23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူရှင်းလင်း

ရခိုင်ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရက စီးပွားရေးလုပ်ငန်းရှင်များကို အောက် တိုဘာ ၂၉ ရက်၊ ညနေပိုင်းက ပြည် နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်း မတွင် ခေါ်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်  ရန်အတွက် ကျောက်ဖြူအထူးစီးပွား ရေးဇုန်၊ ပုဏ္ဏားကျွန်း စက်မှုဇုန်၊ မောင်တောမြို့နယ်ရှိ ကညင်ချောင်း စီးပွားရေးဇုန်၊ မြောက်ဦးလေယာဉ် ကွင်းစီမံကိန်းနှင့် နောက်ထပ်ဆောင်  ရွက်မည့် စီမံကိန်းကြီးများတွင် စီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီး မြှုပ်နှံနိုင်မည့် အခွင့်အလမ်းများအား ပြည်နယ်အစိုးရက ယခုကဲ့သို့ ခေါ်ယူ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

''ဒီရင်းနှီးမြှုပ်နှံတဲ့ အနေအထားမှာ ကျွန်တော်တို့ ပြည်တွင်းက ရင်း နှီးမြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေသာမက ဘဲ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လည်းပဲ ကျွန်တော်တိြု့ပည်နယ်မှာ ယခင်ကလည်း ရှိထားပြီးသား အနေ အထားတွေရှိပါတယ်။ လုပ်ငန်းအခု ၂ဝ လောက်ရှိပါတယ်။ နောက်ထပ်လည်းပဲ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ပေါ်ပေါက်လာမယ်၊ ရရှိလာမယ်လို့ ထင်ပါတယ်''ဟု ရခိုင်ပြည်နယ် ဝန် ကြီးချုပ် ဦးညီပုက အခမ်းအနားတွင် ပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးကျော်ဝင်း အပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI  အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ သစ်သီးဝလံ၊ ပန်းမန်၊ ဟင်းသီးဟင်း ရွက်များ စိုက်ပျိုးထုတ်လုပ်သူများ အသင်း၊ မွေးမြူရေးအဖွဲ့ချုပ်နှင့် အခြား  ပြည်တွင်းစီးပွားရေးအသင်း အဖွဲ့များမှ တာဝန်ရှိသူများနှင့် ရခိုင် ပြည်နယ်တွင်းမှ စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ခဲ့ကြသည်။

''ရခိုင်ပြည်နယ်မှာ ရင်းနှီးမြှုပ်နှံရာမှာ အဓိက ဦးစားပေးကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေထွက် ပစ္စည်းတွေပေါ့နော်။ ဒီဟာတွေကို အဓိက ဦးစားပေးချင်ပါတယ်''ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၏ အထွေထွေအတွင်းရေးမှူး ဦးအောင်ကြည်စိုးက ပြောသည်။

လုပ်ငန်းရှင်များတင်ပြချက် များအား ပြည်နယ်အစိုးရအနေဖြင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက် ပေးရန်လည်း အခမ်းအနားသို့ တက် ရောက်ခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြည်နယ်အစိုးရကို တိုက်တွန်းပြောကြားခဲ့သည်။

ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.