23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်တွင် လာမည့်နှစ်အတွင်း Cyclone Shelter ၃၂ လုံး တည်ဆောက်မည်

ရခိုင်ပြည်နယ်တွင် လာမည့်နှစ်အတွင်း Cyclone Shelter ၃၂ လုံး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောသည်။

 အောက်တိုဘာ ၂၅ ရက်က ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်း အဝေး စတုတ္ထနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဒေါ်ထု မေ၏  ခေတ်အဆက်ဆက် သဘာဝ ဘေးအန္တရာယ်များ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ လိုအပ်သော မြို့နယ်များတွင် ဘက်စုံအသုံးပြုနိုင်သော Cyclone Resistant Shelter များ လာမည့် ဘဏ္ဍာနှစ်အတွင်း လုံ လောက်စွာ တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်နှစ်အတွင်း တည် ဆောက်ပေးမည့် ဃပခူသညနှ့နူအနမ ၃၂ လုံးအနက် ၂၈ လုံးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် တည်ဆောက် ပေးမည်ဖြစ်ပြီး ကျန် လေးလုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ  လှူဒါန်းငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်တွင်လည်း ရခိုင်ပြည်နယ် အစိုးရ၏ အစီအစဉ်ဖြင့် ၁ဝ လုံး တည်ဆောက်ပေးခဲ့ကြောင်း သိရ သည်။

ရခိုင်ပြည်နယ် ပင်လယ်ကမ်းရိုး တန်းဒေသတစ်ခုဖြစ်ရာ နှစ်စဉ် နှစ်တိုင်း မုန်တိုင်းဒဏ်သင့်နေခံရ သည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ Cyclone Shelter များ အများ အပြားလိုနေသေးသည်။


ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.