23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
၇ဝ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျင်းပပြုလုပ်မည်

၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် ကျရောက်သည့် အ ကြိမ် ၇ဝ မြောက် ချင်း အမျိုးသားနေ့ ကို ချင်းပြည်နယ်မြို့တော် ဟားခါး တွင် ကျင်းပပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း ချင်းပြည်နယ် အစိုးရရုံး တာဝန်ရှိ တစ်ဦးက အောက်တိုဘာ ၁၈ ရက်က ပြောသည်။

ချင်းအမျိုးသားနေ့ကို ယခင်က ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ မြို့တွင် ပြုလုပ်ကျင်းပရန် သတ်မှတ် မှုများရှိခဲ့သော်လည်း ချင်းအမျိုးသား နေ့ပွဲတော် ကျင်းပရေး၊ ပြည်တွင်း ပြည်ပ ဧည့်များသွားလာနေထိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ မှုများကြောင့် ယခုနှစ်တွင် ချင်းပြည် နယ်မြို့တော်ဟားခါးတွင် ကျင်းပရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

''ချင်းအမျိုးသားနေ့ကို ပလက်ဝ မြို့မှာ လုပ်ဖို့ပါပဲ။ ဒါပေမယ့် ပွဲတော် ကျင်းပရမယ့်နေရာ၊ လေယာဉ်ဆင်းဖို့ နေရာတွေ အခက်အခဲရှိတယ်။ ပြီး တော့ ပွဲကျင်းပပြီဆိုရင် ပြည်တွင်း ပြည်ပ ဧည့်တွေလာမယ်။ နေရေး ထိုင်ရေး စားရေးသောက်ရေး အဆင် ပြေဖို့ လိုတယ်။ အခုဘာမှမပြည့်စုံ သေးဘူးဖြစ်နေတယ်။ နောက်နှစ်များ မှာ အချိန်ယူပြုလုပ်ကျင်းပဖို့ အစီ အစဉ်ရှိပါတယ်''ဟု ယင်းက ပြော သည်။

ချင်းပြည်နယ်တွင် ချင်းအမျိုး သားနေ့ကို ၁၉၅၁ ခုနှစ်တွင် ပထမ အကြိမ် ချင်းအမျိုးသားနေ့အဖြစ် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ တွင် ပြုလုပ်ကျင်းပခဲ့ရာ ထိုစဉ်က နိုင်ငံတော် ဝန်ကြီးချုပ်ဦးနုတက် ရောက်ချီးမြင့်ခဲ့သည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းချင်းအမျိုးသားနေ့ကို ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ အစိုးရ သစ် လက်ထက် ၂ဝ၁၇ ခုနှစ်၊ ၆၉ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဖလမ်းမြို့တွင် ပြုလုပ်ခဲ့ပြီး နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော် တက် ရောက် ချီးမြှင့်ခဲ့သည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.