1051_Cov.jpg
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
နတ်မတောင်အမျိုးသား ဥယျာဉ်(ခေါ်နူးစုမ်) တွင် အမှိုက်ပုံးများ ချထားပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1051
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဝ-ယာကြီးလမ်းကို ပွင့်လင်းရာသီတွင် အိန္ဒိယချေးငွေဖြင့် အဆင့်မြှင့်တင်ပြုပြင်မည်

မြန်မာ-အိန္ဒိယနယ်စပ် ကုန် စည်ပို့ဆောင်ရေးတွင် အဓိကကျပြီး တမူး-ကလေး-ကလေးဝ-မုံရွာ ဆက် သွယ်ရေးအတွင်း လမ်းကြောအနီးဆုံး ဖြစ်သည့် ကလေးဝ-ယာကြီးလမ်း ၁၁၅ မိုင်ကို အိန္ဒိယနိုင်ငံ ချေးငွေဖြင့် အဆင့်မြှင့်တင်ပြုပြင်တော့မည်ဖြစ်ပြီး သုံးနှစ်နှင့်အပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကလေးခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် က အောက်တိုဘာ ၁၈ ရက်က ပြော သည်။

''ကလေးဝ-မုံရွာ လမ်းပိုင်းမှာ ပုဂ္ဂလိက ကန်ထရိုက်ပေးထားတဲ့ နေရာတွေရှိပါတယ်။ အခုအိန္ဒိယချေး ငွေနဲ့ အဆင့်မြှင့်တင်ပြုပြင်မယ့် လမ်းပိုင်းက ပုဂ္ဂလိကတွေ လုပ်ကိုင် ခြင်းမရှိတဲ့ ကျန်လမ်းပိုင်း ၇၅ မိုင်ကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လောလောဆယ်လမ်းတိုင်းထွာမှုတွေ လုပ်ဆောင်နေပါပြီ''ဟု ယင်းက ပြော သည်။

ကလေးဝ-ယာကြီးလမ်း ၇၅ မိုင် ကို အိန္ဒိယနိုင်ငံချေးငွေ ရူပီသန်း ၂၈ဝ ဖြင့် အဆင့်မြင့်တင်ပြုပြင်သွား မည်ဖြစ်ရာ ယခုနှစ်မှစတင်၍ သုံး နှစ်အတွင်းအပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ကလေးဝ- ယာကြီးလမ်းသည် တမူး-ကလေး- မုံရွာ ဆက်သွယ်သွားလာရေးတွင် လမ်းကြောင်းအတိုဆုံးဖြစ်ပြီး ယင်း လမ်းကောင်းမွန်မှုမရှိသည့်အတွက် ကလေး၊ ချင်းတောင်၊ တမူး-မုံရွာ ဆက်သွယ်သွားလာသည့် ခရီးသည် တင်၊ ကုန်တင်ကားအားလုံး ဂန့်ဂေါ ပတ်လမ်းမှ သွားလာနေကြရသည်။ ကလေး-ဂန့်ဂေါလမ်းမှာ မိုင် ၂ဝဝ ဝန်းကျင်ဝေးပြီး ကလေး-ကလေးဝ မဟာမြိုင်ဖြတ်လမ်းဖြစ်သည့် ရေဦး- ကလေးဝလမ်းမှာ ၁၆၅ မိုင်ဝေး သည်။

ယခု အိန္ဒိယနိုင်ငံချေးငွေဖြင့် ဆောင်းရွက်မည့် ကလေးဝ- ယာကြီး လမ်းကောင်းမွန်လာပါက မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေး စခန်း များဖြစ်သည့် ရိဒ်၊ တမူးနယ်စပ်ကုန် စည်များ အချိန်တိုအတွင်း ပို့ဆောင် ပေးနိုင်မည်ဖြစ်သည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.