23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ကောင်းမွန်လာစေရေးအတွက် နှစ်နိုင်ငံကုန်သွယ်ရေးလမ်း အိန္ဒိယအစိုးရမှ ဖောက်လုပ်မည်

မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရှိလာစေရန် ရည်ရွယ်၍ တတိယမြောက်နယ်စပ်ကုန်သွယ်ရေး စခန်းဟုဆိုနိုင်သော မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် ပလက်ဝမြို့ နှင့် ဆက်စပ်လျက်ရှိသော အိန္ဒိယ နိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်၊ ၆၈ မိုင်အရှည်ရှိ နှစ်နိုင်ငံနယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းကို စတင် ဖောက်လုပ်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရရုံးမှ တာဝန်ရှိ တစ်ဦးက ပြောသည်။

''နယ်စပ်မှတ်တိုင် အမှတ် (၈) ကို ဖြတ်ပြီး နှစ်လမ်းသွားကားလမ်း အဖြစ် ဖောက်လုပ်မှာဖြစ်ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ သုံးခုမြောက်လမ်း ဖြစ်ပါတယ်။ မိုးလေဝသအခြေအနေ အရ  အချိန်တော့ယူရမယ်။ သူတို့ အဆိုအရ သုံးနှစ်ဝန်းကျင်မှာ အပြီး ဆောင်ရွက်မယ်လို့ ပြောတယ်''ဟု ချင်း ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဦးရွှေထီးအိုက ပြောသည်။

 မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးအတွက် ယခုဖောက်လုပ်မည့် လမ်းကြောင်း၊ လမ်းနယ်နိမိတ်တွင် ပါဝင်သည့် လယ်ယာမြေများ ဥယျာဉ်များနှင့် ပတ်သက်၍ ပြည်သူ လူထုနစ်နာမှုမရှိစေရန် ဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ် သက်၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်မြို့မိမြို့ဖတို့ ဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

''လမ်းဖောက်လုပ်ရေးနဲ့ ပတ်သက်လို့ လမ်းနယ်နိမိတ်မှာပါတဲ့ တောင်သူတစ်ရာဝန်းကျင်ရှိတယ် သိရတယ်။ တောင်ယာစိုက်သီးနှံပေါ် မူတည်ပြီး လျော်ကြေးပေးမယ်လို့ ဆွေးနွေးပါတယ်။ အဓိကကတော့ အခုနယ်စပ်ကုန်သွယ်ရေးလမ်းမကြီး ပြီးသွားရင် ကျွန်တော်တို့ ပလက်ဝ နယ်ဘက်က စိုက်ပျိုးအသီးအနှံတွေ ထွက်ကုန်တွေ အရောင်းအဝယ် လမ်းပွင့်သွားမှာဖြစ်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်''ဟု ပလက်ဝမြို့ မြို့မိမြို့ဖတစ်ဦးက ပြောသည်။

 မြန်မာနိုင်ငံချင်းပြည်နယ်နှင့် ဆက်စပ်နေသည့် မြန်မာ-အိန္ဒိယ နယ်စပ်မီဇိုရမ်၊ ချင်းပြည်နယ်အစပ် ကားလမ်းဖောက်လုပ်ပြီးစီးပါက ယင်း ကားလမ်းနှင့် ဆက်သွယ်သွားလာနိုင် သည့် ရိဒ်နယ်စပ်၊ ထန်တလန်နယ် စပ်၊ ပလက်ဝနယ်စပ်အထိ သွားလာ နိုင်မည်ဖြစ်ပြီး မြန်မာ-အိန္ဒိယနယ် စပ်တွင် တမူးနယ်စပ်၊ ရိဒ်နယ်စပ် ကုန်သွယ်ရေးပြီးလျှင် ပလက်ဝနယ် စပ်သည် အရောင်းအဝယ်အကောင်း ဆုံးနှင့် အစည်ကားဆုံးဖြစ်လာနိုင် ကြောင်း ယင်းမြို့မိမြို့ဖက ပြော သည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.