23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဝ ကျောက်စရစ်ဈေးကွက် အရောင်းအဝယ်ပါးနေသည့်အတွက် အလုပ်သမားများ အခက်ကြုံနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေး ခရိုင်၊ ကလေးဝမြို့၊ ချင်းတွင်းမြစ် အတွင်း ကျောက်စရစ်ထုတ်လုပ် ရောင်းချသူများမှာ ကျောက်စရစ် ဈေးကွက်တွင် ဆောက်လုပ်ရေး လုပ် ငန်းများ လုပ်ကိုင်မှုနှစ်တိုင်းထက် နည်းပါးလာနေသည့်အတွက် အ ရောင်းအဝယ်ပါးကာ ကလေးဝမြို့ ကျောက်စရစ် လုပ်ငန်းတွင် မှီခိုလုပ် ကိုင်နေကြသည့် အလုပ်သမားများ အလုပ်အကိုင် အခက်အခဲဖြစ်ပြီး အခက်ကြုံနေကြရကြောင်း ကလေးဝ မြို့ ကျောက်စရစ်ထုတ်လုပ်ငန်းမှ ဦးအောင်ခင်က  ပြောသည်။

''ကျွန်တော်တို့ ကလေးဝမြို့ ကျောက်စရစ်ထုတ်လုပ်ရေးလုပ်ငန်း  ကနေပြီး၊ တမူးချင်းတောင်၊ ကလေး ဒေသက ဆောက်လုပ်ရေးလုပ်ငန်း တွေကို တင်ပို့ရောင်းချပါတယ်။ အခု နှစ်မှာတော့ ချင်းတောင်ပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေက လာ ဝယ်တာနည်းပါးသွားပြီး တမူးဘက် ကလည်း နှစ်တိုင်းလောက် ဝယ်ယူမှု မရှိတော့တဲ့အတွက် ကျွန်တော်တို့ ကလေးဝမြို့ ကျောက်စရစ်ထုတ်လုပ် ရေး လုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ အ လုပ်သမားတွေအနေနဲ့ စားဝတ်နေ ရေး အခက်ကြုံနေကြရပါတယ်။ လာမယ့် ဆောင်းရာသီနဲ့ နွေရာသီ အခြေအနေကတော့ မပြောနိုင်သေး ဘူးပေါ့နော်''ဟု ယင်းက ပြောသည်။

ကလေးဝမြို့ကျောက်စရစ် ထုတ်လုပ်မှုမှာ ကလေးဝမြို့ အထက် ဖက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်း များက နေရာသတ်မှတ်ထုတ်လုပ်ခွင့် ပြုထားခြင်းဖြစ်ရာ ယခုနှစ် ပွင့်လင်း ရာသီတွင် ကလေးဝမြို့ ချင်းတွင်း မြစ်အတွင်းမှ ထွက်သည့် ကျောက် စရစ်၊ သဲအရောင်းအဝယ်နည်းပါးနေ သည့်အတွက် အချို့ကျောက်စရစ် နှင့် သဲထုတ်လုပ်သည့် လုပ်သားများ၊ အလုပ်ရှင်များ နားနေကြရကြောင်း သိရသည်။

ကလေးဝမြို့ ချင်းတွင်း ကျောက် စရစ်တစ်ကျင်းလျှင်  ယခုရက်ပိုင်း ၃၅ဝဝဝ ကျပ် ဈေးရှိပြီး၊ သဲနုတစ် ကျင်းလျှင် ၁၅ဝဝဝ ကျပ်ဖြင့် ရောင်း သည်။

''ကျွန်တော်တို့ ကလေးဝမြို့မှာ ကျောက်စရစ်ထုတ်လုပ်ရေး လုပ်ငန်း နဲ့ ချင်းတွင်း သဲနုထုတ်လုပ်ရေးလုပ် ငန်းမှာ လုပ်သား၊ လှေသမားရာချီပြီး အလုပ်အကိုင်ရကြတာဖြစ်ပါတယ်။ အခုတော့ ကလေး၊ ချင်းတောင်ဘက် က ဆောက်လုပ်ရေးလုပ်ငန်းတွေ နည်းပါးသွားတဲ့အခါ ဒီလုပ်ငန်းကို အမှီပြုနေတဲ့ လုပ်သားတွေ စားဝတ် နေရေး အခက်အခဲဖြစ်ကြတာပေါ့'' ဟု ကလေးဝမြို့ မုဋ္ဌောစွန်း သဲ ကျောက် ထုတ်လုပ်ရေး  လုပ်ငန်းမှ ဒေါ်အဲမက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.