23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းတောင်သဘာဝသယံဇာတစောင့်ကြည့်ရေး အဖွဲ့မှ သဘာဝသယံဇာတ ဥပဒေမူကြမ်းကို ချင်းပြည်နယ် လွှတ်တော်သို့ တင်သွင်းနိုင်ရန် ဆောင်ရွက်မည်

ချင်းပြည်နယ်အတွင်းမှ ထွက်ရှိသည့် မြေပေါ်မြေအောက် သယံဇာတများ၊ ပြည်နယ်ပြည်မခွဲဝေသုံးစွဲ ရေး၊ သဘာဝမြေပေါ်မြေအောက် သယံဇာတများ တရားမဝင်ထုတ်လုပ် ရောင်းဝယ်မှုကာကွယ်ရေး၊ သဘာဝ သယံဇာတထုတ်လုပ်မှုကြောင့် ဒေသ တွင်း  ထိခိုက်နစ်နာမှုများ၊ သဘာဝ သယံဇာတထုတ်လုပ်မှုမှ ရရှိမည့် ပြည်သူလူထုအတွက် အကျိုးအမြတ် ဖွံ့ဖြိုးမှု စသည့် အချက်အလက်များ ပါရှိသည့် ချင်းတောင်သဘာဝသယံ ဇာတများ ထုတ်လုပ်သုံးစွဲမှုနှင့် ပတ် သက်သည့် ဥပဒေ ပေါ်ထွန်းလာရေး အတွက် ရည်ရွယ်၍ ချင်းတောင်မြေ သဘာဝသယံဇာတ စောင့်ကြည်ရေး အဖွဲ့များ၊ ချင်းတိုင်းရင်းသား အရပ် ဖက်အဖွဲ့များ မိတ်ဖက်အဖွဲ့များ တွေ့ ဆုံရှင်းလင်းပွဲကို အောက်တိုဘာ ၂၂ ရက်က ကလေးမြို့မင်းကြီး ဟိုတယ် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ချင်း တောင် သဘာဝသယံဇာတစောင့် ကြည့်ရေးအဖွဲ့မှ ဦးတွမ်က ပြော သည်။

''ကျွန်တော်တို့ အနေနဲ့ ချင်း တောင်သဘာဝသယံဇာတထုတ်ယူ သုံးစွဲမှုစီမံခန့်ခွဲမှုဆိုင်ရာ မူဝါဒ၊ ဥပဒေပေါ်ထွန်းလာစေရေးအတွက် ရည်ရွယ်ပြီး ၂ဝဝ၃ ခုနှစ်ကစတင်ပြီး ဒေသတွင်း တိုင်းရင်းသားတွေနဲ့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပါတယ်။ ရရှိလာတဲ့အကြောင်းအရာတွေကို မူကြမ်းအဖြစ် ချင်းပြည်နယ် လွှတ် တော်ကိုတင်သွင်းနိုင်အောင် ကြိုးစား နေတာဖြစ်ပါတယ်။ အခု ကျွန်တော် တို့ ရရှိထားတဲ့ မူကြမ်းဟာ ပြည်သူ့ အသံ၊ ပြည်သူတွေရဲ့ ခံစားချက် အပိုင်းတွေကို ထုတ်ဖော်တင်ပြထား တာဖြစ်တဲ့အတွက် ဥပဒေပြုပညာ ရှင်တွေ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့ လွှတ် တော် ကိုယ်စားလှယ်တွေအတွက် အ ထောက်အကူပြုလိမ့်မယ်လို့ ယုံကြည် ပါတယ်''ဟု ချင်းတောင်သဘာဝ သယံဇာတစောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိတစ်ဦးက  ပြောသည်။

ချင်းတောင် သဘာဝသယံ ဇာတ စောင့်ကြည့်ရေးအဖွဲ့သည် ချင်း တိုင်းရင်းသား လူငယ်အများစုပါဝင် သည့် အရပ်ဖက်ပရဟိတ အဖွဲ့အစည်းဖြစ်ပြီး ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်မှ အစပြု၍ ပြည်သူအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လာခဲ့သည့် အဖွဲ့ အစည်းတစ်ရပ်ဖြစ်သည်။ ချင်းပြည်နယ်တွင် ယခုအခါ အရပ်ဖက်လူမှု ကူညီရေး အဖွဲ့ပေါင်း ၅ဝ ဝန်းကျင်ရှိ ကြောင်း၊ အချို့အဖွဲ့အစည်းများမှာ ကလေးမြို့တွင်း အခြေစိုက်ဆောင် ရွက်မှုရှိကြောင်း  ကလေးမြို့ ဒေသခံ ချင်းတိုင်းရင်းသားတစ်ဦးက ပြော သည်။

''ကျွန်တော်တို့ ချင်းတောင်မှာ အရပ်ဖက်အဖွဲ့အစည်းတွေ အား ကောင်းကောင်းနဲ့ ပြည်သူလူထု အကျိုးဆောင်ရွက်နေတာ ဝမ်းသာ စရာဖြစ်ပါတယ်။ နောက်တစ်ခုက ချင်းပြည်နယ်ရဲ့ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြနိုင်ပြီး ဥပဒေရေးရာ လွှတ်တော်ရေးရာတွေနဲ့ ချင်းပြည် နယ်အစိုးရပိုင်းအထိ ဝေဖန်ထောက် ပြနိုင် အကြံပြုနိုင်တယ်ဆိုတာကို လည်း ကြိုဆိုပါတယ်''ဟု ချင်းရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.