23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
လူမျိုးစုနှစ်ခုအပေါ် ဘက်လိုက်မဆောင်ရွက်ရန် ICRC ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သတိပေး

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သည့် ICRC အနေဖြင့် ရခိုင်ပြည်နယ်တွင်း ဆောင်ရွက်ရာတွင် လူမျိုးစုနှစ်ခုအပေါ် ဘက် လိုက်မဆောင်ရွက်ရန် ပြည်ဝန်ကြီး ချုပ် ဦးညီပုက သတိပေးလိုက်သည်။

ICRC အဖွဲ့မှ တာဝန်ရှိသူများ နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါ အဝင် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီး များနှင့် အောက်တိုဘာ ၁၉  ရက်၊ နေ့လယ်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်းမ၌ တွေ့ဆုံရာတွင် ယခုကဲ့ သို့ သတိပေးပြောကြားခဲ့ခြင်းဖြစ် သည်။

''ICRC အနေနဲ့ ရခိုင်ပြည်က နှစ် ဖက်လူ့အဖွဲ့အစည်းကို အကူအညီ ပေးရာမှာ ညီညီမျှမျှလုပ်ဆောင်ပေးဖို့ ပြောတယ်။ ICRC ကလည်း ရခိုင် ပြည်အတွင်း လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေနဲ့ ရှေ့ဆက်လုပ် ဆောင်သွားမယ့်ကိစ္စတွေကို တင်ပြခဲ့ ကြပါတယ်''ဟု ICRC နှင့် တွေ့ဆုံရာ တွင် ပါဝင်သည့် အစိုးရအဖွဲ့ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 ပြီးခဲ့သည့် စက်တင်ဘာလ ၂ဝ ရက်က စစ်တွေရှိ ဆတ်ရိုးကျချောင်း ထဲတွင် မောင်တောဒေသရှိ နေရပ် စွန့်ခွာသူများအား ကူညီပေးရန်ဟု ဆိုကာ ICRC က လူ့အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသော မော်တော်ဘုတ်တစ်စီးကို ဒေသခံများ က မသင်္ကာ၍ ဟန့်တားရာမှ လူစုလူ ဝေး ဖြစ်ပေါ်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် စစ်တွေ ဒေသခံ ၁ဝ ဦးမှာ ရဲတပ်ဖွဲ့၏ ဖမ်းဆီး ခြင်းကို ခံနေရပြီး အမှုရင်ဆိုင်နေရ ကြောင်းလည်း သိရသည်။


ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.