23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
လွန်ခဲ့သည့် စက်တင်ဘာလအတွင်းက တာချီလိတ်၊ မြဝတီ၊ စစ်တွေနှင့် ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ခဲ့

လွန်ခဲ့သည့် စက်တင်ဘာလအ တွင်းက တာချီလိတ် မြဝတီ၊ စစ်တွေ နှင့် ကော့သောင်းနယ်စပ် ကုန်သွယ် ရေးစခန်းများမှ  ကုန်သွယ်မှုလုပ်ငန်း များအား ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရ သည်။

တာချီလိတ်နယ်စပ်ကုန်သွယ် ရေး စခန်းမှ ပို့ကုန် တန်ဖိုးအမေရိ ကန်ဒေါ်လာ သုည ဒသမ ၉၅၆ သန်း၊ သွင်းကုန်တန်ဖိုးမှာ အမေရိ ကန်ဒေါ်လာ ၈ ဒသမ ၃၁၆ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၇၂ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့သဖြင့် အနီး စပ်ဆုံးကာလဖြစ်သည့် သြဂုတ်လ ကုန်သွယ်မှုနှင့် နှိုင်းယှဉ်ပါက ကုန် သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၄၁ သန်း ပိုမိုဆောင်ရွက် နိုင်ခဲ့သလို ယမန်နှစ် ကာလတူဖြစ် သည့် စက်တင်ဘာလကုန်သွယ်မှု ထက်လည်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၇၇ သန်း ပိုမို ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

 မြဝတီ နယ်စပ်ကုန်သွယ်ရေး စခန်း၏ ကုန်သွယ်မှုပမာဏမှာ ပို့ ကုန် အမေရိကန်ဒေါ်လာ ၁ဝ ဒသမ ဝ၆၉ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၇၂ ဒသမ ၇ဝ၂ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၇၇၁ သန်းဖိုးဆောင်ရွက်နိုင်ခဲ့ ရာ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ် ပါက ကုန်သွယ်မှုပမာဏ အမေရိ ကန် ဒေါ်လာ ၁ ဒသမ ၆၆၆ သန်း ပိုမိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းမှ ပို့ကုန်လျာထားချက်မှာ အမေရိကန် ဒေါ်လာ သုညဒသမ ၂ သန်း၊ သွင်းကုန် လျာထားချက်မှာ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၅ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ် လာ သုည ဒသမ ၂၅ သန်းဖြစ်သည်။ သို့သော် စက်တင်ဘာလအတွင်းတွင် ပို့ကုန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၈ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၁ သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၈၂၉ သန်း ဖိုးအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

 ကော့သောင်းနယ်စပ် ကုန်  သွယ်ရေးစခန်းမှလည်း ပို့ကုန် အမေ  ရိကန်ဒေါ်လာ ငါးသန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ခုနစ်သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ  ၁၂ သန်း လျာထားဆောင်ရွက်ခဲ့ရာ အဆိုပါ လျာထားချက်အပေါ် အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိ ကန်ဒေါ်လာ ၁၁ ဒသမ ၇၄၅ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၄၈ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅၉၃ သန်းဖိုး ဆောင်ရွက်နိုင်ခဲ့ရာ အနီးစပ်ဆုံးကာလဖြစ်သည့် သြဂုတ် လထက်ကုန်သွယ်မှုပမာဏ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၁၂၇ သန်းနှင့် ယခင်နှစ်ကာလတူဖြစ်သည့် စက် တင်ဘာလထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၃ သန်းပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။  

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.