25-1-2018
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1047
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်မှုနောက်ပိုင်း မောင်တောနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နေသည့် ကုမ္ပဏီ ဆယ်ခုလျော့ကျသွား

မောင်တောအကြမ်းဖက်မှုဖြစ် စဉ် ဖြစ်ပွားပြီးနောက် နှစ်ဖက်ကုန် သည်များအချင်းချင်း ယုံကြည်မှုအား နည်းသွားသည့်အတွက် မောင်တော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ကုန် သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကုမ္ပဏီဆယ်ခုခန့် လျော့ကျ သွားကြောင်း ကုန်သွယ်သူများက ပြောသည်။

အကြမ်းဖက်မှုဖြစ်စဉ်မဖြစ်ပွား မီက မောင်တောနယ်စပ်မှ ဘင်္ဂလား ဒေ့ရှ်နိုင်ငံအကြား ကုန်သွယ်မှုပြုနေ သည့် ကုမ္ပဏီ ၁၂ ခုရှိခဲ့ပြီး လက်ရှိ အကြမ်းဖက်မှုဖြစ်စဉ်ဖြစ်ပွားပြီး နောက်တွင်  ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီနှစ်ခု သာရှိတော့ကြောင်း ကုန်သွယ်သူ ဦးသိန်းမောင်က ပြောသည်။

''အဓိကတော့ နှစ်ဖက်ကုန် သွယ်တွေကြားမှာ ယုံကြည်မှုလျော့ ကျသွားတာကြောင့် ကုမ္ပဏီတွေက ကုန်သွယ်မှုဆက်မလုပ်တော့ဘဲ ရပ် နားထားတယ်။ နောက်အခြေအနေ ကြည့်ပြီးတော့မှ ယုံကြည်မှုပြန်ရလာ တဲ့အခါမှ ဆက်လုပ်ဖို့ စီစဉ်ထားကြ ပါတယ်''ဟု ဦးသိန်းမောင်က ဆို သည်။

နယ်စပ်ကုန်သွယ်မှုလုပ်ငန်း များ ဆောင်ရွက်နေသည့် ကုမ္ပဏီ အများစု လျော့ကျသွားသော်လည်း လက်ရှိတွင် ကုမ္ပဏီနှစ်ခုမှ ပို့ကုန် သွင်းကုန်များကို ပုံမှန်လုပ်ကိုင် ဆောင်ရွက်နေကြောင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 မောင်တောနယ်စပ်ကုန်သွယ် ရေး စခန်းသည် အကြမ်းဖက်မှုဖြစ် ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်ကာ ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်းနေခဲ့ပြီး အောက်တိုဘာ ၁၄ ရက်တွင် ကုန်သွယ်မှုလုပ်ငန်းများကို ပုံမှန်လုပ်ကိုင်နိုင်ခဲ့သည်။

ကုန်သွယ်မှုလုပ်ငန်းဆောင် ရွက်နေသည့် ကုမ္ပဏီများ လုပ်ငန်းမ ဆောင်ရွက်ကြခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ ကြုံတွေ့နေရသည့် အခက်အခဲများကို ကုန်သွယ်မှုမြှင့် တင်ရေးအစည်းအဝေးများတွင် ဆွေး နွေးညှိနှိုင်းပြီး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်လာအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နယ်စပ်ကုန် သွယ်ရေးစခန်းတာဝန်ရှိသူက ပြော  သည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.