23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်တွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိရန် ကျန်ရှိသည့်မြို့များအနက် ပေါက်တောနှင့် မြေပုံမြို့ စတင်ရရှိ

ရခိုင်တွင် မဟာဓာတ်အားလိုင်း မှ လျှပ်စစ်မီး ၂၄ နာရီရရှိရန် ကျန်ရှိ သည့်မြို့များအနက် ပေါက်တောနှင့် မြေပုံမြို့ စတင်ရရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့နှစ်မြို့ရှိ မြို့ပေါ်ရပ် ကွက်များတွင် အောက်တိုဘာလ ပထမပတ်မှစတင်ရရှိနေခြင်းဖြစ်သည်။

''လောလောဆယ်တော့ မြို့ပေါ် ရပ်ကွက်တွေပဲ ပေးနိုင်ပါသေးတယ်။ အနီးအနားရွာတွေကိုလည်း ပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေ ပါတယ်''ဟု ပေါက်တောမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မျိုး ဝင်းက ပြောသည်။

လက်ရှိတွင် အဆိုပါ မြို့နှစ်မြို့ ရှိ မြို့ပေါ်ရပ်ကွက်တွင် လျှပ်စစ်မီး ၂၄ နာရီသုံးစွဲရသည်မှာ အဆင်ပြေ ကြောင်းလည်း မြို့ခံများက ပြောသည်။

 ''လျှပ်စစ်မီးတွေ သုံးစွဲလာနိုင်ပြီ ဖြစ်တဲ့အတွက်၊ ဒေသတွင်း အသေး စား စက်မှုလုပ်ငန်းတွေဖြစ်ပေါ်လာ မှာဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးကို လည်း ဖြစ်ပေါ်စေမယ်လို့ ထင်ပါ တယ်''ဟု မြေပုံမြို့မှ ဒေသခံတစ်ဦး က ပြောသည်။

၁၇ မြို့နယ်ရှိသည့် ရခိုင်ပြည် နယ်တွင် မြို့အများစုသည် မဟာ ဓာတ်အားလိုင်းနှင့် အခြားဓာတ်အား လိုင်းများမှ လျှပ်စစ်မီး ၂၄ နာရီရရှိ နေပြီဖြစ်ပြီး မောင်တော၊ ဘူးသီး တောင်၊ ရသေ့တောင်နှင့် မာန်အောင် မြို့များ လျှပ်စစ်မီးရရှိရန် ကျန်သေး ကြောင်းလည်း သိရသည်။

ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.