23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အောက်တိုဘာ ပထမပတ်အတွင်း ရေချိုငါးမြစ်ချင်းနှင့် ငါးခေါင်းပွငါး ၁၄၂ တန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချို ငါးမြစ်ချင်းနှင့် ငါးခေါင်းပွငါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လစဉ်တင်ပို့ လျက်ရှိရာ စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၆ ရက်အထိ သီတင်း ပတ်တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၁၃၁ သန်း တန်ဖိုးရှိ ရေချိုငါးမြစ်ချင်းနှင့် ငါး ခေါင်းပွတို့ကို ၁၄၂ တန် တင်ပို့ ရောင်းချပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန သတင်းများအရ သိရသည်။

ထို့အတူ အဆိုပါ စစ်တွေနယ် စပ် ကုန်သွယ်ရေးစခန်းမှပင် စက် တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၆ သန်း တန်ဖိုးရှိ ရေချိုငါးမြစ်ချင်း နှင့် ငါးခေါင်းပွ ၅၁ တန်။ စက်တင် ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း သီ တင်းပတ်အတွင်း အမေရိကန်ဒေါ် လာ သုည ဒသမ ၁၁၅ သန်း တန် ဖိုးရှိ ရေချိုငါးမြစ်ချင်းနှင့် ငါးခေါင်းပွ ၁၁၆ တန်။ စက်တင်ဘာ ၂ ရက်မှ ၈  ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၁၁၅ သန်းတန်ဖိုးရှိ ရေချို ငါးမြစ် ချင်း၊ ငါးခေါင်းပွ၊ ငါးသလောက် တန် ချိန် စုစုပေါင်း ၁၂ဝ။ သြဂုတ်လ ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သီ တင်းပတ်အတွင်း အမေရိကန်ဒေါ် လာ သုည ဒသမ ဝ၂ဝ သန်း တန်ဖိုး ရှိ ရေချိုငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါး သားလောက်စုစုပေါင်း ၁၄ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရ သည်။

 မြန်မာငါးမြစ်ချင်းများကို အာရှ ဒေသနိုင်ငံများ၊ အိမ်နီချင်းနိုင်ငံများ  အရှေ့အလယ်ပိုင်းဒေသနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရောင်းချ ပေးလျက်ရှိသည်။ အထူးသဖြင့် မြန် မာနိုင်ငံမှ  ငါးမြစ်ချင်းငါး၊ ငါးခေါင်း ပွငါးနှင့် ငါးတန်ငါးများကို ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ လစဉ်တင်ပို့ရောင်းချ ပေးနေခဲ့ရသည်။

လွန်ခဲ့သည့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ရေထွက်ကုန် တန်ချိန် ၄၃၈၇ဝ၆ ဒသမ ၁၆ တန် တင်ပို့မှု မှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၆ဝ၅ ဒသမ ဝ၂ သန်း ရရှိခဲ့ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.