23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြို့ပြစီမံကိန်းကြောင့် ရှေးဟောင်းလိုင်ဇိုးအမည်နာမ ပျောက်ကွယ်သွားမည်ကို စိုးရိမ်မှုများနေ

ချင်းပြည်နယ် ဖလမ်းမြို့နယ်  အတွင်းရှိ လိုင်ဇိုးရွာမှာ ၂ဝ၁၅ ခုနှစ် သဘာဝဘေးကြောင့် နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ကြရပြီး ယခုအခါ ဖလမ်းမြို့ပြ ဧရိယာဖော်ထုတ်ရာတွင် ရပ်ကွက်တစ်ခုအဖြစ်သို့ ရောက်ရှိ လာသော်လည်း လိုင်ဇိုးကျေးရွာဒေသ ခံများအနေဖြင့် မူလကျေးရွာမြေနေ ရာ ပျောက်ဆုံးသွားမည့် အရေး၊ ရှေးဟောင်းသမိုင်းဝင် လူမျိုးစုပျောက် ကွယ်သွားမည့်အရးနှင့် ဘာသာ စကားများပါ ကွယ်ပျောက်သွားမည့်  အရေးကို ပူပန်လျက်ရှိကြောင်း ဖလမ်းမြို့နယ် လိုင်ဇိုးကျေးရွာဒေသ ခံ  ဦးကျုံးလျှံက ပြောသည်။

ချင်းပြည်နယ်တွင်း ချင်းတိုင်းရင်းသား မျိုးနွယ်စုအများအပြားရှိရာ၊ လိုင်ဇိုးမျိုးနွယ်စုဟူ၍ ချင်းတိုင်း ရင်းသားသမိုင်းတွင် ထင်ရှားမှုရှိခဲ့ပြီး လိုင်ဇိုးမျိုးနွယ်စုဟူ၍ ကုတ်နံပါတ် ၄၄၅ ဖြင့် ရပ်တည်ခြင်းဖြစ်ရာ၊ ဖလမ်းမြို့၏ ရပ်ကွက်တစ်ခုအဖြစ် ထည့်သွင်းလိုပါက သမိုင်းဝင်မြေနေ ရာများနှင့် ရှေးဟောင်းအမွေအနှစ် များပါ ပျောက်ကွယ်သွားနိုင်ကြောင်း ယင်းက ပြောသည်။

 ''ကျွန်တော်တို့ ဖလမ်းမြို့ မြို့ပြ စီမံကိန်းအကောင်အထည်ဖော်ရာမှာ လိုင်ဇိုးရွာဒေသခံတွေ ပူပန်မှုရှိသလို လိုင်ဇိုးဆိုတဲ့  သမိုင်းဝင်အမည်နာမကို ပြောင်းလဲသတ်မှတ်တာမျိုးမရှိစေ ရပါဘူး။ လိုင်ဇိုးရွာကနေ လိုင်ဇိုးရပ် ကွက်ဆိုတာမျိုးလောက်ပြောင်းလဲခေါ် ဝေါ်သွားမှာဖြစ်ပါတယ်။ ကျွန်တော် တို့အနေနဲ့ လိုင်ဇိုးမျိုးနွယ်စု တစ်ခုလုံးရဲ့ သဘောထားကို နားထောင်ပြီး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်''ဟု ချင်းပြည်နယ် လျှပ်စစ်စက်မှုလက်မှု နှင့် စည်ပင်သာယာရေးဝန်ကြီး ဆ လိုင်းအိုက်ဇက်ခင်က ပြောသည်။

ဖလမ်းမြို့ မြို့ပြစီမံကိန်းသတ် မှတ်နိုင်ရေးအတွက် လိုင်ဇိုးရွာဒေသခံများ လိုင်ဇိုးကျေးရွာအုပ်စုအတွင်း ရှိ ဒေသခံများနှင့် ချင်းပြည်နယ်ဝန် ကြီးချုပ်နှင့် အဖွဲ့သည်အောက်တိုဘာ ဘာလအတွင်းက နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ကြပြီး အောက်တိုဘာလ ၂၃ ရက်က ဖလမ်းမြို့ပြစီမံကိန်းအတွက် မြေ ဧရိယာဧက ၈ဝဝဝ ကျော် သတ်မှတ် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.