23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နယ်အသီးသီးမှ အလုပ်လာရောက်လုပ်ကိုင်သူများအတွက် တိုက်ခန်းပေါင်းတစ်သိန်း အကောင်အထည်ဖော် တည်ဆောက်ပေးသွားမည်

မြို့နယ်ဒေသအသီးသီးမှ ရန်ကုန်မြို့သို့ လာရောက်၍ အလုပ်လုပ်ကိုင်နေသူများ အဆင်ပြေစေရေး အတွက် တိုက်ခန်းပေါင်းတစ်သိန်းကို လာမည့် ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း အောက်တို ဘာလ ၂၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် နိုင်ငံတော် ဒုတိယ သမ္မတဦးမြင့်ဆွေ သက်ဆိုင်ရာ ဝန် ကြီးဌာနများ တာဝန်ရှိသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ၁၁ ကြိမ်မြောက် လစဉ်ပုံမှန် တွေ့ဆုံဆွေး နွေးပွဲသတင်းများအရ သိရသည်။

မြို့နယ်ဒေသများမှ ရန်ကုန်မြို့သို့ အလုပ်လာရောက် လုပ်ကိုင်သူ များပြားလာခဲ့သဖြင့် ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်မှုများဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်မြို့၏ အိမ်ခြံ မြေ ဈေးနှုန်းများ ကျဆင်းလာနေသည်ဆို သော်လည်း လက်လုပ်လက်စား အ လုပ်သမားများအနေနှင့် ဝယ်ယူ နေ ထိုင်ရန် လက်လှမ်းမမီသည့်အတွက် တိုက် ခန်းပေါင်းတစ်သိန်းကို စတင် အကောင်အထည်ဖော်တည်ဆောက် ပေး သွားမည်ဖြစ်ကြောင်း အဆိုပါ တွေ့ဆုံ ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခန်းပေါင်းတစ် သိန်း စီမံကိန်းကို လှိုင်သာယာမြို့ နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး စီမံကိန်း အစီအစဉ် များအား စည်ပင်သာယာရေး ကော် မတီ ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီများနှင့် ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ စည်ပင်သာယာရေး ဥပဒေတွင် အား နည်းချက်များရှိနေရာ အဆိုပါ စီမံ ကိန်းအတွက်လည်း  စည်ပင်သာယာ ရေး ဥပဒေအား ပြန်လည်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ပြင်ဆင်ရေးဆွဲနေသည့် စည် ပင်သာယာဥပဒေသည် ဂျပန်နိုင်ငံ နှင့် စင်ကာပူနိုင်ငံများ၏ စည်ပင် သာယာများကို လေ့လာရေးဆွဲနေ ခြင်းဖြစ်ကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.