23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဒေသတွင် ကြက်သွန်ဈေးနှုန်းမြင့်တက် ကြက်သွန်နီအသစ်ပေါ်ချိန်အထိ ဈေးမြင့်တက်နိုင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ဒေသနှင့် ချင်းတောင်ဒေသတွင် ယခု ရက်ပိုင်း ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လျက်ရှိရာ ဒေသ တွင်းနှင့် ချင်းတောင်ကြက်သွန် ပေါ်ချိန်အထိ ဈေးနှုန်းများမြင့်တက် နေနိုင်ကြောင်း ကလေးမြို့ တာဟန်း ရပ်ကွက် လူထုကြက်သွန်နီပွဲရုံပိုင်ရှင် ဦးတင်ရွှေက ပြောသည်။

ကလေး-ချင်းတောင် ကြက်သွန် နီ ဈေးနှုန်းသည် ပြီးခဲ့သည့် စက်တင် ဘာလကုန် ရက်ပိုင်းအထိ ၁၈ဝဝ-၁၉ဝဝ ကျပ်ဝန်းကျင်အထိ တက်နေ ခဲ့သော်လည်း သီတင်းကျွတ်ရာသီဖြစ်သည့် အောက်တိုဘာလဆန်းပိုင်းမှ စတင်၍ ကြက်သွန်တစ်ပိဿာ ၂ဝဝဝ ကျပ်အထက်သို့ ရောက်ခဲ့ သည်။

''အခုရက်ပိုင်းကတော့ သီတင်း ကျွတ်ကာလဆိုတော့ အလှူပွဲ မင်္ဂလာ ပွဲတွေကလည်း ပေါတော့ဝယ်လိုအား များတယ်။ ဈေးကတော့ နှစ်ထောင် အထက်မှာပဲရှိတယ်။ အခုရက်ပိုင်း မုံရွာကြက်သွန်ကို လှမ်းမှာ ရောင်းနေ ရတာဆိုတော့ သယ်ယူစရိတ်နဲ့ ဒီ ဘက်မှာ ဈေးမြင့်နေတယ်၊ ချင်း တောင်ပေါ်မှာ တစ်ပိဿာ ၂၅ဝဝ ဝန်းကျင်မှာရှိတယ်''ဟု ယင်းက ပြော သည်။

ကလေးဒေသနှင့် ချင်းတောင် ဒေသတွင် ချင်းတောင်ထွက် ကြက်သွန်၊ ကလေးဒေသထွက် ကြက်သွန်၊ မုံရွာဘက်မှ တင်ပို့ရောင်းချသည့် ကြက်သွန်ဟူ၍ သုံးမျိုးရှိသည်။ ချင်း တောင်ထွက် ကြက်သွန်မှာ အလုံးလှ သော်လည်း ရေဓာတ်များသည့်အ တွက် ဒေသတွင်းလောက်သာ စားသုံးမှုများပြီး မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရပြည်နယ်နှင့် မီဇိုရမ်ပြည်နယ် များသို့ ပြန်လည်ရောင်းချမှုများ သည်။ ကလေးဒေသထွက် ကြက်သွန်မှာ မုံရွာ၊ မန္တလေးဒေသဘက်မှ ထွက်ရှိသည့် ကြက်သွန်ကဲ့သို့ဖြစ်ပြီး၊ နှစ်စဉ်ပိဿာချိန် သိန်းချီထွက်သည်။
ယခုရက်ပိုင်း ကလေးမြို့ပေါ် တွင် မုံရွာဘက်မှလာသော ကြက် သွန် တစ်ပိဿာလျှင် ၂၁ဝဝ-၂၂ဝဝ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေ ပြီး၊ ချင်းတောင်ကြက်သွန်၊ ကလေး ကြက်သွန်မှာ လာမည့် ဒီဇင်ဘာလ ဆန်းဝန်းကျင်တွင် ပေါ်မည်ဖြစ် ကြောင်း သိရသည်။

ကလေးဒေသတွင် ကြက်သွန်ကို ကလေးမြို့ မြောက်ပိုင်းကျောင်းတိုက်၊ ဆည်တော်ဦး၊ သဖန်းအိုင်၊ တောင်ဖီ လာ၊ ဇရပ်ခုံ၊ ကြိုသုံးပင်၊ စည်ပင်ကြီး စသည့် ကျေးရွာများတွင် အကြီးအ ကျယ် စိုက်ပျိုးမှုရှိပြီး ချင်းတောင် ကြက်သွန်ကို ဖလမ်းမြို့နယ်ဘား လုမ်၊ လာသီး၊ ဘွဲလ်ခွား၊ ဖိုင်ဇော၊ လုမ်းဟော့ဒေသများတွင် စိုက်ပျိုးမှု များကြောင်း သိရသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.