23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရှေးဟောင်း သုတေသနဌာနသို့ လာရောက်အပ်နှံသည့် ယဉ်ကျေးမှုအမွေအနှစ် အရေအတွက် ၁ဝဝဝ ကျော်ခန့် ရှိပြီး ပြတိုက်များတွင် ပြသထား

ရှေးဟောင်း သုတေသနဌာနသို့ ပြည်သူများ လာရောက်အပ်နှံခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် အရေအတွက်မှာ ၁ဝဝဝ ကျော်ခန့် အထိ ရှိနေပြီဖြစ်ပြီး အများပြည်သူ ကြည့်ရှုလေ့လာနိုင်စေရန်အတွက်  ရန်ကုန်နှင့် နေပြည်တော်ရှိ အမျိုး သားပြတိုက်များ၊ ဒေသဆိုင်ရာ ရှေး ဟောင်း သုတေသနပြတိုက်များ၊ တိုင်းဒေသကြီးများရှိ ပြတိုက်များတွင် သိမ်းဆည်းပြသထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာန၏ သတင်းများအရ သိရသည်။

အဆိုပါ ရှေးဟောင်း ယဉ်ကျေး မှု အမွေအနှစ်ပစ္စည်းများကို နိုင်ငံ တော်သို့ လာရောက်အပ်နှံပါက ရှေး ဟောင်းပစ္စည်းများ၏ မူလတန်ဖိုး ပေါ်တွင် ခေတ်ကာလ တန်ဖိုးနှင့် လက်ရာတန်ဖိုး ထပ်ဆောင်းချီးမြှင့် ပေးနေပြီး ရှေးဟောင်းပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားမဝင် ရောင်းချ ခြင်းများကို တည်ဆဲဥပဒေများအရ အရေးယူလျက်ရှိသည်။  မူလတန်ဖိုး၊ ခေတ်ကာလသတ်မှတ် တန်ဖိုး လက် ရာကြေးများ အပါအဝင် ဆုများပါ ထည့်သွင်းချီးမြှင့်ပေးသည့်စနစ်ဖြင့် စုဆောင်းခဲ့ရာ ယခုအချိန်အထိ လူ့ အသုံးအဆောင်ပစ္စည်းများ၊ လက် ဝတ်ရတနာ၊ ဒင်္ဂါးလက်နက် ပစ္စည်း များ၊ အထိမ်းအမှတ်ပစ္စည်းများ၊ ရုပ် တုများ၊ ဆင်းတုတော်များ အပါအဝင် အရေအတွက် ၁ဝဝဝ ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လာရောက် အပ်နှံခဲ့ သည့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများတွင် ပျူခေတ်ရွှေ နယားခေါင်း လက်ကြပ်၊ ပုဂံခေတ်ရွှေနော်ဇာကုံး  ဆွဲကြိုး၊ ပျူခေတ်ခေါင်းပွရွှေပုတီးစေ့ များ၊ ပျူခေတ်နွားလား ဥသဘဝပ်နေ ပုံ လက်စွပ်၊ ပျူခေတ်ရွှေ၊ ငွေဖြင့်ပြု လုပ်ထားသော ဗုဒ္ဓဆင်းတုတော်များ၊ လက်ဝတ်လက်စားများ ပါဝင်သည်။

မန်မာနိုင်ငံ၏ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက်ရှိ နှစ်ပေါင်း ၁ဝဝ နှင့် အထက်ရှိသည့် ကျောက်ဖြစ်ရုပ်ြ<ွကင်း အပါအဝင် လူ တို့ ပြုလုပ်သုံးစွဲခဲ့သော အရာဝတ္ထု များဖြစ်သော ရှေးဟောင်းဝတ္ထု ပစ္စည်းများကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်လေ့လာ သုတေသနပြု နိုင်ရန်အတွက် ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.