် မတ်ပဲ နှင့် ပဲစင်းငုံနီဈေးတို့ ကျဆင်းခဲ့ပါသည်။ ယခင်တစ်ပတ်က မတ်ပဲ FAQ (RC) တစ်တန်လျှင် ကျပ် ၈၅ဝဝဝဝ ဖြင့် ဈေးမြင့်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၈၂၅ဝဝဝ ဖြင့် ဈေးပြန်ကျဆင်းခဲ့ပါသည်။ ထို့အတူ မတ်ပဲ SQ(RC) ဈေးသည် ယခင်တစ်ပတ်က တစ်တန်လျှင် ကျပ် ၁ဝ၅၅ဝဝဝ ဖြင့် ဈေးကျခဲ့သကဲ့သို့ ယခုတစ်ပတ်တွင်လည်း တစ်တန်လျှင် ကျပ် ၁ဝ၁ဝဝဝဝ ဖြင့် ဈေးဆက်လက်ကျဆင်းခဲ့ပါသည်။ ပဲစင်းငုံနီဈေးလည်း ယခင်တစ်ပတ် က တစ်တန်လျှင် ကျပ် ၆၂၄ဝဝဝ နှင့် ဈေးမြင့်ခဲ့သော်လည်း ယခုတစ်ပတ် တွင် ကျပ် ၆၁၂၅ဝဝ အထိ ဈေးကျခဲ့ပါသည်။ မန္တလေးဈေးကွက်တွင် ပဲတီစိမ်း (အညာ) ရွှေဝါနှင့် ပဲစင်းငုံဈေးတို့ ဈေးမြင့်ခဲ့သော်လည်း မတ်ပဲဈေးမှာ ကျဆင်းခဲ့သည်။

လားရှိုးဈေးကွက် ပြောင်းဈေးကျပြီး အရောင်းအဝယ်အေး

    ယခုတစ်ပတ် လားရှိုး ဈေးကွက်တွင် ပြောင်းဈေးပြန်လည် ကျဆင်းခဲ့ သည်။ ပြောင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာလျှင် ကျပ် ၅၄ဝ အထိ မြင့်တက်ခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ၅ဝဝ (တစ်တန်လျှင် ၃၁၂၃၁ဝ) နှင့် ဈေးပြန်ကျဆင်းခဲ့သည်။ အရောင်းအဝယ်ဖြစ်မှုကလည်း ယခင်တစ်ပတ်က ပိဿာချိန် ၃၁၇၂ဝ၂၃ ထိရှိခဲ့ပြီး ယခုတစ်ပတ်တွင် ပိဿာ ချိန် ၂၅၉၄၈၉၈ သာရှိ၍ အရောင်းအဝယ် အေးနေပါသည်။

မောင်သုံးသပ်

မောင်သုံးသပ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.